ဗိုက်တာမင် D အနှစ်ချုပ် ( Vitamin D Summary )
နေရောင်ခံလိုက်တဲ့အခါ အရေပြားက ဗိုက်တာမင် D ထုတ်ပေးနိုင်ပါတယ်။ ကိုယ်အရိပ်က ကိုယ့်အရပ်ထက်တိုနေချိန်မှာ နေရောင်ခံဆေး မလိမ်းပဲ အရေပြားကို နေရောင်နဲ့ တိုက်ရိုက်ထိတွေ့မှ ဗိုက်တာမင် D လုံလောက်အောင်ရမည်လို့ ဗိုက်တာမင် D ကောင်စီက ပြောပါတယ်။ ဗိုက်တာမင် D ကို လူတွေရဲ့ အဆီဆဲလ်တွေထဲမှာ သိုလှောင်ထားနိုင်ပါတယ်။
1. ဗိုက်တာမင် D နှင့် ပါရာသိုင်းရွိုက်ဟိုမုန်း (parathyroid hormone) က ထိန်းသိမ်းပေးပြီး အရိုးကျန်းမာရေးကို အကျိုးပြုပါတယ်။
2. COVID -19 အပါအဝင် ဗိုင်းရပ်ပိုးခွံရှိတဲ့ enveloped ဗိုင်းရပ်ကူးစက်မှု ကာကွယ်ကုသမှုအပေါ် ဗိုက်တာမင် D က အကျိုးသက်ရောက်မှု ရှိတယ်ရေးပါတယ်။
3. ဗိုက်တာမင် D ရဲ့ immune modulatory effect ကြောင့် အော်တိုအင်မြူးသိုင်းရွိုက်ရောဂါတွေကို ရောဂါသက်သာစေတယ်လို့ Izabella Wentz PharmD ရဲ့ Hashimoto's Thyroiditis စာအုပ်မှာ ရေးပါတယ်။
5. ကြွက်သားထဲက အဆီကို ဖယ်ထုတ်ချင်လျှင် သွေးထဲမှာ ဗိုက်တာမင် D ပမာဏ 50 nglml အထက် ရှိသင့်တယ်လို့ပါတယ်။ ဗိုက်တာမင် D က ကျားဟိုမုန်း ( testosterone ) ထုတ်လုပ်မှုကို မြင့်တက်စေပါတယ်။
ဗိုက်တာမင် D2 ( Ergocalcifero )ကို အပင်ကရပါတယ်။ ဗိုက်တာမင် D3 ( cholecalciferol ) ကို တိရစ္ဆာန်ကရပါတယ်။
1. ဗိုက်တာမင် D ရဲ့ recommended daily amount က 400 international units (IU) ဖြစ်ပါတယ်။
2. ဗိုက်တာမင် D ရဲ့the daily upper limit ဖြစ်တဲ့ 100 mcg (4,000 IU)ပါ။
3. Institute of Medicine (IOM) က 4000 IU အထိ အများဆုံးသောက်နိုင်တယ်လို့ပြောပါတယ်။
4. ဗိုက်တာမင် D ကောင်စီက အရွယ်ရောက်ပြီး လူတစ်ယောက် တစ်နေ့သောက်ရမဲ့ ဗိုက်တာမင် D ပမာဏကို 5000 IU သတ်မှတ်ပါတယ်။
5. ဗိုက်တာမင် D 200 ng/ml ကျော်လာလျှင် ပျို့အန်ခြင်း၊ ဆီးခဏခဏသွားခြင်း၊အရိုးတွေနာခြင်းတွေဖြစ်လာပြီး ဗိုက်တာမင် D အဆိပ်သင့် လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
ဒေါက်တာ ဖြိုးမောင်မောင်
ရည်ညွှန်း
No comments:
Post a Comment