ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၉ လောက်က စပြီး ၁၅ နှစ်လောက် အကျယ်ချုပ်ဘဝနဲ့ ထိန်းသိမ်းခံခဲ့ရတယ်။ ထိန်းသိမ်းပြီး အေးအေးဆေးဆေး ထားတာ မဟုတ်ဘူး။ နိုင်ငံပိုင် သတင်းစာတွေ၊ ရုပ်မြင်သံကြားတွေကနေ ဒေါ်အောင်ဆန်းစုကြည်ကို ကုလားမယား၊ မျိုးဖျက်မ၊ တိုင်းပြည်သစ္စာဖောက် ပုဆိန်ရိုး စတဲ့ ယုတ်ယုတ်မာမာ စွပ်စွဲချက်တွေကို နေ့စဉ် ဆောင်းပါးတွေ ကာတွန်းတွေနဲ့ အပုပ်ချ ထုတ်လွှင့်ဖေါ်ပြခဲ့တယ်။ နှစ်ပေါင်းများစွာပါပဲ။ ဒါပေမယ့် အမေစု ပါးစပ်က ဒါကို အရေးလုပ် ပြောဘူးတာ ကြားဖူးလား။
လူတယောက်ဟာ နိုင်ငံရေး အသိပညာ ဘယ်လောက်တော်နေနေ၊ ပြည်သူကို ငါလောက်မတတ်ဘူးလို့ မတွေးရဘူး။ နိုင်ငံရေးဟာ ဆရာဝန်ပညာမဟုတ်ဘူး၊ အက်ဂျင်နီယာ ပညာ မဟုတ်ဘူး။ ဘာ့လို့လဲဆိုတော့ အဲဒီ (ငါလောက်မှ မတတ်ဘူးဆိုတဲ့ ပြည်သူကပဲ ခင်ဗျားတို့ကို ရွေးချယ်မှာ မိုလို့ပဲ)
ပြောရရင် ပြည်သူဆိုတာ ဘယ်တုန်းကမှ ရွေးချယ်မှု မမှားခဲ့ဘူး။ ခင်ဗျားတို့ မတော်လို့ မရွေးတာ မဟုတ်ဘူး။ ခင်ဗျားတို့ စေတနာကို မြင်လို့။ ဒါတွေက ရွေးကောက်ပွဲကျ သိလိမ့်မယ်။ နိုင်ငံရေးပညာ ငါပဲသိလို့ ငါပဲပြောရမယ်။ မင်းတို့ တိတ်တိတ်နေ ဆိုတာမျိုး လုပ်ချင်ရင် ကျဆုံးမှာပဲ။
ဥပမာ ခီမောင်နှံကြည့်။ သူတို့သည် အနုပညာရှင်ပဲ။ နိုင်ငံရေး သမား မဟုတ်ဘူး။ ဒါပေမယ့် လိုအပ်လာရင် ပြည်သူအတွက် မဲဆွယ်ပေးတယ်။ သူတို့ ယုံကြည်ရာကို ရဲရဲ လုပ်တယ်။ နင်တို့ နိုင်ငံရေး ပညာမတတ်လို့ ဝင်မပါနဲ့ ပြောချင်ပြောလေ။ ဒါပေမယ့် သူတို့မဲဆွယ်တာ တဝက်တောင် ခင်ဗျားတို့ နံနံရေးသမား ပညာတတ်ကြီးတွေ ပေါက်ရောက်မယ် မထင်လေနဲ့
နိုင်ငံရေးမှာ ပြည်သူအဓိက ဆိုတာကို ရင်ထဲက သဘောပေါက်မှ ရွေးကောက်ပွဲ ဝင်ပါ ငါ့ညီတို့ရေ။ မင်းတို့ တိုက်ခိုက်နေတဲ့ အမေစုဟာ ပြည်သူကို ဘယ်တုန်းကမှ မစော်ကားခဲ့ဘူး
No comments:
Post a Comment