Twitter Bird Gadget

Tuesday, March 19, 2019

One truth

အမေစုကို အရမ်းဝေဖန်တာပဲနော်တဲ့။

" အဝေဖန်မခံရသေးတာ မအောင်မြင်သေးလို့ပါ အောင်မြင်လာလေ ဝေဖန်ခံရလေပါ။ "

လုပ်ရပ်တစ်ခုကို မြင်ပြီး လူတစ်ယောက်က တစ်မျိုးတွေးပြီး တစ်မျိုးပြောနေတာ လူအယောက်တစ်ထောင်ဆိုလျှင် မြင်တဲ့အမြင်တစ်ထောင်ဖြစ်သွားပါလိမ့်မည်။ အမြင်တစ်ထောင်လုံးကို အကောင်းကြီးလို့မှတ်လို့မရဘူးလေ။ အမှန်တစ်ခုတည်းပေမည့် အမြင်အမျိုးမျိုးဖြစ်နေတာ မြင်တဲ့သူရဲ့ဉာဏ်ပညာနှင့်ဆိုင်ပါတယ်။

အလုပ်လုပ်လေ အကြည့်ခံရလေ၊ ဝေဖန်ခံရလေ။ အလုပ်မလုပ်တဲ့ ငပျင်းကို လူမသိဘူး။ လူမသိတော့ ဘယ်သူကမှလည်း အရေးစိုက်ပြောမနေတော့ဘူး။ တိုင်းပြည်အတွက်အလုပ်လုပ်တဲ့သူကတော့ အလုပ်အများကြီးလုပ်ရမှာပဲ၊ လုပ်သမျှအလုပ်တိုင်း အားလုံးထောက်ခံတယ်လို့မှ တွေးလို့မရတာ။ ဒါကြောင့်ဝေဖန်ခံရမှာပဲ။ အမှန်တွေလုပ်နေပါစေ။ ဝေဖန်သူက သူ့အလုပ်သဘောရဝေဖန်မှာပဲ။

" Thousand people, thousand hearts, thousand opinions; One truth.”

"" လူတစ်ထောင်၊ နှလုံးသားတစ်ထောင်၊ အမြင်ပေါင်းတစ်ထောင်၊ဒါပေမယ့် အမှန်တရားတစ်ခု ။ ""

အချိန်တွေကြာလာလျှင် လူတစ်ထောင်ရဲ့အမြင်တစ်ထောင် ပျောက်ကွယ်သွားလိမ့်မည်။ အမှန်တရားတစ်ခုကတော့ ကျန်လိမ့်မည်။ ၈၈ ထဲက အမေစုတစ်ယောက်တည်းတိုက်ခဲ့တယ်။ သူဘက်မှာ တိုင်းပြည်ကောင်းစေချင်တယ်ဆိုတဲ့ အမှန်တရားတစ်ခုပဲရှိတယ်။ အခုလည်း နိုင်ငံတော်အတိုင်ပင်ခံဘဝမှာလည်း ဒီအမှန်တရားကို ဆက်လက်ဆုပ်ကိုင်နေဆဲပဲ။

" အမှန်လုပ်တဲ့သူအတွက် အားလုံးကြိုက်ဖို့ မလိုဘူး လိပ်ပြာသန့်ဖို့ပဲလိုတယ်။ မကြိုက်တဲ့သူက ဝေဖန်တာ ဆန်းတာမှ မဟုတ်တာ။ "

No comments:

Post a Comment