၁၅၀၀ဆင်းကဒ်
အကြောင်းပဲပြောတယ်
အဲဒီ ၁၅၀၀တန်ကိုသိန်း( ၃၀ ) နဲ့ရောင်းစားသွားတဲ့အကြောင်း
သူတို့မပြောဘူး။
မြစ်ဆုံစီမံကိန်း
ရပ်တန့်ပေးနိုင်ခဲ့တယ်ပဲပြောတယ်
အဲဒီ မြစ်ဆုံစီမံကိန်းကို ရောင်းစားခဲ့တဲ့အကြောင်း
သူတို့မပြောဘူး။
အခွန်
ကောက်တယ်ပဲပြောတယ်
နိုင်ငံတော်ရဲ့အမြှင့်ဆုံး
ဘတ်ဂျက်ကိုတောင်းပြီး
အဲ့ဒီဘတ်ဂျက်ကို စစ်ဆေးခွင့်မရှိတဲ့အကြောင်း
သူတို့မပြောဘူး။
စစ်တပ်မရှိရင် ဘာဖြစ်သွားမလဲပဲပြောတယ်
အဲ့ဒီစစ်တပ် ဘယ်နေရာမှာရှိသင့်တဲ့အကြောင်း
သူတို့ မပြောဘူး။
တိုင်းပြည်
စီးပွားပျက်တာပဲပြောတယ်
တိုင်းပြည်စီးပွားပျက်အောင် သူတို့တွေစီးပွားဖြစ်
ခိုးသွားတဲ့အကြောင်း
သူတို့ မပြောဘူး။
အမျိုးဘာသာသာနာ
စောင့်ရှောက်မယ်ပဲပြောတယ်
သံဃာတွေကိုမီးလောင်ဗုံးတွေနဲ့ပစ်ပြီး လယ်တီသိမ်ကို ဖြိုချဖျက်ဆီးသွားတဲ့အကြောင်း
သူတို့မပြောဘူး။
ကုလားတိုင်းပြည်
ဖြစ်တော့မယ်ပဲပြောတယ်
အဲ့ဒီကုလားတွေကို
ခိုးသွင်း ဝှိုက်ကဒ်ထုတ်ပေးပြီး လွှတ်တော်ထဲအထိ ရောက်အောင်
ခေါ်ခဲ့တဲ့အကြောင်း
သူတို့မပြောဘူး။
တရားဥပဒေ
စိုးမိုးမှုမရှိဘူးပဲပြောတယ်
တစ်သက်တကျွန်းချခံရတဲ့
တာကောတွေကို ရှစ်ရက်လောက်နဲ့နယ်စပ်မြို့ထိ ကားနဲ့လိုက်ပို့ပေးလိုက်ရတဲ့အကြောင်း
သူတို့မပြောဘူး။
အရိုး
စည်းရိုးထိုးမယ်ပဲပြောတယ်
ဘင်္ဂလားဒေ့ရ်ှကို စာရွက်ပေါ်တင် လက်မှတ်ထိုးပြီး မြန်မာ့ရေပိုက်နက်တွေကို အသာတကြည်ပေးလိုက်ရတဲ့အကြောင်း
သူတို့မပြောဘူး။
တစ်လက်မမှ
အထိမခံဘူးပဲပြောတယ်
ရခိုင်- ကူမင်း ဓာတ်ငွေ့ပိုက်လိုင်းကြီး မြန်မာပြည်ကို ထက်ပိုင်းဖြတ်ပြီး နယ်ချဲ့သွားတဲ့အကြောင်း
သူတို့မပြောဘူး။
ပညာရေးကိုတိုးတက်အောင် မြှင့်တင်မပေးနိုင်ဘူးပဲပြောတယ်
ပညာရေးဆိုတာပြန်မရနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုလို့ ပြောတုန်းက
သူတို့ဘာမှမပြောရဲဘူး။
ငါးနှစ်ပြည့်တော့မယ်
ဘာမှမတိုးတက်ဘူးပဲပြောတယ်
နှစ်ပေါင်းငါးဆယ်ကျော် အုပ်ချုပ်ပြီး တိုင်းပြည် အဘက်ဘက်က နိမ့်ကျပျက်စီးသွားတဲ့အကြောင်း
သူတို့မပြောဘူး။
တိုင်းရင်းသား ( ၁၃၅ ) မျိုးပဲရှိတယ်ပြောတယ်
( သိပ်မှန်တာပေါ့ )
ဒါပေမယ့် မုန်းဝန်းဗမာဆိုပြီး လုပ်သွားတဲ့အကြောင်း
သူတို့ဘာမှမပြောဘူး။
အာဏာရှင်ဒီမိုကရေစီခေတ်လို့ သူတို့ပြောတယ်
မတရာအာဏာသိမ်းပြီး ခိုဆိုးလုနိုက်သွားတဲ့အကြောင်း
သူတို့ဘာမှမပြောဘူး။
မခိုးတဲ့အစိုးရ
ခိုးတယ်ပဲပြောတယ်
ခိုးသွားတဲ့အစိုးရ ခိုးသွားလို့အရစ်ကျပြန်ဆပ်နေရတာ ခုထိမကျေသေးတဲ့အကြောင်း
သူတို့ဘာမှမပြောဘူး။
အဲ့တော့--- အဲ့တော့---
ပြောပြစရာတွေလည်းတပုံကြီး
ခုလိုပြောလို့ မကျေနပ်ရင်
ကိုယ့်ကိုကိုယ် ကြက်ဆူဆီလောင်းပြီး
မီးရှို့သေလိုက်ကြ။---။
Source
No comments:
Post a Comment