Twitter Bird Gadget

Sunday, October 11, 2020

ရိုးသွားစွာယှဉ်ပြိုင်ပါ

 မြန်မာပြည်မှာ...

လူတစ်ဦးတည်းက ဆုံးဖြတ်တာ မကောင်းဘူးလို့ ဝေဖန်နေသူဟာ
သူတစ်ဦးတည်းက အဖွဲ့အစည်းတစ်ခုလုံးကို တစ်သွေး တစ်သံ တစ်မိန့် ချုပ်ကိုင်ထားတဲ့အပြင် အမတ် ၂၅ % နဲ့ ဝန်ကြီး ၃ ပါးကိုပါ ခေါင်းခေါက်ရွေး ကြိုးဆွဲနေသူပဲ။
💀
မြန်မာပြည်မှာ...
ပြည်သူကို အနှိပ်စက်ဆုံး ကောင်တွေဟာ
ပြည်သူကို ကာကွယ်ပေးနေတယ်ဆိုတဲ့ ကောင်တွေပဲ။
💀
မြန်မာပြည်မှာ...
လာဘ်အစားဆုံး ကောင်တွေဟာ
"လာဘ်ပေး ရန်မလို လိုင်းကြေးမျို" နေတဲ့ ကောင်တွေပဲ။
💀
မြန်မာပြည်မှာ...
ဥပဒေကို လက်တစ်လုံးခြား အလုပ်ဆုံး ကောင်တွေဟာ
ဥပဒေကို အသက်သွင်းပေးရမယ့် တာဝန်ရှိတဲ့ ကောင်တွေပဲ။
💀
မြန်မာပြည်မှာ...
အခိုးဆုံး ကောင်တွေဟာ
ဖြူစင်သန့်ရှင်းမှုကို သစ္စာဆိုရဲတယ်ဆိုတဲ့ ကောင်တွေပဲ။
💀
မြန်မာပြည်မှာ...
အာဏာအမက်ဆုံး ကောင်တွေဟာ
ပါတီနိုင်ငံရေး မလုပ်၊ အမျိုးသားနိုင်ငံရေးပဲ လုပ်တယ်ဆိုတဲ့ ကောင်တွေပဲ။
💀
မြန်မာပြည်မှာ...
ဓားပြအတိုက်ဆုံး ကောင်တွေဟာ
ရယူလိုမှု အနည်းဆုံးဆိုတဲ့ ကောင်တွေပဲ။
💀
မြန်မာပြည်မှာ...
တိုင်းပြည် အဖျက်ဆုံး ကောင်တွေဟာ
တိုင်းပြည်ကို ကယ်တင်ခဲ့တယ်ဆိုတဲ့ ကောင်တွေပဲ။
💀
မြန်မာပြည်မှာ...
ပြည်သူ့နဖူး သိုက်အတူးဆုံး ကောင်တွေဟာ
ပေးဆပ်မှု အများဆုံးလို့ ကြုံးဝါးနေတဲ့ ကောင်တွေပဲ။
💀
မြန်မာပြည်မှာ...
အကြောက်တတ်ဆုံး ကောင်တွေဟာ
ယောကျ်ားကောင်းတွေလို့ ကြုံးဝါးနေတဲ့ ကောင်တွေပဲ။
💀
မြန်မာပြည်မှာ...
စီးပွါးရေး လက်ဝါးကြီး အအုပ်ဆုံး ကောင်တွေဟာ
အနစ်နာအခံဆုံးဆိုတဲ့ အဖွဲ့အစည်းက ကောင်တွေပဲ။
💀
မြန်မာပြည်မှာ...
ဥပဒေမဲ့ တရားလက်လွတ် အလုပ်ဆုံး ကောင်တွေဟာ
ဥပဒေ အကာအကွယ်ကို အထပ်ထပ် အယူထားဆုံး ကောင်တွေပဲ။
💀
မြန်မာပြည်မှာ...
နိုင်ငံပိုင်မြေ အသိမ်းဆုံး ကောင်တွေဟာ
အမိမြေကို တစ်လက်မမှ အထိမခံဘူးဆိုတဲ့ ကောင်တွေပဲ။
💀
မြန်မာပြည်မှာ...
အချင်းချင်း အသတ်ဆုံး ကောင်တွေဟာ
ငြိမ်းချမ်းရေး လိုလားလွန်းလှပါတယ်ဆိုတဲ့ ကောင်တွေပဲ။
💀
မြန်မာပြည်မှာ...
အချမ်းသာဆုံး ဖြစ်လာတဲ့ ကောင်တွေဟာ
အရင်က သေမထူးနေမထူး သူတောင်းစားသာသာ ကောင်တွေပဲ။
💀
မြန်မာပြည်မှာ...
ပရမ်းပတာ အလုပ်ဆုံး ကောင်တွေဟာ
စည်းစနစ်အကျဆုံးဆိုတဲ့ အင်စတီကျူးရှင်းတွေက ကောင်တွေပဲ။
💀
မြန်မာပြည်မှာ...
မျိုးချစ်စိတ် မရှိဆုံး ကောင်တွေဟာ
ဆန္ဒပြစားနေတဲ့ မျိုးချစ်အမည်ခံ ကောင်တွေပဲ။
💀
မြန်မာပြည်မှာ...
အမျိုး ဘာသာ သာသနာ အဖျက်ဆုံး ကောင်တွေဟာ
အမျိုး ဘာသာ သာသနာကို ပါးစပ်ဖျားက မချတဲ့ ကောင်တွေပဲ။
💀
မြန်မာပြည်မှာ...
အဆဲအသန်ဆုံး အမိုက်ရိုင်းဆုံး ကောင်တွေဟာ
မေတ္တာအခြေခံတဲ့ ဗုဒ္ဓသာသနာကို ကာကွယ်မယ်ဆိုတဲ့ ကောင်တွေပဲ။
💀
မြန်မာပြည်မှာ...
အယူအသီးဆုံး အမြင်အကျဉ်းဆုံး ကောင်တွေဟာ
အယူမှန် အမြင်ကျယ်တဲ့ ထေရဝါဒကို အမျိုးသားရေး ကွယ်နေတဲ့ ကောင်တွေပဲ။
💀
မြန်မာပြည်မှာ...
အမုန်းမီး အတောက်ဆုံး ကောင်တွေဟာ
ဗြဟ္မစိုရ်လေးပါး ဗုဒ္ဓတရားကို ဘုရားစူး ကြည်ညိုတဲ့ ကောင်တွေပဲ။
💀
မြန်မာပြည်မှာ...
ဘာသာခြားတွေကို စော်ကားနေတဲ့ ကောင်တွေဟာ
ဘုရားဟော တရားတွေကို နေ့တိုင်း ရှဲနေတဲ့ ကောင်တွေပဲ။
💀
မြန်မာပြည်မှာ...
ဘာသာ သာသနာ ပျောက်တော့မယ်လို့ စွပ်စွဲနေတဲ့ ကောင်တွေဟာ
တရား မသိ၊ တရားလည်း မရှိဘဲ ဒုဋ္ဌဂါမဏိ ဂျင်းတရားကို ယုံနေတဲ့ ကောင်တွေပဲ။
💀
မြန်မာပြည်မှာ...
ထောင်ထွက်တွေ ဘာမှ မတတ်ဘူးလို့ စောက်ဆရာကြီး လုပ်နေတဲ့ ကောင်တွေဟာ
လေးတန်းမအောင်တဲ့ အနူတောမှာမှ လူချောလုပ်နိုင်တဲ့ တတိယအင်အားစုဆိုတဲ့ ကောင်တွေပဲ။
💀
မြန်မာပြည်မှာ...
ဒီမိုကရေစီ၊ ဖက်ဒရယ်၊ မီဒီယာ လွတ်လပ်ခွင့်နဲ့ ပြည်သူ့ထောက်ခံမှု စသည် အာရွှီးနေတဲ့ ကောင်တွေဟာ
ဘဲဥမကွဲ လွန်ကြေကွဲ မဲရှုံးရင်ခံ စောက်ကျင့်တန်လို့ ပြည်သူတွေ အဖက်မလုပ်တဲ့ တတိယအင်အားစုဆိုတဲ့ ကောင်တွေပဲ။
💀
မြန်မာပြည်မှာ...
ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေး၊ လူမျိုးရေး ကဏ္ဍပေါင်းစုံမှာ ဝင်ဖောင်းထုနေတဲ့ ကောင်တွေဟာ
လူတောထဲ ချမပြရဲတဲ့ ဘွဲ့စုတ်ဘွဲ့ပြတ် အားကိုးပြီး ဆရာကြီးပုံ ဖမ်းနေတဲ့ တတိယအင်အားစုဆိုတဲ့ ကောင်တွေပဲ။
💀
မြန်မာပြည်မှာ...
မိန်းမတစ်ယောက်ကို အကောင်းမမြင် အစဉ်အမြဲ အပုပ်လိုက်ချနေတဲ့ ကောင်တွေဟာ
ယောကျ်ားတစ်ယောက်ရဲ့ ကပ်ပယ်အိတ်အိတ်ကို မျက်စိမှာ အစုံလိုက် အုပ်ခံထားရတဲ့ ကောင်တွေပဲ။
💀
မြန်မာပြည်မှာ...
မိန်းမတစ်ယောက်ရဲ့ ဉာဏ်ရည်ဉာဏ်သွေးကို လှောင်ပြောင် မေးခွန်းထုတ်နေတဲ့ ကောင်တွေဟာ
ယောကျ်ားတစ်ယောက်ရဲ့ သုက်သွေးနဲ့ ဦးနှောက် အားဖြည့်နေရတဲ့ ကောင်တွေပဲ။
💀
မြန်မာပြည်မှာ...
မိန်းမတစ်ယောက်ကို ဘယ်နားမှ မယှဉ်နိုင်လို့ မနာလိုစိတ် ငယ်ထိပ်ကပ်နေတဲ့ ကောင်တွေဟာ
ယောကျ်ားတစ်ယောက်ရဲ့ ကြိမ်တို့ရာ နာခံနေရတာကို အရာရာ လုပ်တတ်သလိုလို ထင်ယောင်ထင်မှား ဘဝင်ရူးနေတဲ့ ကောင်တွေပဲ။
💀
မြန်မာပြည်မှာ...
မိန်းမတစ်ယောက်အပေါ် အပြစ်မှန်သမျှ လွှဲချနေတဲ့ ကောင်တွေဟာ
ယောကျ်ားတစ်ယောက်က ယောကျ်ားချင်း မုဒိမ်းကျင့်နေတာကိုကျ အပြစ်မတင်ရဲဘဲ အံကြိတ်ခံရင်း ဖီးတက်နေတဲ့ ကောင်တွေပဲ။
💀
မြန်မာပြည်မှာ...
မိန်းမတစ်ယောက်ကို ကြောက်လွန်းလို့ မတရားဥပဒေတွေနဲ့ တားဆီးနေတဲ့ ကောင်တွေဟာ
ယောကျ်ားတစ်ယောက်က ကြိုးကိုင်ထားတဲ့ သတ်ရဲ ဖြတ်ရဲပါတယ်ဆိုတဲ့ အဖွဲ့အစည်းကြီးက ကောင်တွေပဲ။
💀
မြန်မာပြည်မှာ...
ဒီလို မျက်စိလည်ချင်စရာ ရှုပ်ထွေးလှတဲ့ နိုင်ငံရေး ကပြောင်းကပြန် မှိုင်းတိုက်ခံရတဲ့ကြားက သာမန်ပြည်သူတွေတောင် အမြဲမှန်မှန်ကန်ကန် သုံးသပ်ဆုံးဖြတ်ပြီး ချေးစိမ်းထုပ်တွေကို လက်သန်းနဲ့ တောက်ချနေနိုင်တာဟာ
ပုံသေနည်းအတိုင်း မပြောင်းမလဲ ဉာဏ်မဲ့ ယုတ်မာ အခွက်ပြောင်စွာ ပြုမူ ပြောဆို ကျင့်ကြံရုံကလွဲရင် မိန်းမတစ်ယောက်ကိုတောင် အဖြောင့်အတိုင်း ရိုးသွားစွာ မယှဉ်နိုင် မယှဉ်တတ်မှန်း သိသာနေတဲ့ ဖွတ်တူ ကြံ့တူ ကောင်တွေမို့လို့ပဲ။
Shwe Yu
Ei Mon Mon Aung, Myint Myint and 9 others

No comments:

Post a Comment