Twitter Bird Gadget

Wednesday, December 25, 2019

ဗိုလ်ချုပ်ရဲ့စကား

ဟေ့ ...တာယာ
  အပြင်ကစကားပြောနေတဲ့ကောင်တွေ အကုန်လုံး
  အမြန်ဆုံးငါ့ဆီခေါ်ခဲ့စမ်း....သွား ....မြန်မြန်ကွ ...
  အော်ငေါက်ကာ ကျွန်တော့ဖက်သို့လှည့်၍ အမိန့်ပေး
  လိုက်၏ ။
           ပါးစပ်သရမ်းနေသော ဘားသားချောများက
  သူတို့ခေါင်းမီးလောင်တော့မည့် အခြေအနေကို အခုထိ
  မရိပ်မိ    ပုံမကျပန်းမကျဝတ်စုံများကိုသာကြည့်ရင်း
  တဟားဟားပွဲကျနေကြကုန်ပင်   ကျနော်လည်းတချိုး
  တည်းသွားရောက်ကာ  ဘာသားချောများအားလုံးကို
  (အရာရှိအရာခံ တပ်ကြပ်သားပါမကျန် ) ဗိုလ်ချုပ်အမိန့်
  အရ သူ့ရုံးခန်းထဲသို့ခေါ်ယူခဲ့ပေ၏ ။
           အထဲရောက်သောအခါ ကျနော်ကစစ်ထုံးစံအတိုင်း
  အားလုံးကိုခေါ်ဆောင်လာပြီးကြောင်းသတင်းပို့ကာ
  အလေးပြုလို့ပင်မဆုံးသေး
            မင်းတို့ဘာကောင်တွေတုန်းကွ

 
             ဟေ့ ... ငါမေးနေတာမကြားဘူးလား
  စူးစူးဝါးဝါးမေးမြန်လိုက်သည့် ဗိုလ်ချုပ်၏အသံသည်
  စစ်ဌာနချုပ်တခုလုံးကိုလွှမ်းမိုးသွားပါတော့သည်
         ပြောကြစမ်း .... မင်းတို့ဘာကောင်တွေတုန်း
  ငါမေးနေတာမကြားဘူးလား
          အခုတင် မင်းတို့ ရယ်လားမောလားနဲ့
          ပြောနေကြတာတွေလေ
  ဒုတိယအကြိမ် ဗိုလ်ချုပ်က စူးစူးဝါးဝါးအော်ဟစ်မေးမြန်း
  လိုက်ပြန်သည် ။  အမေးခံရသူအားလုံး မျက်နှာသေ
  ကလေးတွေနှင့် ဣဒြေပျက်ကာတုန်နေကြပြီ
         ကျနော်တို့စစ်ဝတ်စုံတွေညံ့တာနဲ့
         ဝေဖန်မိပါတယ်  ဗိုလ်ချုပ်
  ဗိုလ်ကြီးအဆင့်ရှိသူ တာဝန်ခံတယောက်က အရဲစွန့်ကာ
  ပြောကြားသတင်းပို့လိုက်ပါသည် ။ 
           ဘာကွ ... ဝတ်စုံတွေ ကြမ်းတယ် ညံ့တယ်
  လက်တောင်မသုတ်ချင်ဘူး ...ဟုတ်လား ...
  ငါအကုန်ကြားတယ်  မင်းတို့အကုန်ပြောနေတာတွေ
  ကျယ်လောင်စွာပြောလိုက်ပြီး  ဗုလ်ချုပ်သည် ကုလားထိုင်
  မှဗြုံးကနဲ ထ ရပ်ရင်း တန်းစီထားသူများရှေ့သို့ ရုတ်ခနဲ
  တက်လာကာ မင်းတို့ ငါအုပ်ချုပ်နေတဲ့တပ်ထဲက အခု
  ထွက်ကြ အလကားကောင်တွေ မင်းတို့ကို ငါ နည်းနည်း
  မှအထင်မကြီးတော့ဘူး ...အလကား နွားတွေ
  ငါတို့ ယိုးဒယားကနေ ဒီအထိရန်သူကိုရင်ဆိုင်တိုက်ခိုက်
  လာတာ ဘာတွေဝတ်ပြီး တိုက်ခဲ့ကြလဲ ပြောကြစမ်း
  စိတ်လိုက်မာန်ပါ လက်သီးလက်မောင်းတန်းကာ မေး
  လိုက်ပြန်သည် ။
           မင်းတို့က အခုမှ  ယူနီဖောင်းလေး  စစ်ဝတ်စုံလေး
  ဘာလေးနဲ့ ရေးကြီးခွန့်ကျယ်လုပ်လို့
           ဟေ့ .... တိုင်းပြည်နဲ့လူထုအတွက်ဆိုရင်  စစ်ဝတ်
  စုံမရှိလို့  ခါးတောင်းကြိုက် တိုက်ရရောဘာဖြစ်သေးလည်းကွာ  (မှတ်ပလားကွာ
  အဲဒါ ဟိုအရင်တုန်းက  ဗိုလ်ချုပ် )
           ဟေ့ ...တိုင်းပြည်နဲ့လွတ်လပ်ရေးအတွက်
  ကိုယ်တုံးလုံးချွတ်တိုက်ရရော "ယီး"ဖြစ်လား ပြောစမ်း
  (ရင်ထဲက ကရုဏာဒေါသောနဲ့ပြောလေ့ရှိတဲ့  အဲဒီလို
  စကားမျိုးတွေကြောင့်  ဗိုလ်ချုပ်ကို ရိုင်းတယ်လို့ပြော
  ချင်တာလား )
          စစ်တိုက်နိုင်ဖို့သာ အဓိကကွ  အခုတော့ မင်းတို့က
  ကြီးကြီးကျယ်ကျယ်စကားတွေပြောလို့ ဗိုလ်ချုပ်ကတန်းစီ
  ရပ်နေသူအားလုံးကို တယောက်ချင်းစေ့စေ့ကြည့်ကာဝေဖန်ရင်းအော်ငေါက်
 နေ၏ ။
          အခုတော့ မင်းတို့ပြောနေတဲ့စကားတွေက
  တိုက်ပွဲမှာကျဆုံးခဲ့ရတဲ့ရဲဘော်တွေကို သစ္စာဖောက်နေသလိုပဲကွ ။ အလကားသစ္စာဖောက်တွေ
  မင်းတို့ကို ငါ့တပ်ထဲမှာမထားဘူး ။ ထုတ်ကိုထုတ်ပစ်ရ
  မယ်  အချောင်သမားတွေ
           အကျိန်းခံရသူအားလုံးမှာမျက်ရည်ကျသူကကျ
  ဒူးခြင်းရိုက်ခတ်သူရိုက်ခတ်နှင့် အတော်ပင်စိတ်ထိခိုက်
  နေကြပြီ ။ ဗိုလ်ချုပ်သည် ခေါက်တုန့်ခေါက်ပြန်လမ်း
  လျှောက်ရင်း ဘာလည်းကွ  မင်းတို့က ဂျပန်တွေကားစီး
  ပြီး အဝတ်ကောင်းဝတ်နေတာကို အားကျနေတာလား
          ဟေ့ ...မင်းတို့မှတ်ထား
 ငါတို့တပ်မတော်သားဆိုတာ  ပြည်သူလူထုရဲ့သားသမီး
  တွေကွ  ခုကြည့်စမ်း  ပြည်သူတွေဘဝကို စစ်ဘေး
  စစ်ဒဏ်ကတဖက် ဖက်ဆစ်ငပုတွေရဲ့အနိုင်ကျင့်ဗိုလ်ကျ
  တာကတဖက်  ဒါကိုမင်းတို့လိုကောင်တွေကဇိမ်ခံချင်နေ
  ကြတယ် အဝတ်ကောင်းတွေဝတ်ချင်တယ်
          ဒုက္ခရောက်နေတဲ့ပြည်သူတွေမျက်နှာမှမထောက်
  မင်းတို့အခွင့်အရေးတွေပိုယူနေချင်ကြတယ်
          မှတ်ထား  အဲဒီလိုအမြင်မျိုးတွေ  အကျင့်မျိုးတွေ
  ရှိနေသမျှ  ငါမျှော်မှန်းလာတဲ့ပြည်သူ့တပ်မတော်နဲ့
  တော့ ဝေးပါသေးတယ်ကွာ ။ ( မှတ်ထားကြဟေ့  ဗိုလ်ချုပ်  ပြောသလိုပဲ )
            သိပ်ရှက်စရာကောင်းတယ်  မင်းတို့ပြည်သူ
  လူထုအတွက်စစ်တိုက်နေတယ်ဆိုတာ အလကားပဲ
  လုံးဝအဓိပ္ပါယ်မရှိဘူး ( မှန်လိုက်တာ ဗိုလ်ချုပ်ရယ် )
          မင်းတို့ပြည်သူလူထုနဲ့အဲသလိုကြပ်ကြပ်သွေးခွဲ
  စိတ်တွေထားကြ နောင်တချိန်မှာ ပြည်သူ့တပ်မတော်တော့ ဖြစ်မလာဘူး  ပြည်သူ့ချဉ်ဖတ်
  ပဲဖြစ်လာလိမ့်မယ်  အလကားခွေးကောင်တွေ  ဘာမှ
  အသုံးမကျတဲ့ကောင်တွေ
          မင်းတို့ကို ငါ့တပ်ထဲက ထုတ်ကိုထုတ်ရမယ်
  ဒေါနဲ့မောနဲ့ ကျနိးဝါးလိုက်ပြန်သည်
           မှားပါပြီ ဗိုလ်ချုပ်  ကျနော်တို့နောက်တရပါပြီ ။
  ငိုသံများနှင့် အရာရှိနှစ်ဦးက ကတုန်ကရင်တောင်းပန်
  တိုးလျှိုးလိုက်ပါသည် ။ (သိပ်ချစ်စရာကောင်းတဲ့ ဗိုလ်ချုပ်
  နဲ့ သူ၏တပည့်များ )
          ငါဘယ်လို ဝတ်ထားသလည်း ကြည့်ကြစမ်း
  မင်းတို့နဲ့ဘာခြားလည်း  မင်းတို့က ကြီးကြီးကျယ်ကျယ်
  လုပ်လို့ကွာ  ဗိုလ်ချုပ်သည် သူ၏စစ်ဝတ်စုံအနွမ်းကို
  ပုတ်၍ပုတ်၍ပြပြန်သည်
          မှားပါပြီ ဗိုလ်ချုပ်  ကျနော်တို့အမှားကိုသိပါပြီ ။
  မျက်ရည်ဖြိုင်ဖြိုင်ဖြင့် ဝိုင်း၍တောင်းပန်ကာ အသနားခံ
  လိုက်ကြပြန်သည် ။
         ဗိုလ်ချုပ်သည် ဒေါသထွက်နေသောမျက်လုံးကြီးများ
  ဖြင့် တောင်းပန်နေသူများကို ဝင့်ကြည့်လိုက်ရင်း
          မှတ်ထား   ငါ့တပ်ထဲမှာ အခွင့်အရေးယူချင်တဲ့
  ကောင်တယောက်မှမရှိစေရဘူး
          လူထုငတ်ရင် အားလုံးငတ်ရမယ်
          လူထုဆင်းရဲရင်အားလုံးဆင်းရဲရမယ်
  အခုတော့ မင်းတို့ကောင်တွေကွာ  ငါလိုက်ပြီးကန်ထုတ်
  လိုက်ရရင်  သွားစမ်း   မြန်မြန်ထွက်သွား
   အကောင်စုတ်တွေ   ကြာကြာနေရင်   ငါစော်မိလိမ့်မယ်
  ဗိုလ်ချုပ်က ကျိန်ဝါးကာမောင်းနှင်ထုတ်လိုက်သည် ။
  ပါးစပ်သရမ်းမိသူအားလုံးလည်း
        အရေးတကြီး   ဗိုလ်ချုပ်ကိုအလေးပြုကာ
  ကြောက်ကြောက်ရွံ့ရွံ့နဲ့သုတ်ချေတင်ကြလေပြီ ။
  ကျနော်သည်လည်း  ညာလက်ကိုမြှောက်ကာ  ဦးထုပ်
နခမ်းတွင်  တင်းတင်းကပ်လျှက် အလေးပြုခြင်းအားလုံး
  တို့ထက်သာလွန်၍  သူ၏ဦးဆောင်ပီသမှု  ပြည်သူ
  လူထုအပေါ်ညှာတာမှု  ရဲဘော်ရဲဘက်ရှိမှုတို့အတွက်
  ရောင်ပြန်ဟတ်လာသော ရိုသေလေးစားမှုစိတ်ဓာတ်
  အပြည့်ဖြင့် တကယ်ခေါင်းဆောင် စစ်သေနာပတိကောင်း
  ပီသလှပါသည့် ဗိုလ်ချုပ်   နှုတ်ဆက်အလေးပြုလိုက်
  ရပါတော့သတည်း ။

      ဗိုလ်တာယာ၏သမိုင်းဝင်စကားများကိုထပ်ဆင့်ခံစား ပါစေတော့ရယ်လို့..........
       

No comments:

Post a Comment