Twitter Bird Gadget
Showing posts with label ဆက်သွယ်ရန်. Show all posts
Showing posts with label ဆက်သွယ်ရန်. Show all posts

Sunday, November 23, 2014

ပင်လုံ အမွေအနှစ်၏ ကျေးဇူးတရားများ

တိုင်းရင်းသားလူမျိုးများ ၏ ပြည်ထောင်စု အရေး


တိုင်းရင်းသားလူမျိုးများ က နှစ်ပေါင်း (၆ဝ) ကျော် တစိုက်မတ်မတ်တောင်းဆိုလာခဲ့ကြသည်မှာ မိမိတို့ဆုံးရှုံးခဲ့ရသော ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင် ပြဋ္ဌာန်း ပိုင်ခွင့် တို့ကို ပြန်လည်ရရှိိရေး ဖြစ်သည်။ ယနေ့ကာလတွင် တိုင်းရင်းသားလူမျိုးများ ၏ အခွင့်အရေးများကို နိုင်ငံရေးအရ အာမခံချက် ရှိ သော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု စနစ်အားဖြင့် သာလျင် ဖေါ်ဆောင် နိုင်မည် ဖြစ်ကြောင်း၊ ထာဝရ ငြိမ်းချမ်းရေး ကိုလည်း ဖက်ဒရယ်ပြည်ထောင်စု ကိုတည်ဆောက်မှသာ ရရှိနိုင်မည်ဖြစ်ကြောင်း ပြည်တွင်း မီဒီယာများ၊ နိုင်ငံရေးပါတီများ၊ (ဂဂ) မျိုးဆက်များ က ပြောဆို ရေးသား လာကြသည်။ လက်ရှိ ၂ဝဝဂ အခြေခံဥပဒေသည် တိုင်းရင်းသား လူမျိုးများ ၏ လိုလား ချက် များ နှင့်မကိုက်ညီ ကြောင်း အစိုးရဖက် နှင့် စစ်ဖက် တာဝန်ရှိ ပုဂ္ဂိုလ်များ က လည်း ဝန်ခံထားပြီး ဖြစ်ကြောင်း ကိုလည်း မီဒီယာများမှ တဆင့် ထောက်ပြကြသည်။ ၂ဝဝဂ ခြေခံ ဥပဒေ ပြင်ဆင်ရေး သည် တိုင်းရင်းသားလူမျိုး တရပ်လုံး ၏ ယုုံကြည်မှု ကိုးစားမှု နှင့် ဆက်စပ် နေကြောင်း ဖေါ်ပြလာကြသည်။ လူနည်းစု ဖြစ်သော တိုင်းရင်းသားလူမျိုးများ ၏ ပြည်ထေင်စု အရေးကို လူများစု ဗမာတိုင်းရင်းသား များမှ ကုန်လွန်ခဲ့သည့် အနှစ် (၆ဝ) ကျော်ကာလ အတွင်း ယနေ့ ကာလကဲ့သို့ အားနှင့်အင်နှင့် ထုနှင့်ထည်နှင့် ရေးသား ပြောဆို ဆွေးနွေးမှု များ မရှိခဲ့ဘူး ပေ။ ရှိခဲ့ဘူးပြန်လျင်လည်း အာဏာရှင် စစ်အစိုးရတို့၏ ဝါဒဖြန့်ချီရေး များသာဖြစ်ပြီး ဆားမပါသော ဟင်းကိုစားရသလို အနှစ်မဲ့ကာ မြိန်ယှက်မှု မရှိခဲ့ပေ။ ယနေ့ မီဒီယာ များ လွတ်လပ်လာသည်နှင့်အမျှ အိုင်ဒီယာများ၊ အယူအဆများ၊ သတင်းအချက်အလက်များ ဖလှယ်မှု မြင့်တက်လာကာ လူငယ် မျိုးဆက်သစ် တို့ အကြား အတွေးသစ် အမြင်သစ်များ၊ ရှုထောင့်အသစ်များ၊ ရပ်တည်ချက် အသစ်များဖြင့် နိုင်ငံရေး ရေချိန်တို့လည်း ယခင်ကနှင့်မတူ မြင့်တက် နိုးကြား လာသည့် သဘော ဖြစ် သည်။ လတ်တလော ကာလတွင် အကောင် အထည် ဖေါ်ဆောင်ရန် အခက်အခဲ အဟန့်အတားများရှိနေ သေးသည့်တိုင်အောင် တနေ့ တချိန် မကြာတော့သောကာလ စစ်မှန်သော ပြည်ထောင်စုကြီး ပြန်လည်ထူထောင်ရေး အတွက် အားတက် စရာဖြစ်သည်။ ပြည်ထောင်စုအရေးသည် ကျန်တိုင်းရင်းသား လူမျိုးများ ၏ အရေး သက်သက် မဟုတ်ပဲ အများစု ဖြစ်သော ဗမာတိုင်းရင်းသားတို့ ကပါ တက်တက်ကြွကြွ ဦးဆောင် ပါဝင် လုပ်ဆောင်ရမည့်အရေးအဖြစ် သဘောပေါက် လာကြသဖြင့် လူများစု အတွက်ရော လူနည်းစုတို့ အတွက် ပါ တတိုင်းတပြည်လုံး၏ အနာဂတ်အတွက် ကောင်းသော လက္ခဏာ တရပ် ဖြစ်သည်။ ဒီမိုကရေစီ ထွန်းကားသော ပြည်ထောင်စု ခေတ်သစ်ဆီကို ဦးတည်သည့် ပြန်လည် စုစည်းမှု အမှတ် လက္ခဏာတရပ် ပင်ဖြစ်သည်။ ပင်လုံ ကတိကဝတ် တို့၏ အခြေခံပေါ်တွင် ပြည်ထောင်စု ရေးရာ၊ စိတ်ဓါတ်ရေးရာအရ၊ အတွေးအခေါ်ရေးရာ အရ ပြန် လည် ဆုံစည်း လာကြခြင်းဖြစ်သည်။ ပင်လုံ အမွေအနစ် မှရရှိသော ဆုမြတ် နှင့် အကျိုးကျေးဇူးတို့သည်ယနေ့ထိတိုင်အောင် အားကောင်းဆဲ၊ မောင်းသန်ဆဲ၊ စည်းလုံးမှု၊ စုစည်းမှုတို့ကို ပေးနိုင်ဆဲ၊ သက်ရောက်မှု ရှိနေဆဲ ဖြစ် သည်။
                   @ သျှမ်းသံတော်ဆင့်သတင်းဌာနမှ

Saturday, August 30, 2014

ဒေါင်းကတဲ့နေ့






ဒေါင်းကတဲ့နေ့
ဘယ်တောမှာနေနေ
ဘယ်မြေကိုပြောင်းပြောင်း
အရေးအကြောင်းဆို
သွေးမပြောင်းခဲ့ပါဘူး
ရှေးဒေါင်းတွေရဲ့သမိုင်းအစဉ်
တိုင်းပြည်နဲ့လူမျိုး
ပြည်သူ့အကျိုးဆို..
အကြောင်းမရွေး
ဒေါင်းသွေးနီဦးမညွှတ်
ဒေါင်းခွပ်ခဲ့တဲ့ရာဇဝင်
ပြည်သူနဲ့အတူမခွဲ
ပြည်သူထဲမှာအတူနေ
အပူဝေအတူမျှ
ဒုက္ခအထွေထွေကလွတ်ကြောင်း
ခွတ်ဒေါင်းဟေ့..မန်ဝင်
ရန်မြင်သမျှရင်ဆိုင်တွေ့
စမ်းကလေးတွေအေး
ပန်းကလေးတွေမွှေး
ငှက်ကလေးတွေကတေးဆို
ငြိမ်းချမ်းရေးကိုသူတို့ကြိုတော့
မြိုင်ယံညိုဟိုး.ရိုးအခြေက
အိုးဝေ..အိုးဝေ
အိုးဝေမင်္ဂလာအပေါင်းခရအောင်
အဲဒီနေ့ဟာဒေါင်းကတဲ့နေ့……
ဒေါင်းကတဲ့နေ့ကိုအမြန်ဆုံးရောက်ပါစေလို့ ဆုတောင်းရင်း

မောင်စိန်ဝင်း(ပုတီးကုန်း)

Saturday, August 16, 2014

Thursday, April 24, 2014

တကယ်ချစ်ရင်


သင့်ချစ်သူအပေါ် အမှန်တစ်ကယ်ချစ်တယ်ဆိုရင်
သူ့အပေါ် ဂရုစိုက်မှုလေးတွေနဲ့ တန်ဖိုးထားပေးပါ
ဥပေက္ခာပြုမှုတွေနဲ့ပဲနာကျင်မှုတွေမပေးမိပါစေနဲ့
သူစိတ်ညစ်နေတဲ့အချိန်.....အားငယ်နေတဲ့အချိန်...
သူ့အနားအားပေးမှုလေးတွေနဲ့ရှိနေပေးပါ
စိတ်မဝင်စားသလိုအပြုအမူတွေမပေလိုက်မိပါစေနဲ့
သူ့အပေါ်ရိုးသားမှု......ပွင့်လင်းမှုလေးတွေနဲ့...
သင့်ရဲ့ ခံစားချက်တွေကိုရင်ဖွင့်ပါ.....တိုင်ပင်ပါ
သူဆိုတာအရေးမပါသလိုရှောင်ဖယ်မထားမိပါစေနဲ့
သူ့အခက်အခဲတွေအပေါ် ကိုယ်ရဲ့အခက်အခဲတစ်ခုလို
ခံစားပေးပါ....သူ့အပေါ်နားလည်မှုလေးတွေနဲ့
ရှိနေပေးပါ..ကိုယ်ဖြစ်ချင်တာတွေကိုပဲ
ပုံသွင်းယူဖို့ မကြိုးစားလိုက်ပါနဲ့
သူမှားနေတဲ့အခါ ကိုယ့်ဘက်ကခွင့်လွှတ်မှုလေးတွေနဲ့
ပြုပြင်ပေးပါ...ကိုယ်မှားနေတဲ့အခါမှာလည်း
သူ့အတွက် ပြောင်းလဲပေးနိုင်အောင် ကြိုးစားပေးပါ
သူ့အပေါ် သစ္စာရှိတဲ့ချစ်သူတွေဖြစ်ဖို့
သူ့ရဲ့နောက်ကွယ်မှာလည်းသစ္စာမဲ့စေနိုင်တဲ့ အပြုအမူ
မျိုးတွေကိုရှောင်ကျဉ်ပေးလိုက်ပါ
တစ်ဘဝလုံးစာလက်တွဲသွားရဲတဲ့စိတ်တွေ
သင့်မှာသူ့အတွက် ရှိနေပေးတတ်ပါစေ.....
ဒါမှသာပျော်ရွှင်တဲ့ ဘဝသစ်တစ်ခုကို
အတူတူတည်ဆောက်ခွင့် ရနိုင်မှာပို့ပါ
အမှန်တစ်ကယ်ချစ်တယ်.....သူ့ကိုအဆုံးရှုံးမခံနိုင်ဘူးဆိုရင်ပေါ့.
                         ###################################