ကိုယ်ခန္ဓာရဲ့ ဇီဝကမ္မဖြစ်စဉ် 350 မှာ မက်ဂနီဆီယမ်ပါဝင်ပါတယ်။မက်ဂနီဆီယမ် ရဲ့ အဓိကလုပ်ငန်းက အာရုံကြော၊ကြွက်သားလုပ်ငန်း၊နှလုံးနဲ့ အပူထိန်းသိမ်းခြင်းတွေဖြစ်ပါတယ်။ မက်ဂနီဆီယမ် က chlorophyll လို့ခေါ်တဲ့ စိမ်းရောင်ခြယ်ရဲ့ အလယ်မှာရှိပါတယ်။ ကိုက်လန်၊ ဟင်းနုနွယ်၊ ထောပတ်သီး၊ ဘယ်ရီသီး၊ အခွံမာသီး၊ ပန်းစိမ်း၊ ဂေါ်ဖီထုပ်၊ ကညွတ်၊ဆော်မွန်ငါး၊တူနာငါး နှင့် Chlorella powder တွေမှာပါပါတယ်။
စိတ်ဖိစီးမှု နှင့် ဓာတုဆေးတွေကြောင့် ကိုယ်ခန္ဓာထဲက မက်ဂနီဆီယမ်ကိုလျော့နည်းသွားစေတယ် လို့ Dr. Dean က The Magnesium miracle စာအုပ်မှာ ရေးပါတယ်။ စိတ်ဖိစီးမှု ပြင်းထန်တဲ့အခါ ကိုယ်ထဲက adrenal glands ပိုအလုပ်လုပ်ရတာကြောင့် ကိုယ်ခန္ဓာထဲက မက်ဂနီဆီယမ်တွေ လျော့နည်းကုန်ပါတယ်။
သုံးလိုက်တဲ့ မက်ဂနီဆီယမ်ကို ပြန်မဖြည့်နိုင်လျှင် သွေးကြောတွေကျုံ့လာပြီး သွေးတိုးလာပါတယ်။ ဆရာဝန်က ဆီးဆေးပေးပြီး သွေးတိုးကျစေတဲ့အခါ ကိုယ်ခန္ဓာရဲ့ မက်ဂနီဆီယမ်တွေ ပိုနည်းသွားနိုင်ပါတယ်။ မက်ဂနီဆီယမ်လျော့နည်းခြင်းက ကိုလက်စထရောရဲ့ ဇီဝလုပ်ငန်းတွေ နှောက်ယှက်လိုက်ပြီး ကိုလက်စထရော မြင့်တက်သွားစေပါတယ်။
မက်ဂနီဆီယမ် က adenosine triphosphate (ATP) ကိုဖန်တီးပြီး စွမ်းအင်ထောက်ပံ့ပါတယ်။ အင်ဇိုင်းအမျိုးအစား ၃၀၀ လောက်နဲ့ ဗိုက်တာမင် B1 ရဲ့ လုပ်ငန်းမှာလည်း အကျိုးဆောင်ပါသေးတယ်။ဆဲလ်ထဲက စွမ်းအင်ထုတ်ပေးတဲ့ mitochondria လုပ်ငန်းမှာ မက်ဂနီဆီယမ်ပါဝင်ပါတယ်။ ဆီးချို အမှတ် 2 မဖြစ်အောင် ကာကွယ်ပေးပါတယ်။
ဆဲလ်တွင်း glutathione မြင့်တက်စေပြီး ကိုယ်တွင်းသန့်စင်စေတယ်။ ကြွက်သား နှင့် အာရုံကြောအတွက်ကောင်းတယ်။ ကြွက်တက်ခြင်းကို သက်သာစေတယ်။ ကြွက်သားကြီးထွားဖို့ မက်ဂနီဆီယမ် အများကြီးလိုပါတယ်။ ကိုယ်တွင်း serotonin ထုတ်လုပ်မှုများစေပြီး စိတ်ဖိစီးမှုသက်သာစေတယ်။
ဦးနှောက်မှာ ဦးနှောက်ဆဲလ် 100 billion ရှိပြီး ဦးနှောက်ဆဲလ်တစ်ခုက အခြားဦးနှောက်ဆဲလ်တွေကို ချိတ်ဆက်မှု ( synapses )10,000 ရှိပါတယ်။ စာတွေအရတော့ ချိတ်ဆက်မှုများလေ ၊ မှတ်ဉာဏ်ကောင်းလေ၊ စူးစိုက်မှုကောင်းလေ၊ သတိကောင်းလေပါ။
ဦးနှောက်ဆဲလ်တွေကြား ချိတ်ဆက်မှု ပျက်သွားတာကို Neurologists တွေက synaptic decay လို့သုံးပါတယ်။ ရလဒ်အနေနဲ့ မှတ်ဉာဏ်၊ အာရုံစူးစိုက်မှု၊ နားလည်နိုင်မှုတွေကျဆင်းသွားတာပါ။ မက်ဂနီဆီယမ် က ဒါကို ဖြေရှင်းနိုင်တယ်ဆိုတဲ့ သုသေတနရှိပါတယ်။ မက်ဂနီဆီယမ် ချို့တဲ့မှု သိပ်ကြာသွားလျှင် ဦးနှောက်ကို ဆိုးကျိုးပေးနိုင်ပါတယ်။ ဒါကြောင့် မက်ဂနီဆီယမ် ပါဝင်တဲ့ အစားအစာ စားပေးဖို့လိုပါတယ်။
ကွန်ပြူတာ၊ TV၊ ဖုန်း၊ wi-fi လွှင့်စက်၊ bluetooth နားကြပ် နဲ့ microwave က ထွက်တဲ့ လှိုင်းတွေက ဆဲလ်မျက်နှာပြင်မှာရှိတဲ့ ကယ်ဆီယမ်ဝင်မည့်တံခါးတွေ(voltage gated calcium channels )ကို ဖွင့်ပေးခြင်းဖြင့် ဆဲလ်တွင်းကယ်ဆီယမ်ပမာဏ များသွားစေပါတယ်။
လိုတာထက်ပိုပြီး များလာတဲ့ ကယ်ဆီယမ်က ဆဲလ်တွေရဲ့ ပုံမှန်အလုပ်တွေကို အနှောက်အယှက်ပေးပါတယ်။ ဒါကြောင့် ဖုန်းသုံးများတဲ့သူတွေမှာ စိတ်ကျရောဂါ၊ ညဘက်အိပ်မပျော်ခြင်း၊ ဦးနှောက်ကင်ဆာ၊ သွေးတိုးရောဂါ၊နှလုံးခုန် မမှန်ခြင်း၊ နှလုံးရောဂါ၊ မျိုးမအောင်ခြင်းစတဲ့ ရောဂါဖြစ်လာနိုင်ပါတယ်။ မက်ဂနီဆီယမ်က ကယ်ဆီယမ်တံခါးတွေ အရမ်းဖွင့်မသွားအောင် ထိန်းပေးနိုင်ပါတယ်။
၂၀၀၂ ခုနှစ် ဧပြီမှာ ကယ်ဆီယမ် နှင့် ပတ်သတ်တဲ့ စာတမ်းတစ်ခုကို the British Medical Journal ထုတ်ပြန်ခဲ့ပါတယ်။ ဧပြီမှာထုတ်ပြန်တဲ့ စာတမ်းအဆိုအရ အရိုးပါးကာကွယ်ဖို့ ကယ်ဆီယမ်ပါတဲ့ဆေးသောက်နေတဲ့သူတွေမှာ မသောက်တဲ့သူထက် အရိုးပါးကာကွယ်နိုင်တဲ့ပမာဏဟာ အတော်နည်းပေမယ့်၊နှလုံးရောဂါရနိုင်ချေ၊လေဖြတ်နိုင်ချေရာနှုန်း ပိုမြင့်ပါတယ်။
အရိုးပါးခြင်းကြောင့် အရိုးကျိုးတဲ့အခါ အိပ်ယာထဲမှာ နာတာရှည်ဖြစ်သွားနိုင်ပါတယ်။ ကယ်ဆီယမ်သောက်ရင်လည်း သွေးကြောပိတ်နိုင်ပြီး လေဖြတ်ရောဂါ နှင့် နှလုံးရောဂါတွေရနိုင်ပါတယ်။
အရိုးထဲမှာ ကယ်ဆီယမ်နည်းနေပြီး အရိုးပြင်ပသွေးကြောအတွင်း ကယ်ဆီယမ်စုပုံနေခြင်းကို ကယ်ဆီယမ်ဝိရောဓိ(calcium paradox )လို့ခေါ်ပါတယ်။ အရိုးထဲကို ကယ်ဆီယမ်ပို့ပေးတာက ဗိုက်တာမင် K 2 ပါ။ အရိုးကို ကားနဲ့တင်စားရင် လောင်စာနဲ့တူတဲ့ ကယ်ဆီယမ်ကို ကားထဲထည့်ဖို့ ဗိုက်တာမင် K2 ကို ပန့်အနေနဲ့ သုံးလို့ရပါတယ်။
ဗိုက်တာမင် K2 ကို အရိုးသန်မာဖို့ နဲ့ သွေးကြောမာကြောမှုကို ကာကွယ်ဖို့သုံးနိုင်ပါတယ်။ ဗိုက်တာမင် D ကို ဗိုက်တာမင် K2 , ကယ်ဆီယမ် နှင့် မက်ဂနီဆီယမ် ပေါင်းပေးလိုက်တဲ့အခါ အရိုးပွတာ အတော်သက်သာသွားပါတယ်။ ဗိုက်တာမင် Dရဲ့ ဆိုးကျိုးကိုလည်း သက်သာသွားစေပါတယ်။
တစ်နေ့ မက်ဂနီဆီယမ် ပမာဏ 400 mg လောက်လိုပါတယ်။ တစ်ချို့ ပညာရှင်တွေက 600 -900 mg လောက်လိုတယ်ပြောပါတယ်။ မက်ဂနီဆီယမ် အရမ်းနည်းနေလျှင် 1000 - 2000 mg လောက်သောက်ဖို့ပြောပါတယ်။
သွေးတွင်းကယ်ဆီယမ်ပမာဏ နှင့် မက်ဂနီဆီယမ်ပမာဏက အချိုးတူဖြစ်ရပါတယ်။ အစာလမ်းကြောင်းက မက်ဂနီဆီယမ်စုပ်ယူမှုကို ပိုနှစ်သက်ပြီး အစာလမ်းကြောင်းအတွင်း ကယ်ဆီယမ်စုပ်ယူမှုကို မက်ဂနီဆီယမ်က ထိန်းချုပ်ထားပါတယ်။ အချို့ဆောင်းပါးတွေမှာ မက်ဂနီဆီယမ် 500 mg သောက်လျှင် ကယ်ဆီယမ် 1000 mg သောက်မှ ကိုယ်တွင်းမှာ ကယ်ဆီယမ်ပမာဏ နှင့် မက်ဂနီဆီယမ်ပမာဏ အချိုးတူ ရောက်သွားမည်လို့ရေးကြပါတယ်။
သွေးတွင်း မက်ဂနီဆီယမ် များလျှင်ဖြစ်နိုင်တာက ပျို့အန်မည်။ဝမ်းသွားမည်။ နှုန်းချိနေမည်။ သွေးပေါင်ကျမည်။ အသက်ရှုရခက်မည်။ ဆီးမသွားနိုင်တော့ဘူး။ နှလုံးရပ်ပြီး သေနိုင်တယ်။ overdose ကတွေ့ရခဲပါတယ်။အဓိက ဖြစ်တတ်တဲ့လူတွေက ကျောက်ကပ်မကောင်းတဲ့သူတွေပါ။သာမန်လူတွေမှာ တွေ့ရခဲပါတယ်။သတ်မှတ်တဲ့ အတိုင်းသောက်နိုင်လျှင် အန္တရာယ်ကင်းပါတယ်။
ဖြည့်စွက်စာတွေအနေနှင့်
1. Magnesium glycinate ပါဝင်တဲ့ ဖြည့်စွက်စာက မက်ဂနီဆီယမ်ပမာဏ အများကြီး စုပ်ယူနိုင်အောင်လုပ်ပေးပါတယ်။
2. Magnesium Oxide ပါဝင်တဲ့ ဖြည့်စွက်စာကို ဝမ်းပျော့ဆေး အနေနဲ့သုံးပါတယ်။
3. Magnesium chloride နှစ့် Magnesium lactate ပါဝင်တဲ့ ဖြည့်စွက်စာကို မြန်မာပြည်မှာ MAXXMAG B6 ဆိုပြီးဝယ်လို့ရပါတယ်။ မြန်မာ FDA မှတစ်ဆင့်တင်သွင်းထားတဲ့ Magnesium lactate ကို B6 ပေါင်းထားတဲ့ မက်ဂနီဆီယမ် supplement တစ်မျိုးပါ။
4. Magnesium sulfate နှင့် Magnesium hydroxide (milk of magnesia) ကို MOM ခေါ်ပါတယ်။ ဝမ်းပျော့ဆေးပါ။
5. Magnesium carbonate မှာ မက်ဂနီဆီယမ် ၄၅% ပါပါတယ်။ အစာကြေဆေး ( antacid) အနေနဲ့သုံးပါတယ်။
6. Magnesium Citrate က မက်ဂနီဆီယမ် နဲ့ citric acid ပေါင်းထားတာပါ။
7. Magnesium malate က malic acid နဲ့ပေါင်းထားပြီး လူသုံးများပါတယ်။
8. Magnesium threonate မှာ ပါဝင်တဲ့ threonate က မက်ဂနီဆီယမ် ကို ဦးနှောက်ဆဲလ်ဆီရောက်ဖို့ သယ်ပေးပါတယ်။
9. Magnesium taurate က magnesium နဲ့ အမိုင်နိုအက်ဆစ် taurine ပေါင်းထားတာပါ။
No comments:
Post a Comment