မှိုပင်မှာ ဘက်တီးရီယား နှင့် ဗိုင်းရပ်စ်ကို တိုက်ပေးနိုင်တဲ့ သဘာဝစွမ်းအင် အမြောက်အများရှိပါတယ်။
ဆေးဘက်ဝင် မှိုတွေကို စားပေးခြင်းဖြင့် ပရိုဘိုင်အိုတစ်တွေအတွက် အစားအစာကို ပေးပါတယ်။ ကိုယ်တွင်းဇီဝပိုး အသိုက်အမြုံကို မျှတစေတယ်။ စိတ်ဖိစီးမှုကြောင့် ထွက်လာသော ဟိုမုန်းပမာဏကို မျှတစေတယ်။ ဓာတုဆေးများ နှင့် သတ္ထုအဆိပ်များကို ဖယ်ရှားသန့်စင်ပေးတယ်။ ဗိုင်းရပ်စ် နှင့် candida မှိုရောဂါမှ ကာကွယ်ပေးတယ်။ ခုခံအားစနစ်ကို ထိရောက်စွာတိုးတက်စေတယ်။ အော်တိုအင်မြူးရောဂါများတွင် ရောဂါဖြစ်စေသော ဆိုးသွမ်းသည့် ကိုယ်ခံအားအစိတ်အပိုင်းကို ဟန့်တားပြုပြင်ပေးတယ်။ အကျိတ် နှင့် ကင်ဆာဆဲလ်များကို ပျက်စီးစေတယ်လို့ Dr. Josh Axe က Eat Dirt စာအုပ်မှာ ရေးပါတယ်။

Cordyceps Mushrooms ( ရှီးပဒီး ခေါ် ဆေးပိုးနွယ်ရှင် ခေါ် ဆောင်းပိုးနွေမြက် )
အဟာရပြည့်စုံမှု နှင့် ဆေးဘက်ဝင်မှုကြောင့် လူသိများပါတယ်။ ဟိမဝန္တာတောင်တွေရဲ့ အမြင့်ပိုင်းတွေမှာ တွေ့ရလေ့ရှိပြီး အာရှဒေသမှာ စွပ်ပြုတ်လုပ်သောက်လေ့ရှိပါတယ်။ တရုတ်ပြည်ရဲ့ လေ့လာမှုမှာ အကျိတ်တွေကို သေးသွားစေပြီး ကြွက်တွေရဲ့ အသက်ပိုရှည်လာတယ်ရေးပါတယ်။အိန္ဒိယနိုင်င်ငံရဲ့လေ့လာမှုတစ်ခုမှာတော့ လေ့ကျင့်ခန်းလုပ်နိုင်မှု ရ၃% လောက်တိုးလာတယ်ပြောပါတယ်။ နာတာရှည် ချောင်းဆိုးရောဂါ၊ ရင်ကျပ်ရောဂါ၊ နှင့် အခြားသောလေပြွန်နှင့် ဆိုင်တဲ့ ရောဂါတွေမှာ သုံးပါတယ်။

Reishi or Lingzhi mushroom ( လင်ဇီးမှို )လို့ခေါ်တဲ့ Ganoderma lucidum ကို mushroom of immortility လို့ တင်စားလေ့ရှိတယ်။ ဆိုလိုတာက လင်ဇီးမှို စားလျှင် မသေဘူးပေါ့။ လင်ဇီးမှာ ခုခံအားကို တိုးစေနိုင်စွမ်းရှိကြောင်း Memorial Sloan Kettering Cancer Cenrer လုပ်တဲ့ သုသေတနမှာ အတည်ပြုခဲ့ပါတယ်။ ၂၀၁၃ မှာ လုပ်ခဲ့တဲ့လေ့လာမှုမှာ လင်ဇီးက ရင်သားကင်ဆာကို ၅၀% လောက်သက်သာစေတယ်ပြောပါတယ်။

Shiitake ( ရှီတာကီ ) မှိုမှာ ကင်ဆာဆန့်ကျင်နိုင်စွမ်း နှင့် ခုခံစွမ်းအား မြှင့်တင်နိုင်စွမ်းရှိပါတယ်။ Selenium, ဗိုက်တာမင် A , C , D , E ပါဝင်ပါတယ်။ သွေးတိုးကျစေတယ်၊ ကိုလက်စထရော ကျစေတယ်၊ လိင်ကိစ္စတက်ကြွစေတယ်၊ ဗိုင်းရပ်စ်သေစေနိုင်တယ်လို့ ဆိုပါတယ်။

Lion's mane mushrooms ( မျောက််ခေါင်းမှို သို့ ခြင်္သေ့လည်ဆံမှို ) မှာ ကင်ဆာကာကွယ်နိုင်စွမ်းရှိပြီး ခုခံစွမ်းအားထိန်းညှိနိုင်စွမ်းကြောင့် အကျိတ်အလေးချိန်ကို ၄၀ % ထိလျော့နည်းစေပါတယ်။ ခြင်္သေ့လည်ဆံမှိုက အူလမ်းကြောင်းရောင်ရမ်းမှု နှင့် အစာအိမ်အနာတွေပျောက်စေတယ်လို့ ၂၀၁၃ ခုနှစ်ထုတ် Evidence-Based Complementary and Alternative Medicine ဂျာနယ်က ရေးပါတယ်။ ပျက်စီးနေတဲ့ အာရုံကြောကို ပြုပြင်ပေးတယ်။ မှတ်ဉာဏ်ကောင်းစေတယ်။ ခုခံစွမ်းအားမြင့်စေတယ်။

Turkey tail mushroom ( ကြက်ဆင်အမြီး မှို သို့ ခုနှစ်ရောင်ခြယ်မှို) ရဲ့ ရုက္ခဗေဒ နာမည်က ( Trametes versicolor or Coriolus versicolor )ပါ။ အမေရိကားမှာ ပေါက်ပါတယ်။ ကြက်ဆင်အမြီး မှို က ကမ္ဘာလောကကြီးကို ကုသနိုင်တယ်လို့တင်စားပါတယ်။ သူက ကိုယ်တွင်းက သတ္ထုအဆိပ်တွေကို ထုတ်ပစ်နိုင်တာပါ။ ခဲဆိပ် နှင့် ပြဒါးဆိပ်သင့်တာ အတွက် သင့်တော်တဲ့ အစားအသောက်ပါ။ ကိုယ်တွင်း ပိုးသတ်ဆေး နှင့် ကလိုရင်း ကိုလည်း သန့်စင်နိုင်ပါတယ်။NIH က ပြောတာက ကြက်ဆင်အမြီး မှို ကို ရင်သားကင်ဆာ လူနာတွေမှာ သုံးနိုင်တယ်ဆိုပါတယ်။

White wood ears ( Tremella fuciformis) ဆိုတာ ကျွန်တော်တို့သုတ်စားလေ့ရှိတဲ့ အဖြူရောင်မှိုပါ။ စားလို့ကောင်းတဲ့အပြင် ရောင်ရမ်းခြင်းကို ကုသနိုင်စွမ်း (anti-inflammatory ) နှင့် အကျိတ်တွေကို သတ်ပစ်နိုင်စွမ်း ( anti-tumor) ရှိတယ်ဆိုပါတယ်။ ရှေးတရုတ်ကြီးများက အဟာရရှိဖို့၊ ချောင်းခြောက်ဆိုးခြင်းသက်သာဖို့၊ အဆုတ်က အပူတွေရှင်းပေးဖို့ စွတ်ပြုတ်လုပ်သောက်လေ့ရှိတယ်ရေးပါတယ်။

Grifola frondosa ဆိုတဲ့ Maitake မှိုကို ဂျပန်ပြည်မှာ dancing mushroom လို့ခေါ်ပါတယ်။ Maitake မှိုရဲ့ကုသနိုင်စွမ်းက ထင်ရှားတာကြောင့် Maitake ကို တွေ့တဲ့အခါ ပျော်ပြီးကကြလို့ ဒီလိုနာမည်ပေးတယ်ဆိုပါတယ်။ Maitake က adaptogen ပါ။ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာခက်ခဲမှုတွေကို တိုက်ခိုက်ဖို့ အသုံးပြုနိုင်တယ်ဆိုပါတယ်။ ခန္ဓာကိုယ်တွင်း မညီမျှမှုတွေကို လည်းထိန်းနိုင်တယ်ဆိုပါတယ်။ ၂၀၁၃ ခုနှစ်လေ့လာမှုမှာ Maitake က ရင်သားကင်ဆာကာကွယ်ကုသရာမှုသုံးနိုင်တယ်ရေးပါတယ်။ ၂၀၁၅ လေ့လာမှုမှာ Maitake က ဆီးချို အမှတ် ၂ ရောဂါကုသမှုအတွက် ကောင်းကျိုးဖြစ်စေတယ်ဆိုပါတယ်။ ( ref -
https://pubmed.ncbi.nlm.nih.gov/26349512/,
https://www.liebertpub.com/doi/abs/10.1089/jmf.2012.0222 )

Agaricus subrufescens လို့ခေါ်တဲ့ Himematsutake မှိုကို ကင်ဆာကုသမှု ; အသည်းရောင် B ပိုး၊ Crohn's disease ; ဆီးချိုအမှတ် -၂ ; multiple myeloma ; Ulcerative colitis ; ကိုလက်စထရောများခြင်း၊ အစာအိမ်အနာ၊အရိုးပွခြင်း ကာကွယ်ကုသရာမှာ သုံးနိုင်တယ်လို့ WebMD က ရေးပါတယ်။ သို့ပေမယ့် လုံလောက်တဲ့ သက်သေလည်းမရှိသေးဘူးဆိုပါတယ်။
မှိုပါဝင်တဲ့ ဖြည့်စွက်စာတွေက တစ်ချို့လူတွေနဲ့ ဓာတ်မတည့်ခြင်းဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်၊နို့တိုက်မိခင် မသုံးဖို့လည်းပြောပါတယ်။ ရောဂါကြီးရှိသူတွေ နားလည်သူနဲ့ တိုင်ပင်ပြီးသောက်ရပါမည်။
ကင်ဆာစာအုပ်တွေဖတ်တဲ့အခါ မှိုတွေကို ပိုအထင်ကြီးလာတယ်။ ဒါကြောင့် Jarrow က ထုတ်တဲ့ မှို နဲ့ ပတ်သတ်တာလေး ဝယ်သောက်ဖြစ်ပါတယ်။ Jarrow က ထုတ်တဲ့ mushroom optimizer မှာ Cordyceps မှို၊ Reishi မှို၊ Shiitake မှို၊ Turkey tail မှို၊ white wood ear မှို၊ Maitake မှို၊ Himematsutake မှိုတွေ ပါဝင်ပါတယ်။ တစ်နေ့ ၃ ကြိမ်အစာစားပြီးသောက်ရပါတယ်။
No comments:
Post a Comment