Twitter Bird Gadget

Friday, May 22, 2020

ပန်းသီးရှာလကာရည် ( Apple cider vinegar or ACV )



ပန်းသီးရှာလကာရည်ဆိုတာ မီးဖိုချောင်မှာ သုံးတဲ့ ဟင်းချက်ပစ္စည်းပါ။ အိမ်သုံးဆေးဝါးအနေနှင့်လည်း သုံးလို့ရပါတယ်။ ပန်းသီးရှာလကာရည်မှာ ပိုးသတ်နိုင်စွမ်းရည် ( antimicrobial) နှင့် ဓာတ်တိုးဆန့်ကျင်စွမ်းရည် (antioxidant) ရှိပါတယ်။
ပန်းသီးရှာလကာရည်ရဲ့ အဓိက ပါဝင်ပစ္စည်းက acetic acid ဖြစ်ပါတယ်။ ပန်းသီးရှာလကာရည်မှာ 5–6% acetic acid ပါဝင်ပါတယ်။ အော်ဂဲနစ်ဖြစ်ပြီး မစစ်ယူရသေးတဲ့ ပန်းသီးရှာလကာရည်မှာ mother လို့ခေါ်တဲ့ ပစ္စည်းတစ်ခု ပါဝင်ပါတယ်။ ပန်းသီးရှာလကာရည်ရဲ့ mother မှာ ပရိုတိန်း၊အင်ဇိုင်း၊ နှင့် အကျိုးပြု ဘက်တီရီးယားအချို့ပါဝင်ပြီး နောက်ကျိတဲ့ အရည်ဖြစ်လာစေပါတယ်။ 
ပန်းသီးရှာလကာရည်ရဲ့ mother က ကျန်းမာရေးကောင်းကျိုးပြုတယ်လို့ ယုံကြည်ကြပေမည့် ခိုင်မာတဲ့ သက်သေအထောက်အထားတော့ မရှိသေးပါ။ ပန်းသီးရှာလကာရည်ူမှာ ဗိုက်တာမင် နှင့် သတ္တုဓာတ် အများကြီး မပါဝင်ပါ။ ပိုတက်ဆီယမ် အနည်းငယ်တော့ ပါဝင်ပါတယ်။ အရည်အသွေးကောင်းတဲ့ ACV တွေမှာတော့ အမိုင်နိုအက်ဆစ်အချို့ နှင့် antioxidants တွေပါဝင်ပါတယ်။
ကျွန်တော်တို့ မိဘတွေလက်ထက်တုန်းက ရှာလကာရည်ကို လက်သည်းပိုးဝင်ခြင်း ကုသဖို့ အသုံးပြုပါတယ်။ ခေါင်းပေါ်က သန်းတွေ၊ ကြွက်နို့တွေ နှင့် နားမှာရောဂါပိုးဝင်တဲ့အခါ အသုံးပြုနိုင်ပါတယ်။ ဆေးပညာဖခင်ကြီး Hippocrates က ရှာလကာရည်ကိုအနာဆေးကြောဖို့ သုံးတယ်ဆိုပါတယ်။ E. coli ကဲ့သို့သော အစားအစာကို ဖျက်စီးတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်ပြီး အစားအစာတွေကို အထားခံအောင် ပန်းသီးရှာလကာရည် အသုံးပြုနိုင်ပါတယ်။ အသုံးပြုသူတော်တော်များများက ပန်းသီး ရှာလကာရည်က ဝက်ခြံကုသမှုအတွက် ကောင်းတယ်ပြောပါတယ်။
သုသေတနတွေအရ ပန်းသီး ရှာလကာရည်က insulin sensitivity ကို 19-34% မြင့်တက်ကောင်းမွန်လာစေပါတယ်။ သွေးချိုပမာဏကို 31.4% ချပေးနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုအမှတ် 2 ရောဂါအတွက် အကျိုးပြုတယ်လို့ရေးပါတယ်။ ခိုင်မာတဲ့ သုသေတနတွေလိုပါအုန်းမည်။
ဆီးချိုရောဂါသည်တွေအနေနှင့် ပန်းသီးရှာလကာရည်ကိုအားကိုးပြီး ဆီးချိုဆေးမသောက်ပဲ မနေသင့်ဘူး လို့ The National Centers for Complementary and Integrative Health (NCCIH) က ဆိုပါတယ်။ ဆီးချိုဆေးသောက်နေလျှင် ပန်းသီးရှာလကာရည်ကို သတိထားသောက်ရမည်ပြောပါတယ်။
ပန်းသီးရှာလကာရည်ကို ဇီဝလုပ်ငန်းမြှင့်တင်ဖို့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာထဲက သုံးခဲ့ပါတယ်။ အဆီကို လောင်ကျွမ်းစေပြီး အပူထုတ်ပေးတာကြောင့် ပန်းသီးရှာလကာရည်ကို "thermogenic” ထုတ်ကုန်တစ်ခုအနေနှင့် လူသိများပါတယ်။ ဗီဇဆဲလ်တွေကို အဆီမစုမိအောင်၊အဆီမသိုလှောင်နိုင်အောင် ပြောင်းပေးတယ်လို့ ရေးကြပါတယ်။ အစာမစားခင်သောက်ပေးခြင်းဖြင့် ဗိုက်ပြည့်နေတယ်လို့ခံစားရလို့ ပိုစားမိဖို့အခွင့်အရေးနည်းပါတယ်။
သုသေတနတွေအရ ပန်းသီးရှာလကာရည်မှာပါတဲ့ acetic acid က complex carbohydrates ကို အကုန် မချေဖျက်အောင် တားပေးနိုင်ပါတယ်။ အစာအိမ်အက်ဆစ်ကို များလာစေပြီး အစာလမ်းကြောင်းတစ်လျှောက်အစာချေခြင်း နှင့် အစာလှုပ်ရှားမှုကို ကူညီပါတယ်။ ခန္ဓာကိုယ်က သတ္တုဓာတ်စုပ်ယူမှုကို ကူညီပေးတယ်။ ပန်းသီးရှာလကာရည်သောက်ပေးခြင်းက ဗိုက်အဆီတွေကျစေတယ်ဆိုတဲ့ လေ့လာမှုရှိတယ်။
ကျွန်တော်သောက်နေတဲ့ Dr. Mercola ရဲ့ Fermented Apple Cider မှာ ပန်းသီးရှာလကာရည်အပြင် capsaicin ပါဝင်ပါတယ်။ ငရုတ်သီးမှာပါတဲ့ capsaicin က ခန္ဓာကိုယ်ရဲ့ ဇီဝလုပ်ငန်းကိုမြင့်တက်စေပြီး ကယ်လိုရီလောင်ကျွမ်းမှုကို အားပေးပါတယ်။ Dr. Mercola ရဲ့ Fermented Apple Cider supplement က အချဉ်ဖောက်ထားတဲ့ ပန်းသီးရှာလကာရည် နှင့် ငရုတ်သီးမှာပါတဲ့ capsaicin ကိုပေါင်းစပ်ထားတာပါ။ အစာအိမ်ထိခိုက်မှုနည်းပါတယ်။ ဆေးတစ်ထောင့်မှာပါတဲ့ ပန်းသီးရှာလကာရည် 4.6 - 15mL ညီမျှပါတယ်။
ပန်းသီးရှာလကာရည်ကို အရေပြားခြောက်သွေ့ခြင်း နှင့် နှင်းခူအတွက် သုံးနိုင်တယ်ရေးပါတယ်။ အရေပြားရဲ့ pH ကိုလည်း မျှတစေတယ်။ အရေပြားပေါ်ကပိုးကို သတ်ပေးနိုင်ပြီး အစက်အပြောက်ထွက်ခြင်းက ကာကွယ်ပါတယ်။ ရေမရောထားတဲ့ ရှာလကာရည်ကိုတော့ အရေပြားပေါ်မလိမ်းသင့်ပါ။
ဒေါက်တာ ဖြိုးမောင်မောင် ( ဆေး-2)
ရည်ညွှန်း

No comments:

Post a Comment