Twitter Bird Gadget

Friday, May 22, 2020

နွားနို့



"" နွားတွေကို မြက်မကျွေးတော့ဘူး၊ ဆရာရေ "" ဒီစကားပြောသူက အနောက်နိုင်ငံက စိုက်ပျိုးရေခြံမှာ အလုပ်လုပ်ခဲ့တဲ့ မြန်မာလူမျိုးတစ်ဦး၊ သူအလုပ်လုပ်ခဲ့တဲ့ ခြံမှာ နွားတွေက ပြောင်းဖူးတွေကျွေးတယ်။ တစ်ခါတစ်ခါ နွားတွေကို ပေါင်မုန့်အကျန်တွေပါကျွေးတတ်တယ်လို့ ပြောပါတယ်။ နွားတွေက မြက်ကိုစားပါတယ်။ မြက်စားနွားနို့မှာ မြက်မစားရတဲ့နွားရဲ့နို့ထက် omega 3 ပိုမို ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဘိုးဘွားတွေလက်ထက်မှာ နို့သောက်ခြင်းဖြင့် ကျန်းမာသန်စွမ်းပြီး အနာရောဂါကင်းရှင်းကြတယ်လို့ အနောက်တိုင်း သဘာဝ ပညာရှင်တွေက ယူဆကြပါတယ်။ ဒါပြင် အနောက်နိုင်ငံတွေမှာ မြက်စားနွားတွေရဲ့နို့က ရောင်းကောင်းတယ်ဆိုပါတယ်။


နို့သောက်ခြင်းဖြင့် သတ္ထုဓာတ်တွေ နှင့် ပရိုတိန်းတွေရနိုင်ပါတယ်။ နို့ပရိုတိန်းကို casein ပရိုတိန်း နဲ့ whey ပရိုတိန်း ဆိုပြီး နှစ်မျိုးခွဲပါတယ်။ နို့ထဲက casein ပရိုတိန်း ဖယ်ထုတ်လိုက်လျှင် whey ပရိုတိန်း အရည်ကြည်ကို ရပါတယ်။ နို့မှာ casein ပရိုတိန်း 80% နဲ့ whey ပရိုတိန်း 20% ပါဝင်ပါတယ်။

Caesin ပရိုတိန်းဟာ ဘိန်းလိုစွဲစေတဲ့ casomorphins ဆိုတဲ့ ဓာတုပစ္စည်းတစ်မျိုးကို ထုတ်ပေးပါတယ်။ ဒါကြောင့် ဖြတ်ရအခက်ဆုံး အစားအစာထဲမှာ casein ပရိုတိန်း အများဆုံးပါဝင်တဲ့ ဒိန်ခဲ (cheese) ပါဝင်ပါတယ်။ Casein ပရိုတိန်းကို ခြေဖျက်ဖို့ခက်ပြီး အစာအိမ် နှင့် အူလမ်းကြောင်းကို အလုပ်ပိုစေတယ်။ နို့ သောက်ပြီး ချွဲထခြင်း၊ ဝမ်းချုပ်ခြင်း၊ ဝမ်းသွားခြင်း၊ လေပွခြင်း စသည့်လက္ခဏာအများစုက casein ပရိုတိန်းကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။ ဝက်ခြံထွက်ခြင်း၊ ယားနာ နှင့် အနီစက်လေးတွေဖြစ်ခြင်းက casein ပရိုတိန်း နှင့် ပတ်သက်ပါတယ်။

Casein ပရိုတိန်းက အော်တိုအင်မြူးရောဂါ နှင့် ကင်ဆာရောဂါတွေကို ဖြစ်စေတဲ့ leaky gut ပတ်သက်တယ်လို့ရေးပါတယ်။ နွားနို့မှာပါဝင်တဲ့ casein ပရိုတိန်းကို A1 နှင့် A2 ဆိုပြီးခွဲနိုင်တယ်။ A1 β-casein ပါတဲ့နို့ဟာ အော်တိုအင်မြူးရောဂါတစ်ခုဖြစ်တဲ့ ဆီးချိုအမှတ် -၁ ကို ဖြစ်အောင် အားပေးအားမြောက်ပြုပေးတဲ့ အကြောင်းတစ်ခုလို့ပြောတယ်။ မိခင်နို့တိုက်တဲ့ကလေးတွေမှာ A1 β-casein ရဲ့ ဆိုးကျိုးကို ကာကွယ်ပြီးဖြစ်တယ်ရေးတယ်။ နို့ဗူးတိုက်တဲ့ကလေးတွေ နှင့် မိခင်နို့လုံလောက်အောင် မသောက်ခဲ့ရတဲ့ကလေးတွေမှာ အကာအကွယ် အားနည်းတယ်လို့ ဆိုတယ်။ ဒါကြောင့် သဘာဝဆေးပညာဆရာဝန်တွေက ကျန်းမာရေးအတွက် နို့ ကို ရှောင်ဖို့ပြောကြပါတယ်။

Whey ပရိုတိန်းမှာ အမိုင်နိုအက်ဆစ်များ၊ သတ္ထုဓာတ်များ၊ အဆီအနည်းငယ် နှင့် immunoglobulin များပါဝင်ပါတယ်။ Whey ပရိုတိန်းဟာ glutathione ( ဂလူတာသိုင်အုမ်း )ကို မြင့်တက်စေနိုင်တယ်လို့ ရေးပါတယ်။ ဂလူတာသိုင်အုမ်းကို antioxidant တို့ရဲ့မိခင်ကြီးလို့ Dr.Mercola က ခေါ်ပါတယ်။ ဂလူတာသိုင်အုမ်းက ဆဲလ်တစ်လုံးခြင်းရဲ့ ခုံခံစွမ်းအားမြင့်တက်စေတယ်။ ဆဲလ်ထဲက အမှိုက်နဲ့တူတဲ့ free radicals များ နှင့် မာကျုလီကဲ့သို့သော သတ္ထုများ၊အဆိပ်များကို ဖယ်ရှားပေးနိုင်ပါတယ်။ လူတစ်ယောက်ရဲ့ ဂလူတာသိုင်အုမ်း ချို့တဲ့ခြင်းက နာတာရှည်ရောဂါတွေရဲ့အစ ဖြစ်တယ်လို့ အနောက်တိုင်း သဘာဝဆေးပညာရှင်တွေကယုံကြည်ကြတယ်။

အားကစားလုပ်တဲ့အခါ ထွက်လာတဲ့ ဘေးထွက်ပစ္စည်းတွေကို ဖယ်ရှားဖို့ ဂလူတာသိုင်အုမ်း အများအပြား အသုံးပြုရတာကြောင့် အားကစားလုပ်ပြီးချိန်မှာ ကိုယ်တွင်း ဂလူတာသိုင်အုမ်း ပမာဏ လေးဆယ်ရာနှုန်းလောက် သိသာစွာကျဆင်းသွားတတ်ပါတယ်။ Whey ပရိုတိန်းသောက်ခြင်းဖြင့် ဂလူတာသိုင်အုမ်း ပြန်လည်ပြည့်သွားပြီး ကြွက်သားရောင်ရမ်းခြင်းကို မြန်မြန်သက်သာစေပါတယ်။ Whey ပရိုတိန်းက ခြေဖျက်လွယ်တယ်၊ အားကစားလုပ်ပြီးသောက်လျှင် သွေးတွင်း အမြန်ရောက်စေပြီး ကြွက်သားကြီးထွားစေတဲ့ ဓာတုပစ္စည်းတွေဖြစ်တဲ့ insulin နှင့် IGF ပမာဏလည်း မြင့်တက်လာစေတယ်။ ဒါကြောင့် whey ပရိုတိန်းကို အားကစားသမားတွေ သောက်ကြပါတယ်။

Whey ပရိုတိန်းက ဆာလောင်ခြင်းကို ဖြစ်စေတဲ့ ghrelin နဲ့ secretin ဆိုတဲ့ ဟိုမုန်းနှစ်မျိုးကိုကျဆင်းစေပါတယ်။ အစာစားချင်စိတ်ကိုလျော့နည်းစေတဲ့ leptin ကိုလည်း မြင့်တက်စေပါတယ်။ ဂလူတာသိုင်အုမ်းက နာတာရှည်ရောင်ရမ်းခြင်းကို သက်သာစေပြီး leptin လည်းမြင့်တက်စေတာကြောင့် ရေရှည်ကိုယ်အလေးချိန် ချနေတဲ့သူတွေအတွက် အဆင်ပြေစေနိုင်ပါတယ်။ Whey ပရိုတိန်းကို အစာမစားခင်သောက်ခြင်းဟာ စားချင်စိတ်ကို ကောင်းစွာထိန်းညှိပေးပြီး အင်ဆူလင်ကို မြင့်တက်စေတာကြောင့် ဆီးချိုရောဂါအတွက် အကျိုးရှိပါတယ်။ ရောင်ရမ်းခြင်းကို ကျဆင်းစေပြီး whey ပရိုတိန်းတွေက ကြွက်သားပျက်စီးခြင်းကို ကာကွယ်ပေးတာကြောင့် အသားအရေကောင်းလာစေတယ်။ ပါးရေတွန့်ခြင်း သက်သာစေတယ်။

နို့မှာ Lactose ပါဝင်ပြီး နို့နဲ့မတည့်တဲ့သူတွေကို ဝမ်းသွားခြင်း၊ အန်ခြင်း၊ခေါင်းကိုက်ခြင်းတွေဖြစ်စေနိုင်ပါတယ်။ အသင့်ထုတ်ထားတဲ့ နို့တွေမှာ အထားခံအောင် တာရှည်ခံဆေးတွေထည့်ထားလျှင် တာရှည်ခံဆေးတွေရဲ့ ဆိုးကျိုးလည်း ရနိုင်ပါတယ်။ ဒီဆောင်းပါးက နို့ရဲ့ ကောင်းကျိုး နှင့် ဆိုးကျိုးတွေကို ဖတ်မိသလောက် ရေးသားထားတာပါ။ ဗဟုသုတရအောင်သာ ရည်ရွယ်ပါတယ်။

No comments:

Post a Comment