မင်္ဂလာပါထွန်းမြတ်နိုင်။ ဟိုးအရင်တုန်းက မင်းက တိုးရစ်ဂိုဒ် ခနလုပ်ဖူးတော့ ဘာပဲဖြစ်ဖြစ် ခရီးသွားလုပ်ငန်းက လုပ်ဖော်ကိုင်ဖက် အဖြစ်သဘောထားပါတယ် ။ ဒါပေမယ့် မင်းအသက်က (၄၁)နှစ် ၊ စာရေးနေတဲ့ ငါ့အသက်က (၅၁) နှစ်ဆိုတော့ အသက်ကလည်း ဆယ်နှစ်ကွာ ၊ ဂိုဒ်လောကမှာလည်း ငါဟာမင်းထက် လုပ်သက် ၁၀ နှစ် ၊ ၁၅ နှစ်လောက်ပိုပြီးရှေ့ရောက်မယ်ထင်ပါတယ် ။ မင်းကလဲ ဂိုဒ်အလုပ်ကိုစွဲစွဲမြဲမြဲလုပ်တာမဟုတ်ပဲ ၊ ဟန်ပြသဘောလောက် ခနတဖြုတ်လုပ်ခဲ့တာဆိုတော့ Tour ခရီးစဉ်တွေ အတူသွားရလောက်တဲ့အထိတော့ မသိကျွမ်း ခဲ့ဖူးပါဘူး ။ ဘာပဲဖြစ်ဖြစ်
ရန်ကုန်တက်ပြီတိုးရစ်ဂိုဒ်ခန ၊ မော်ဒယ်လိုလို ဘာလိုလိုလဲ ခနလုပ်ခဲ့တဲ့သူဆိုတော့ အတွေးအခေါ်အယူအဆ အတိုင်းအတာတခုအထိရှိလိမ့်မယ်လို့ ယူဆတာပဲ ။ဧည့်လမ်းညွှန်တယောက်ရဲ့ဦးနှောက်ဟာ စဉ်းစားတွေးခေါ်ဉာဏ်ရှိမယ်လို့ မျှော်လင့်တာပဲ။၂၀၀၉ မှာ မင်းတို့ AA အဖွဲ့ ကို လူ ၂၆ ယောက်နဲ့စထောင်တယ် ။ KIA လို့ခေါ်တဲ့ ကချင် လွတ်မြောက်ရေး တပ်က မင်းတို့ကိုကျောထောက်နောက်ခံ ကူညီပေးခဲ့တယ် ။ အဲဒိနောက်မှာ ရခိုင်မှာ ရှိတဲ့ရဲစခန်းတွေကိုမင်းတို့၀င်စီးတယ် ။ ရခိုင်လူမျိုးစစ်စစ် ရဲတပ်သားတွေအပါအ၀င် ရဲ တွေကျဆုံးတယ် ။ နောက်တော့ တိုက်ပွဲတွေဟိုမှာ သည်မှာ ဖြစ်တယ် ။ ရဲတွေကိုဖမ်း၊ စစ်သားတွေကိုဖမ်းရုံမက ၊ မီးသတ်သမားတွေ ၊ လူ၀င်မှုကြီးကြပ်ရေး ဌာန်က၀န်ထမ်းတွေကိုဖမ်းတယ်၊ MY Tel ကုမ္မဏီက၀န်ထမ်းတွေကိုဖမ်းတယ် ၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်က လွှတ်တော်အမတ် ဦးဝှေ့တင်းကိုဖမ်းတယ် ၊ နောက်ဆုံး တော့ ဘူးသီးတောင်မြို့နယNLD ဥက္ကဌ ကို ဖမ်းပြီး သတ်ပစ်လိုက်တယ် (စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့သေတယ်လို့ ပြောတာကို ငါမယုံပါဘူး ၊ မင်းတို့ဖမ်းထားတုန်းသေတာမို့ မင်းတို့လက်ချက်နဲ့သေတယ်လို့ပဲသတ်မှတ်ပါတယ် )။ တဖက်မှာလည်း မင်းရဲ့ ညီမအရင်းနဲ့ယောက်ဖဟာအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အဖမ်းခံနေရပါတယ် ။မင်းရဲ့ဇနီးနဲ့ကလေးဟာထိုင်းနိုင်ငံမှာ ဗီဇာသက်တမ်းလွန်မှုနဲ့အဖမ်းခံနေရပါတယ်
မင်းရဲ့ခေါင်းဆောင်မှုအောက်မှာ ကျဆုံးခဲ့တဲ့ရခိုင်လူငယ်တွေလည်း တသောင်းခွဲလောက်ရှိပြီလို့ သိရပါတယ် ။ အဲဒိတော့ အရာရာဟာ၀မ်းနည်းဖွယ်ရာပါပဲ ။ မင်းတို့ဘက်ကအဖမ်းအဆီးခံရသူ မင်းအမျိုးတွေအတွက် ၊ အခြားအပြစ်မဲ့ရခိုင်အရပ်သားတွေအတွက် ငါစိတ်မကောင်း သလို ၊ မင်းတို့ဖမ်းလို့ နှိပ်စက်လို့ ရက်ရက်စက်စက် သတ်ဖြတ်ကြလို့ သေသွားသူတွေ ၊ ခုထိဖမ်းထားသူတွေ အတွက်ရော ၊ ကျဆုံးသွားတဲ့ ရခိုင် လူငယ်တွေအတွက်ရော ၊ တပ်မတော်သား အပါအ၀င် ရဲတပ်ဖွဲ့ ၀င်တွေအတွက်ရော အားလုံးအတွက်ငါစိတ်မကောင်းဘူး ။ အဲဒိတော့ငါထောက်ပြချင်တယ် ။
ရန်ကုန်တက်ပြီတိုးရစ်ဂိုဒ်ခန ၊ မော်ဒယ်လိုလို ဘာလိုလိုလဲ ခနလုပ်ခဲ့တဲ့သူဆိုတော့ အတွေးအခေါ်အယူအဆ အတိုင်းအတာတခုအထိရှိလိမ့်မယ်လို့ ယူဆတာပဲ ။ဧည့်လမ်းညွှန်တယောက်ရဲ့ဦးနှောက်ဟာ စဉ်းစားတွေးခေါ်ဉာဏ်ရှိမယ်လို့ မျှော်လင့်တာပဲ။၂၀၀၉ မှာ မင်းတို့ AA အဖွဲ့ ကို လူ ၂၆ ယောက်နဲ့စထောင်တယ် ။ KIA လို့ခေါ်တဲ့ ကချင် လွတ်မြောက်ရေး တပ်က မင်းတို့ကိုကျောထောက်နောက်ခံ ကူညီပေးခဲ့တယ် ။ အဲဒိနောက်မှာ ရခိုင်မှာ ရှိတဲ့ရဲစခန်းတွေကိုမင်းတို့၀င်စီးတယ် ။ ရခိုင်လူမျိုးစစ်စစ် ရဲတပ်သားတွေအပါအ၀င် ရဲ တွေကျဆုံးတယ် ။ နောက်တော့ တိုက်ပွဲတွေဟိုမှာ သည်မှာ ဖြစ်တယ် ။ ရဲတွေကိုဖမ်း၊ စစ်သားတွေကိုဖမ်းရုံမက ၊ မီးသတ်သမားတွေ ၊ လူ၀င်မှုကြီးကြပ်ရေး ဌာန်က၀န်ထမ်းတွေကိုဖမ်းတယ်၊ MY Tel ကုမ္မဏီက၀န်ထမ်းတွေကိုဖမ်းတယ် ၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်က လွှတ်တော်အမတ် ဦးဝှေ့တင်းကိုဖမ်းတယ် ၊ နောက်ဆုံး တော့ ဘူးသီးတောင်မြို့နယNLD ဥက္ကဌ ကို ဖမ်းပြီး သတ်ပစ်လိုက်တယ် (စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့သေတယ်လို့ ပြောတာကို ငါမယုံပါဘူး ၊ မင်းတို့ဖမ်းထားတုန်းသေတာမို့ မင်းတို့လက်ချက်နဲ့သေတယ်လို့ပဲသတ်မှတ်ပါတယ် )။ တဖက်မှာလည်း မင်းရဲ့ ညီမအရင်းနဲ့ယောက်ဖဟာအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အဖမ်းခံနေရပါတယ် ။မင်းရဲ့ဇနီးနဲ့ကလေးဟာထိုင်းနိုင်ငံမှာ ဗီဇာသက်တမ်းလွန်မှုနဲ့အဖမ်းခံနေရပါတယ်
မင်းရဲ့ခေါင်းဆောင်မှုအောက်မှာ ကျဆုံးခဲ့တဲ့ရခိုင်လူငယ်တွေလည်း တသောင်းခွဲလောက်ရှိပြီလို့ သိရပါတယ် ။ အဲဒိတော့ အရာရာဟာ၀မ်းနည်းဖွယ်ရာပါပဲ ။ မင်းတို့ဘက်ကအဖမ်းအဆီးခံရသူ မင်းအမျိုးတွေအတွက် ၊ အခြားအပြစ်မဲ့ရခိုင်အရပ်သားတွေအတွက် ငါစိတ်မကောင်း သလို ၊ မင်းတို့ဖမ်းလို့ နှိပ်စက်လို့ ရက်ရက်စက်စက် သတ်ဖြတ်ကြလို့ သေသွားသူတွေ ၊ ခုထိဖမ်းထားသူတွေ အတွက်ရော ၊ ကျဆုံးသွားတဲ့ ရခိုင် လူငယ်တွေအတွက်ရော ၊ တပ်မတော်သား အပါအ၀င် ရဲတပ်ဖွဲ့ ၀င်တွေအတွက်ရော အားလုံးအတွက်ငါစိတ်မကောင်းဘူး ။ အဲဒိတော့ငါထောက်ပြချင်တယ် ။
တော်လှန်ရေးတခုကို လူမျိုးရေး မုန်းတီးစိတ်နဲ့လုပ်ရင် ဘယ်တော့မှ မအောင်မြင်နိုင်ဘူး ။ ငါထပ်ပြောမယ် ။ ဗမာမုန်းတီးစိတ်ကိုအခြေခံပြီးလုပ်နေတဲ့ မင်းတို့ရခိုင့်တော်လှန်ရေး ဟာ ဘယ်လိုမှအောင်မြင်လာနိုင်စရာအကြောင်းမရှိဘူး ။ ဘာ့ကြောင့်လဲဆိုတော့ တိုးတက်တဲ့အမြင် တိုးတက်တဲ့အတွေးအခေါ်၊ နိုင်ငံတကာကလက်ခံတဲ့ အယူအဆမူဝါဒတွေမင်းတို့မှာ မရှိဘူး ။ ဗမာကိုသတ်ပြီးရခိုင်နိုင်ငံတော်ကြီးတည်ထောင်မယ်ဆိုတဲ့ ဘိုးတော်ဘုရားလက်ထက်ကအတွေးအခေါ်လောက်နဲ့ပဲ မင်းတို့ အလုပ်လုပ်နေကြလို့ပဲ ။ ဗမာကိုလူမျိုးတုန်းသွားအောင် မင်းတို့AA မစွမ်းဆောင်နိုင်သလို ၊ ရခိုင်တွေမျိုးတုန်းသွားအောင်လည်း တပ်ကစွမ်းဆောင်နိုင်မှာ မဟုတ်ဘူး ။ ကိုယ့်လူမျိုး ၊ ကိုယ့်ဒေသဖွံဖြိုးတိုးတက်ချင်တာကိုလက်ခံလို့ရပေမယ့် ကိုယ့်လူမျိုးမှကိုယ့်လူမျိုး ကျန်တဲ့ဗမာကို ရန်သူအဖြစ် မုန်းတီးနေတဲ့ အငုံ့စိတ်တွေ ရှိနေသမျှပတ်လုံး မင်းတို့ ဘယ်လိုမှမအောင်မြင်နိုင်ဘူး ။ ရခိုင်သူငယ်ချင်းတွေ ငါ့မှာ အများကြီးရှိတယ် ။ မျှတတဲ့အမြင်ရှိတဲ့ ရခိုင်တွေကိုလည်းငါတွေ့ဖူးတယ် ။ ငါ့အသိရခိုင်ကြီးတယောက်ကပြောတယ် ။ တချို့ရခိုင်တွေဟာ ကလေးလေးတယောက်ကိုငယ်စဉ်အခါတည်းက “ဗမာတွေဟာ ငါတို့ရခိုင်နိုင်ငံတော်ကြီးကိုဖျက်ဆီးသွားတာ ၊ ငါတို့မဟာမုနိဘုရားကြီးကိုခိုးသွားတာ “ စသည်ဖြင့် အမုန်းစကားတွေကိုပဲ နုနယ်လှတဲ့နှလုံးသားထဲကိုရိုက်ထည့်သလိုပြောနေလေ့ရှိတယ် ၊ အဲဒါကိုကျွန်တော်လက်မခံဘူး ကိုညီလို့ပညာတတ်ရခိုင်ကြီးတယောက်ကပြောပါတယ် ။အဲဒိရခိုင်ကြီးကပဲဆက်ပြီး
“အဲဒိလို ကျွန်တော့်ရှေ့မှာသင်ပေးရင် ကျွန်တော်ကပြောလိုက်တယ် ၊ အဲဒါဘာဖြစ်သလဲကွာ စစ်ပွဲဆိုတာ နိုင်တဲ့သူကယူတာပဲ ၊ ငါတို့ဘုရားကိုလည်း သူတို့ကောင်းကောင်းမွန်မွန်မန္တလေးမှာ ထားတာပဲ ။ သူတို့လက်ထဲမှာ မို့ လူတွေအများကြီးလွယ်လွယ်ကူကူလာဖူးလို့ရတာ ၊ ငါတို့ဘာသာရခိုင်ပြည်နယ်ကျောက်တော်မှာထားရင် ချောင်ထဲရောက်ပြီးဘယ်လိုလုပ် ဘုရားဖူးတွေအလွယ်တကူဖူးလို့ရတော့မလဲ လို့ပြော လိုက်တယ် “ လို့ရခိုင်စာရေးဆရာကြီးကကျွန်တော့်ကိုမကြာခနပြောပြပါတယ် ။
ရခိုင်အားလုံးအစွန်းမရောက်ပေမယ့်အချို့သောရခိုင်တွေဟာအစွန်းရောက်အယူအဆရှိတယ် ။ ချေးချောက်ကိုရေနှူးသလို ဘိုးတော်ဘုရားရဲ့သားတော်လက်ထက်က ရခိုင်ကိုတိုက်ခိုက်အနိုင်ယူသွားတာကို ငိုပွဲဖွဲ့ပြီး ရခိုင့်နိုင်ံတော်ကြီးအချုပ်အခြာကျဆုံးခဲ့တဲ့ နေ့ဆိုပြီး ၁၇၈၂ ခု ဒီဇင်ဘာလ ၃၁ ရက်နေ့ကို နှစ်စဉ်၀မ်းနည်းလို့မဆုံးအောင် အမုန်းတရားတွေပွားသထက်ပွားအောင် လုပ်ကြတယ် ။ဒါပေမယ့် ဗမာဘုရင် နန္ဒဘုရင်ရဲ့လက်ထက် ပဲခူးဟံသာ၀တီက ကမ္ဘောဇသာဒီနန်းတော်ကြီးကို ရခိုင်တပ်တွေနဲ့တောင်ငူ တပ်တွေပေါင်းပြီး ၁၅၉၉ မှာ မီးရှို့ဖျက်ဆီး ၊ ရရာမှန်သမျှ လူယက်ယူငင်ကြတာ ကိုတော့ ဗမာတော်တော်များများ ဟာ အရေးအရာလုပ်ပြီး ဘယ်သူမှ မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းအမုန်းတရားတွေပေးမနေလို့ ဗမာတော်တော်များများ ဟာ ပဲခူးကိုရခိုင်တပ်တွေဖျက်သွားတာ သိသူနည်းပါတယ် ။ သိတဲ့သူတွေကလည်း တနုံ့နုံ့ဖြစ်မနေဘူး ။ အော် သူတို့ပဒေသရာဇ် ဘုရင်အချင်းချင်း နန်းလုကြ၊ စစ်ပြိုင်ကြ၊ အာဏာရူးကြတာ ပဲ ၊ လူမျိုးအချင်းချင်း ဘာမုန်းစရာရှိလဲလို့ပဲတွေးကြပါတယ် ။ ထွန်းမြတ်နိုင်တို့လို ဒီဇင်ဘာလရောက်တိုင်း ရခိုင့်အချုပ်အခြားဆုံးရှုံးခဲ့တဲ့နေ့တို့ ၊ ရခိုင့်နိုင်ငံတော်ကြီးကျဆုံးခဲ့တဲ့နေ့လို့ ဘယ်သူမှတွေးမနေအားပါဘူး ။ ဗမာဘုရင် သီပေါမင်းကို အင်္ဂလိပ်က၁၈၈၅မှာ ဖမ်းသွားတော့လည်း ပဒေသရာဇ်စနစ်နဲ့ ကိုလိုနီစနစ်အားပြိုင်ရာမှာ ကိုလိုနီစနစ်ကနိုင်သွားတဲ့ဖြစ်ရပ်တခုလို့ပဲ ဗမာပြည်သူလူထုကအောက်မေ့ပါတယ် ။ ကိုယ့်ဘုရင်ပါတော်မူသွားတာစိတ်မကောင်းဘူး ။ ဒါပေမယ့် ဒါတွေကိုတသသလုပ်မနေဘူး ။ အမျိုးသားအောင်ပွဲနေ့ကိုတောင် သီပေါမင်းပါတော်မူတဲ့နေ့ကို အဆိုပြုပေမယ့် အများစုကလက်မခံဘူး ။ ကိုယ်ရှုံးခဲ့တဲ့နေ့ကို တသသလုပ်နေရင်ဘယ်လိုလုပ်ပြီးကျက်သရေမင်္ဂလာရှိမှာလည်း ၊ ဒါကြောင့် ပထမ ကျောင်းသားသားသပိတ်မှောက်ခဲ့တဲ့ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ကိုပဲ အမျိုးသားအောင်ပွဲနေ့အဖြစ်ကျင်းပခဲ့ပါတယ် ။ဂျပန်နိုင်ငံကိုလည်းအမေရိကန်ပြည်ထောင်စုက ဒုတိယကမ္ဘာစစ်မှာ အနုမြူဗုံးနှစ်လုံးကျဲခဲ့လို့ လူပေါင်း သုံးသိန်းနီးပါး အသေဆိုးနဲ့သေခဲ့ရပေမယ့် ဂျပန်ဟာအမေရိကန်လူမျိုးတွေအပေါ်မှာ အာဃာတမထားခဲ့ပဲ ပူးပေါင်းဆောင်ရွက်လိုက်တာ အခုလိုချမ်းသာလာတာပါပဲ။ ဘိုးတော်ဘုရားသားတော်နဲ့ရခိုင်ဘုရင်ဖြစ်ခဲ့တဲ့စစ်ပွဲ မှာလည်း အခု စာရေးသူအပါ၀င် ဘယ်ဗမာမှ၀င်ပါခဲ့ကြတာမရှိပါဘူး ။ ဖြစ်ခဲ့တာက ၁၈ ရာစုမှာပါ ။ အခုက ၂၁ ရာစုမှာပါ။ အဲဒိတော့ထွန်းမြတ်နိုင်တို့ကိုပြောချင်တာက နာစရာရှိတာတွေ အမုန်းတရားတွေ အာဃာတတွေကိုလျှောက်တွေးနေလို့ကတော့ ဘယ်တော့မှ စိတ်ဒုက္ခသံသရာဆုံးမှာ မဟုတ်ဘူး ။ အစွန်းရောက်မျိုးချစ်စိတ်ကိုဖျောက်ပြီး ပြည်ထောင်စုစိတ်ဓာတ်မွေးမှပဲတိုင်းပြည်ကကောင်းမယ် ။
အခုပဲ မင်းဦးဆောင်ပြီး ရခိုင်ပြည်နယ်မှာထကြွသောင်းကျန်းလိုက်တာ ရခိုင်လူထု နဲ့ မြန်မာနိုင်ငံကြီး ဘာအကျိုးထူးတွေရသလဲ ။ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေရပ်ကုန်တယ် ၊ ရခိုင်တော်တော်များများ စစ်ဘေးရှောင်ဒုက္ခသည်တွေဖြစ်ကုန်တယ်၊ ရခိုင်လူငယ်လေးတွေ မင်းတို့မြေ ှာက်ပေးလို့ လူတသောင်းကျော်သေခဲ့ရပြီ ။ တိုးရစ်တွေလည်း မြောက်ဦး၊ စစ်တွေ စတဲ့ရခိုင်မြောက်ပိုင်းကိုအလာနည်းသွားလို့ဒေသခံ ဟိုတယ်လုပ်ငန်းရှင်တွေ၊ တိုးရစ်ဂိုဒ်တွေ၊မော်တော်ပိုင်ရှင်တွေ၊ ကားပိုင်ရှင်တွေ ၊ မော်တော်မောင်းတဲ့သူတွေ ၊ ကားမောင်းတဲ့သူတွေ ၊ စျေးသည်တွေ အားလုံးအလုပ်အကိုင်ပါးကုန်ကြပြီ ။ နှစ်ဖက်တပ်ဖွဲ့တွေ ရင်ဆိုင်ပစ်ကြခတ်ကြတိုက်ခိုက်ကြလို ဘုရားတွေထိတယ် ၊ ဘုန်းကြီးကျောင်းတွေထိတယ် ၊ လူနေအိမ်တွေထိတယ် ၊ရပ်ထဲရွာထဲလက်နက်ကြီးတွေကျပြီးပေါက်ကွဲတယ်။ မိုင်းတွေထိကြတယ်။ မင်းတို့ဟာက တော်လှန်ရေးလုပ်တာနဲ့မတူတော့ဘူး ၊ ကိုယ့်ဒေသကိုကိုယ် ဒုက္ခပေးနေသလိုပဲ ။ ဘူးသီးတောင်၊မောင်တော စတဲ့ အရပ်ဒေသက လူငယ်လေးတွေ ၊ ပညာမတတ်သူတွေဟာ ဒါတွေကိုမစဉ်းစားနိုင်ပဲ မင်းလျောက်ဖြီးဖြန်းမျှော်လင့်နေတဲ့ ၂၀၂၀ ရခိုင့်နိုင်ငံတော်အိပ်မက်ဆိုတာကြီးကို အဟုတ်ထင်ပြီး အသက်တွေသေပေးနေရတာတန်ရဲ့လား လို့မေးချင်တယ်။
ကရင် အမျိုးသားအစည်းအရုံး ကဖဒိုမန်းငြိမ်းမောင်ပြောတာလေးကို ပြန်ပြီးကိုးကားချင်တယ်။ ဖဒိုမန်းငြိမ်းမောင်ကပြောတယ်
“ဒီနေ့ရခိုင်တွေ စိတ်ကူးယဉ်နေတဲ့ စိတ်ကူးယဉ်အိပ်မက်ဆိုတာကို ကျွန်တော်တို့ကရင်တွေ လွန်ခဲ့တဲ့ နှစ်ပေါင်း (၇၀)ကမက်ခဲ့ပြီးပါပြီ။ကျွန်တော်တို့ကရင်တွေက တော်လှန်ရေးစလုပ်တုန်းက သီးခြားကရင်ပြည်နယ်အနေနဲ့ ကျွန်တော်တို့တာထွက်ခဲ့တာပါ ။ဒါပေမယ့်တကယ်တမ်းတော်လှန်ရေးလုပ်လာတ့အခါ တော်လှန်ရေးအတွေ့အကြုံအရ ၊တော်လှန်ရေးကပေးတဲ့အသိတရားတွေအရ ဒါဟာဘယ်လိုနည်းနဲ့မှမဖြစ်နိုင်ပါဘူး ။ဒီတိုင်းပြည်ကနေကျွန်တော်တို့ကရင်တွေ သီးခြားခွဲထွက်ပြီး နေလို့မဖြစ်နိုင်ဘူး ဆိုတာ ကျွန်တော်တို့ရဲ့ဘဝပေးသင်ခန်းစာတွေအရသိလာရတယ်။ကျွန်တော်တို့စုပေါင်းနေခြင်းကသာ တိုင်းပြည်ဟာ တစည်းတလုံးတည်းဖြစ်မယ်ဆိုတဲ့ဟာကို သိလာခဲ့တယ်။ ဖက်ဒရယ်ပြည်ထောင်စုကိုသွားမယ်ဆိုတာကို ၁၉၄၉ ၊ ၁၉၅၀ လောက်ကတည်းက ကျွန်တော်တို့ကရင်တွေ အဓိကထားပြောခဲ့ကြတာပါ “
အဲဒိတော့ဝါရင့်တော်လှန်ရေးအဖွဲ့ကြီးဖြစ်တဲ့ KNU တောင် အမှန်အတိုင်းသိမြင်လာပြီး ခွဲထွက်တာတို့ ဗမာမုန်းတီးရေးလှုံ့ဆော်တာတို့မလုပ်တော့ဘူး ။ ဥပဒေဘောင်ထဲကနေ ကိုယ့်ပြည်နယ် ကိုယ့်လူမျိး တိုးတက်ရာတိုးတက်ကြောင်းကို ရှာကြံနေပြီ ထွန်းမြတ်နိုင်ရေ။ လက်နက်ကိုင်ပြီးတိုက်ကြတဲ့အခါ အင်အာနည်းသူနဲ့ အင်အားများသူ ရေရှည်မှာ အင်အားနည်းသူဟာတဖြည်းဖြည်း တဖြုတ်ဖြုတ်နဲ့ ပျောက်ပျက်သွားတတ်တယ် ။ တိုက်ပွဲတိုင်း မှာ ရခိုင်တယောက် ၊ တပ်မတော်က တပ်သားတယောက်သေတယ် ထားကြပါစို့ ။ ရေရှည်မှာ ရခိုင်လူငယ်ဘယ်နှစ်ယောက် AA ထဲကိုထပ်ထည့်နိုင်မလဲ ။ ကြာလာတဲ့အခါ ရခိုင်တွေ နာလိမ့်မယ် ။ ရခိုင်အများစုဟာ ရခိုင်ပြည်နယ်မှာမရှိကြဘူး ၊ ရခိုင်လူငယ်အများစုဟာ နိုင်ငံခြားမှာ ၊ ရန်ကုန်မှာ ရောက်နေတာများတယ် ။အဲဒိတော့ အခုလို မိုက်မိုက်ကမ်းကမ်း ဆက်ပြီး လက်နက်ကိုင်လမ်းစဉ်အတိုင်းဆက်တိုက်နေမယ်ဆိုရင် ရေရှည်မှာ ရခိုင်ဘက်ကအကျအဆုံးများလိမ့်မယ် ။ မြန်မာပြည်မှာအင်အားအတောင့်တင်းဆုံးသူပုန်အဖွဲ့ဖြစ်တဲ့ဗမာပြည်ကွန်မြူနစ်ပါတီိလိုပါတီကြီးတောင် နှစ် (၅၀)လောက်တိုက်ပြီးတဲ့အခါ မှာ နောက်လိုက် မရှိသလောက်ဖြစ်သွားခဲ့ဖူးတယ် ။ ရခိုင်ပြည်နယ်မှာ ရခိုင်တွေနည်းသွားတဲ့အခါ မင်းတို့မုန်းတယ်ဆိုတဲ့ ဘင်္ဂလီတွေကပဲ နယ်မြေကြီးစိုးသွားလိမ့်မယ် ။ မင်းတို့နယ်မြေတွေ ၊ မင်းတို့အမျိုးကောင်းသမီးတွေကိုလုယူသွားကြလိမ့်မယ် ။ ဗမာကိုမုန်းရင်းမုန်းရင်းနဲ့ မင်းတို့ကိုဘင်္ဂလီကဝါးသွားလိမ့်မယ် ။
ငါတခုနားမလည်နိုင်တာက မင်းတို့လောက် ကုလားကိုမုန်းတဲ့ တိုင်းရင်းသားလည်းမြန်မာနိုင်ငံမှာမရှိတော့ဘူး ။ ဒါပေမယ့် ဒီနေ့အချိန်အထိ ဘယ်ကုလားရွာကိုမှမင်းတို့၀င်မစီးဖူးဘူး ၊ ဘယ် ARSA အကြမ်းဖက်အဖွဲ့ကိုမှ မင်းတို့ သေနတ်တချက်မဖောက်ဖူးဘူး ။ မင်းတို့နဲ့ အဲဒိ အာတားအူလာတို့ ခေါင်းဆောင်တဲ့ အာရကန်ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးတပ် ဆိုတာက ညီနောင်မဟာမိတ်တွေလား ၊ ရခိုင်တွေကျေးရွာကိုမီး၇ှို့ ၊ ရခိုင်အမျိုးသမီးတွေကို လစ်ရင်လစ်သလို ဒုက္ခပေး ၊ ဗုဒ္စဘာသာ၀င်တွေ ၊ ဟိန္ဒူဘာသာ၀င်တွေကိုသတ် နေတဲ့ အဲဒိ အကြမ်းဖက်အဖွဲ့တွေနဲ့ကျ မင်းတို့ဘာလို့ လက်နက်ကိုင်မတိုက်ကြပဲ မြန်မာမီးသတ်တို့ ၊ ရဲတို့၊လ၀က ၀န်ထမ်းတို့ ၊ဆောက်လုပ်ရေး၀န်ထမ်းတို့ ကျ အနိုင်ကျင့်ဖမ်းဆီးသတ်ဖြတ်နေရတာလည်း ။ အဲဒိတချက်တော့ငါလိုက်မမီဘူး ထွန်းမြတ်နိုင် ။ပြောလိုက်ရင်တော့ AAဟာ ပလက်၀နယ်မြေကိုအခြေပြုထားတာမို့ မေယုတောင်တန်းတဖက်က ဘင်္ဂလီသူပုန်တွေကို မတိုက်နိုင်သေးတာလိုလို ဘာလိုလို ရခိုင်လူငယ်တွေကိုမင်းတို့ဝါဒဖြန့်လေ့ရှိတယ်။ ငါမြင်တာတော့ မင်းတို့ AA ဟာ နိုင်ငံရေးလုပ်နေတာမဟုတ်ဘူး ။ တော်လှန်ရေးလုပ်နေတာလည်းမဟုတ်ဘူး ။ မင်းတို့လုပ်နေတာက
(၁) ဗမာမုန်းတီးရေး
(၂) တပ်မတော်မုန်းတီးရေး
(၃)ဒေါ်အောင်ဆန်းစုကြည်မုန်းတီးရေး
ဆိုတဲ့ အမုန်းသုံးပါးနဲ့အလုပ်လုပ်နေတာကိုတွေ့တာပဲ ။ AAတာ၀န်အမုန်း(၃)ပါးပေါ့ ။ အဲဒါတွေကိုတွေ့နေရတယ်။ တိုးရစ်ဂိုဒ်ချင်းဆိုတော့မြွေမြွေချင်းခြေမြင်ပေါ့ကွာ ။ My Tel ၀န်ထမ်းကိုဖမ်းတာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့အကျိုးစီးပွားကို (မဆီမဆိုင်အောက်ခြေ၀န်ထမ်းကို) တိုက်ခိုက်တာ ၊ ဒေါ်အောင်ဆန်းစုကြည် ICJ ကိုသွားတာကိုထောက်ခံပွဲလုပ်ဖို့ လိုက်လံစည်းရုံးနေတဲ့ ဘူးသီးတောင်မြို့နယ် NLD ပါတီဥက္ကဌ ဦးရဲသိန်းကိုဖမ်းဆီး ပြီး နောက်တော့ တပ်က လက်နက်ကြီးနဲ့ထုလို့သေပါပြီလို့ပြောတာဟာ တကယ်တမ်းကျရင် ဒေါ်အောင်ဆန်းစုကည်အပေါ်မှာ ခါးခါးသီးသီးမုန်းနေတဲ့ အမုန်းကြောင့်ဒါကိုလုပ်တာပဲ ။ မဟုတ်ဘူးလို့မင်းပြောရင် မင်းတို့ရခိုင်အချင်းချင်း ဘူးသီးတောင် NLD ဥက္ကဌကိုဘာမှဖမ်းစရာအကြောင်းမရှိဘူး ။ အဲဒိတော့မင်းတို့ရဲ့ တော်လှန်ရေးဟာ နိုင်ငံရေး အယူအဆကိုအဆင့်မြင့်မြင့်အခြေခံပြီးတော်လှန်တာမဟုတ်ပဲနဲ့ လူမျိုးရေးအစွဲ ၊ အမုန်းတရားတွေနဲ့တည်ဆောက်ထားတာမို့ မအောင်မြင်နိုင်ဘူး ။ ကမ္ဘာပေါ်မှာရှိသမျှလက်နက်ကိုင်တော်လှန်ရေးတွေဟာ လူမျိုးရေးအစွဲ နဲ့ ၊အမုန်းတရားနဲ့လုပ်ခဲ့တဲ့ဘယ်တော်လှန်ရေးမှမအောင်မြင်ဘူး ။ ဆရာစံဟာအင်္ဂလိပ်ကိုမုန်းတဲ့စိတ်သိပ်ကြီးလွန်းတဲ့အမြင်နဲ့တော်လှန်ရေးထလုပ်တော့မအောင်မြင်ဘူး၊ ဗိုလ်ချုပ်အောင်ဆန်းဟာ လူမျိုးရေးအမုန်းတရားမပါပဲ တနိုင်ငံလုံးအကျိုးအတွက် တော်လှန်ရေးလုပ်တော့အောင်မြင်ခဲ့တယ် ။ ဒါပေမယ့် မင်းတို့ဟာ ဗိုလ်ချုပ်အောင်ဆန်းကိုလည်းမုန်းတယ် ၊ သူ့သမီးဒေါ်အောင်ဆန်းစုကြည်ကိုလည်းမုန်းတယ် ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာရခိုင်တွေမဟုတ်ကြလို့ပဲ ။ အဲဒိတော့လူတယောက်ရဲ့အရည်အချင်း ၊ လူတယောက်ရဲ့တန်ဖိုးကို မင်းတို့တိုင်းတာတဲ့ဘောင်ကသိပ်ကျဉ်းလွန်းတယ် ။လူတယောက်ဟာ အရည်အချင်းဘယ်လောက်ရှိရှိ ရခိုင်ဆိုရင်လက်ခံမယ် ၊ ဗမာဆိုရင်ဆန့်ကျင်မယ် ဆိုတဲ့ အတွေးဟာ သိပ်တိမ်ပါတယ် ။ မင်းတို့ဟာ ဘုံပေါက်သာကျော်တို့ ၊ ဦးစိန္တာ တို့ ၊ ဦးဥတ္တမတို့ ပဲ ထပ်ခါတလဲလဲချီးကျူးအားကျမယ် ။ ၊သခင်ကိုယ်တော်မှိုင်းအစ ၊ ဗိုလ်ချုပ်အောင်ဆန်းအလယ် ၊ ဒေါ်အောင်ဆန်းစုကြည်အဆုံးမင်းတို့မုန်းကြမယ် ။ ဘာကြောင့်လဲဆိုတော့ ဗမာဖြစ်နေလို့။ အဲဒိလိုတွေးကတည်းက မင်းတို့ဟာ ဘာနိုင်ငံရေး၊ဘာတော်လှန်ရေး အတွေးအခေါ်မှမရှိပဲ ၁၇၈၂ က ပဒေသရာဇ်စနစ်ကိုပြန်အသက်သွင်းချင်နေတဲ့ခေတ်မီိတော့တဲ့ (ဒိတ်အောက်နေပြီဖြစ်တဲ့) အတွေးအခေါ်တွေနဲ့ လက်နက်ကိုင်တိုက်နေတာလို့ပဲ ငါမြင်ပါတယ် ။မြန်မာပြည်မှာပေါ်ပေါက်ခဲ့သမျှတော်လှန်ရေးအဖွဲ့တွေအားလုံးဟာ ဗ.က.ပ နဲ့KNU ,KIAကအစ၊ ABSDF အဆုံး စစ်ယူနီဖောင်း၀တ်ပြီးရန်သူကိုရဲရဲဝံ့ဝံ့ရင်ဆိုင်ခဲ့တယ် ။ မင်းတို့ AA ကျမှပဲ အရပ်၀တ်နဲ့ထွက်တိုက် ၊ပြီးရင်ရွာထဲ၀င်ပြေးဆိုတဲ့ မိန်းမလျာဗျူဟာနဲ့အလုပ်လုပ်ကြတယ် ။ ရခိုင်လူငယ်တွေက မိုက်ရူးရဲနဲ့အသက်တွေပေးရ၊ ရခိုင်စီးပွားရေးသမားတွေက ရန်ပုံငွေတွေ လစဉ်ထည့်၀င်ရ ၊ ပြည်ပရောက်ရခိုင်အလုပ်သမားလေးတွေက မရှိမဲ့ရှိမဲ့ရန်ပုံငွေတွေထည့်၀င်ကြရ ၊ မင်းကတော့ ဘန်ကောက်လိုလို ၊မဲဆောက်လိုလို မှာထိုင်ပြီးဇိမ်ကျနေရ ။ဗမာမုန်းတီးရေး၊ တပ်မုန်းတီးရေး၊ NLD မုန်းတီးရေးတရားလေးတွေဟောပြီး တော်ကီလေးတွေပေးကာ မင်းသားလိုလို မော်ဒယ်လိုလို ၊ စစ်ဦးစီးချုပ်လိုလို လုပ်နေရ ။ တကယ်သေကြတော့ အောက်ခြေက ရခိုင်လေးတွေ ၊ တကယ်ပြေးကြရတော့အောက်ခြေကပြည်သူလူထု ။ အဲဒါမင်းအတွက်တန်ပေမယ့်သူတို့အတွက်တန်ရဲ့လား ။ မင်းတို့စိတ်ကူးယဉ်နေတဲ့ လွတ်လပ်သော ရခိုင့်နိုင်ငံတော်ကြီးကရော ဘယ်တော့မှဖြစ် လာမှာမဟုတ်ဘူး ။ ပြည်ထောင်စုထဲမှာနေပြီး ဖက်ဒရယ်စနစ်အတိုင်း အာဏာခွဲဝေ ၊သယံဇာတခွဲဝေဖို့ နိုင်ငံရေးအရ တောင်းကြရမှာမဟုတ်ဘူးလား ။ ဒီပုံအဆိုင်းဆက်သွားရင် ရခိုင်တွေပဲလုံးပါးပါး လိမ့်မယ် ၊ အမုန်းတရားတွေဟာ အမှန်ကိုမမြင်နိုင်အောင် တားဆီးပိတ်ပင်ထားလေ့ရှိတယ်။ ပညာဉာဏ်အလင်းနဲ့ အရှိတရားကိုအားလုံးမြင်နိုင်ပါစေ ။ သာလီစွပါ။
သရ၀ဏ်(ပြည်)
No comments:
Post a Comment