Collagen ( ကော်လဂျင်) ဆိုတာ တည်ဆောက်ရန်အသုံးပြုတဲ့ ပရိုတိန်း ( structural protein ) ဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ သုံးပုံတစ်ပုံသော ပရိုတိန်းတွေက ကော်လဂျင် တွေဖြစ်ပါတယ်။ အရိုး၊အရေပြား၊ကြွက်သား၊သွေးကြော နှင့် အစာခြေအဖွဲ့အစည်းတွေမှာတွေ့နိုင်ပါတယ်။ Animal kingdom မှာ ကော်လဂျင် အမျိုးအစား 28 မျိုးရှိတယ်လို့ဆိုပါတယ်။
အသက် 25 နှစ်ကျော်လာတဲ့အခါ ခန္ဓာကိုယ်က ကော်လဂျင် ထုတ်လုပ်မှု လျော့နည်းလာပြီး အရေပြားတွန့်ခြင်း၊ အဆစ်အမြစ်နာကျင်ခြင်း၊ကြွက်သားနာကျင်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုအချိန်ဆိုလျှင် ကော်လဂျင် ဖြည့်စွက်စာတွေ ( collagen supplement ) စသုံးသင့်တယ်လို့ရေးပါတယ်။ ကော်လဂျင် ဖြည့်စွက်စာတွေ ကို အရွယ်တင်နုပျိုဖို့အတွက်၊ အရိုးကျန်းမာရေးအတွက် ၊ အနာကျက်စေရန် နှင့် ကိုယ်အလေးချိန်လျော့ချဖို့ အသုံးပြုနိုင်ပါတယ်။ မနက်စာ ကော်ဖီမှာဖြစ်ဖြစ်၊အသီးဖျော်ရည်မှာဖြစ်ဖြစ် ထည့်စားလို့ရပါတယ်။
ကော်လဂျင်က အရေပြား နှင့် ဆံပင် ကောင်းမွန်စေတယ်။ ကျန်းမာသန်စွမ်းတဲ့ ဆံပင်အတွက် ကော်လဂျင် သတ္တုဓာတ်များ နှင့် Keratin ဆိုတဲ့ ပစ္စည်းသုံးမျိုးလိုပါတယ်။ ဒါကြောင့် ကော်လဂျင် ဖြည့်စွက်စာ အသုံးပြုလျှင် ဆံပင်ရှည်ပြီး သန်လာနိုင်ပါတယ်။ အရေပြားကောင်းမွန်ပြီး ပါးရေတွန့်တာသက်သာစေတယ်။ လက်သည်း၊ခြေသည်း သန်မာစေပါတယ်။ အကြည့်ရဆိုးပြီး ပျောက်ဖို့ခက်တဲ့ အရေပြားမှာ cellulite ဖြစ်ခြင်းကို လျော့ချပေးတယ်။
ကော်လဂျင် ချို့တဲ့ခြင်းကြောင့် လမ်းလျှောက်တဲ့အခါ အဆစ်အမြစ် နာကျင်နိုင်ပါတယ်။ ကော်လဂျင် ဖြည့်စွက်စာ သောက်ပေးခြင်းက ကော်လဂျင် ချို့တဲ့ခြင်းကြောင့် ဖြစ်လာတဲ့ အဆစ်အမြစ် နာကျင်ခြင်းတွေကို သက်သာနိုင်ပါတယ်။ ကော်လဂျင်က အရိုးပွခြင်းကို သက်သာစေတယ်။ ဇီဝဖြစ်စဉ်မြှင့်တင်ပေးပြီး ကြွက်သားကြီးထွားစေပါတယ်။ ကော်လဂျင်က အူနံရံကို ပြန်ဆောက်ပေးတာကြောင့် အသုံးဝင်တယ်ပြောပါတယ်။ ဟိုမုန်းကို မျှတစေပြီး ဝက်ခြံကို ပျောက်ကင်းစေတယ်။

Cellulite ဆိုတာ လက်မောင်း၊ ပေါင်ကျောဘက်၊ ဒူးခေါင်း နဲ့ တင်ပါးတွေမှာ အများအားဖြင့် တွေ့နိုင်တဲ့ အဆီပြင်တွေ ဖြစ်ပါတယ်။ ဝတဲ့သူတွေအပြင် ပိန်တဲ့သူတွေမှာလည်း ရှိပါတယ်။ မညီမညာ အထပ်ထပ်နဲ့ အကြည့်ရဆိုးလွန်းပါတယ်။ Type 1 ကော်လဂျင်တွေက cellulite တွေကိုလျော့ချပေးနိုင်ပါတယ်။ အရွယ်တင် နုပျိုချင်လျှင် type 1 ကော်လဂျင်သောက်ပါ။ အရေပြားက အရေးအကြောင်းကို လျော့ချပေးတယ်။ အရေပြားရေဓာတ်ကို ထိန်းပေးပါတယ်။ စာရေးသူအနေနှင့် Jarrow က ထုတ်တဲ့ type -1 ကော်လဂျင်ကို မနက်စာ မစားမီ ၃ လုံး နေ့လည်စားမစားမီ ၃ လုံး သောက်ပါတယ်။ စာရေးသူသောက်တဲ့ collagen ကို ပုံပါထည့်ပေးထားပါတယ်။




ဒေါက်တာ ဖြိုးမောင်မောင် ( ဆေး-2)
ရည်ညွှန်း
No comments:
Post a Comment