Twitter Bird Gadget

Friday, December 21, 2018

ဇီးပင်ကြီး စစ်တမ်း ( အပိုင်း သုံး )


--------------------------------------------
``ပလုံ ပလုံ မြည်သွားသော ၂၅၂ သိန်းနှင့် ဖော်ရှိုးနိုင်ငံတော်ကြီးတည်ထောင်တော်မူခဏ်း´´

အလုပ်တခု အောင်မြင်တယ် မအောင်မြင်ဘူုးဆိုတာ အဆိုပါအလုပ်ကထွက်လာတဲ့ result ပေါ်အခြေခံပါတယ်။ ဘယ်လောက်ဘဲ ပြဲနေအောင်လုပ်လုပ် Result က မကောင်းရင် ပင်ပန်းတာဘဲ အဖက်တင်ပါလိမ့်မယ် ။
#ပြာသာပြာတယ်ဖွဲမထွက်ဘူး ဆိုတဲ့ စကားပုံလိုပေါ့ ။

အခု ဗ၀တ နှစ်ကျောင်းမှာလဲ အဲ့လိုပါဘဲ ၊
(1) မိမ်ိတို့ သင်ကြားပို့ချလိုက်တဲ့ ပို့ချချက်တွေဟာ သင်တန်းသားတွေရဲ့ တဦးချင်းစီဘ၀မှာ ဘယ်လောက်များ အကျိုးရှိသွားလဲ ၊
(2) ၀န်ထမ်းတဦးချင်းစီကနေရော ၀န်ထမ်းလောက ကိုဘယ်လောက်သက်ရောက်မှူ ရှိသွားလဲ

ဒီသက်ရောက်မှု ကရော ပြည်သူကို ဘယ့်လောက် အကျိုးရှိသွားစေလဲ

တဖန် ဒီလို Training ရထားတဲ့ ၀န်ထမ်းတွေကရော ပြည်သူကို ဘယ့်လောက်မျက်နှာမူသလဲ စသဖြင့် စသဖြင့် အားလုံးက တခုနဲ့တခု ဆက်စပ်မှု ရှိနေပါတယ်။

ဒီ ၀န်ထမ်းတက္ကသိုလ် နှစ်ခုကနေ တိုင်းပြည်ဘဏ္ဍာကို သုံးစွဲနေတာ မနည်းပါဘူး
ကျွန်တော်တို့ အရာထမ်းလောင်းအခြေံသင်တန်းဆိုရင် သင်တန်းသားတယောက်ရဲ့ အစားအသောက်အတွက် တနေ့စာ နေ့တွက်စားရိတ်က ၇၀၀ ကျပ်ပါ ။
တယောက်ကို ၇၀၀
ဆယ်ယောက်ဆို ၇၀၀၀
အယောက်တရာ ၇၀၀၀၀
ကျွန်တော်တို့သင်တန်းသည် အယောက် ခြောက်ရာနီးပါးရှိတော့ လေးသိန်းနှစ်သောင်း
တရက်ကို ၄၂၀၀၀၀ ကျပ်. တလကို ၁၂၆ သိန်း
သင်တန်းကာလက နှစ်လဆိုတော့ ၂၅၂ သိန်း 😆😆😆

ဒီကုန်ကျစရိတ်သည် အရာထမ်းလောင်းအခြေခံ အထူးသင်တန်း အမှတ်စဉ် (၅) တခုတည်း အတွက် ကုန်ကျစရိတ်ပါ ။
ကျွန်တော်တို့သင်တန်း တက်နေစဉ် အတွင်းမှာ တခြားသော သင်တန်းအမျိုးအစားတွေဟာလည်း တပြိုင်တည်း တနှစ်ပတ်လုံး အဆက်မပြတ်ရှိနေတာပါ ၊

ရာထူးမြင့်သင်တန်းတွေဆိုရင် နေ့တွက်စားရိတ်သတ်မှတ်ချက်က ပိုများပါတယ်၊
ဒီတော့ သင်တန်းသားတွေအတွက် ကုန်ကျစားရိတ်တွေ တက္ကသိုလ် ကြီး တခုလုံးက ၀န်ထမ်းတွေရဲ့လစာတွေ တက္ကသိုလ်ကြီးလည်ပတ်ဖို့အခြားသော အသေးသုံး အကြီးသုံး နဲ့တကွ အထွေထွေအသုံးစရိတ်တွေနဲ့ တွက်ကြည့်ရင် တိုင်းပြည်ဘဏ္ဍာ ကိုမနည်းမနောသုံးစွဲထားတာပါ

ဒီလို နိုင်ငံတော်က အကုန်အကျခံနေလို့ ို့သင်တန်းသားတွေဘက်ကလည်း ကုန်ကျစားရိတ်မရှိဘူးလားဆိုတော့ အဲ့လိုလည်း မဟုတ်ပြန်ပါဘူး ။

ဒီသင်တန်းလာတက်ဖို့ ၀ယ်၇ခြမ်းရကုန်ကျစားရိတ်တွေ သင်တန်းတက်နေစဉ်မှာ အမျိုးမျိုးသော ကုန်ကျစားရိတ်တွေ ခရီးသွားလာရစရိတ်တွေ နဲ့ ထိုက်သင့်သလောက်တော့ ကုန်ကျတာပါဘဲ၊ အထူးသဖြင့်တော့ တဦးချင်းစီမှာ ပေးဆပ်လိုက်ရတဲ့ အချိန်တွေက ပိုလို့ တန်ဖိုးရှိတာအမှန်ပါ
ဒီတော့ ဒီလိုတွေအကုန်အကျခံပြီးမှ ထိုက်သင့်တဲ့ အကျိုးရလဒ်ရော ရကြရဲ့လား

``နိုင်ငံတော်ဘက်ကရော ကုန်ကျခံလိုက်ရတာနဲ့ တန်တဲ့ ၀န်ထမ်းတွေ ရလိုက်ရဲ့လား´´

``သင်တန်းသားတွေဘက်ကရော ကိုယ်ပေးလိုက့် ရတဲ့ အချိန်တွေအတွက် အကျိုးရှိတာကို
မြိုးမြိုးမြတ်မြတ်ရလိုက်ရဲ့လား ´´

ဆိုတာကို ကျွန်တော်တို့ ၀န်ထမ်းတွေ နဖူးပေါ်လက်တင်ပြီး စဉ်းစားချိန်တန်နေပါပြီ

ဒီတက္ကသိုလ်ကို တည်ထောင်ရတဲ့ ရည်ရွယ်ချက်က လက်ရုံးရည် နှလုံးရည် နဲ့ပြည့်စုံတဲ့ ပြည်သူ့၀န်ထမ်းတွေကို မွေးထုတ်ပေးဖို့်ပါ ။
လက်ရုံးရည် ဆိုတဲ့နေရာမှာ ၀န်ထမ်းတွေရဲ့ သက်ဆိုင်ရာလုပ်ငန်းခွင်မှာ ကျွမ်းကျွမ်းကျင်ကျင် စွမ်းဆောင်နိုင်မှုကို ဆိုလိုတာပါ ။
အခု ဗဟို၀န်ထမ်းတက္ကသိုလ်မှာ သင်တန်းသားတွေကို သင်နေရတဲ့ သိုင်းသင်တန်းတွေကို မဆိုလိုပါဘူးနော်😂😂😂
ဤကားစကားချပ်
( အင်းပေါ့လေ ……နိုင်ငံတော်ကြီးကို စစ်လက်နက်အားကိုးနဲ့မှ ကာကွယ်နိုင်မယ်လို့ ထင်နေကြတဲ့ အထုံကလည်း ဖျောက်ဖို့အတော်ခက်တာပါကလား အရပ်ကတို့ရေ😆😆😆)

အရေးကြီးဆုံးက နှလုံးရည်တဖြစ်လဲ Mindset ပါ ။
Mindset သည် အင်မတန့် အင်မတန်မှကို ပြောင်းလဲဖို့ခက်ပါတယ်
လက်ရှိ မြန်မာနိုင်ငံ ၀န်ထမ်းလောကကို လေ့လာကြည့်ရင် သုံးမျိုးသုံးစားတွေ့ရပါလိမ့်မယ်

ပထမ အမျိုးအစားကတော့ ပြီးခဲ့တဲ့ အာဏာရှင်စနစ်မှာ အသားကျပြီးသား ထိုစဉ်ကရွှေရောင်တောက်ပခဲ့သော နေ့ရက်များကိုသာ နှစ်သက်သဘောကျပြီး လက်ရှိ ဒီမိုကရေစီ စနစ်နဲ့ အံချော်နေတတ်သော ပြန်လည်တမ်းတ ငယ်ဘ၀ ပိုင်ရှင်များ
( ဒီ၀န်ထမ်း အမျိုးအစားကတော့ နည်းပါတယ်)

ဒုတိယအမျိုးအစားကတော့ ခေတ်စနစ်ြ့ကီးကို ပြောင်းလိုက်မဟဲ့ အလုပ်တွေကို ကြိုးစားလုပ်လိုက်မဟဲ့ လို့ကြုံးဝါးကာ ကြိုးစားနေသော ၀န်ထမ်းများ
( ဒီအမျိုးအစားကလည်း ၊ များသောအားဖြင့်ကတော့ ၀န်ထမ်းပါးမဝသေးတဲ့ သစ်လွင်၀န်ထမ်းပေါက်စလေးတွေ များပါတယ်)နည်းတော့နည်းသေးပါတယ်

တတိယအမျိုးအစားကတော့ မလုပ် မရှုပ် မပြုတ် ထားရာစေ နေရာသွား ပြန်မပြော ခိုင်းတာမှန်သမျှ ပြန်လှန်မေးခွန်းမထုတ်ဘဲ အကုန်လုပ်ပေးတတ်သော ဘာသိဘာသာ နေတတ်တော်မူပေထသော အကြင် ၀န်ထမ်းအမျိုးအစားသည်ကတော့ အများစုပင်ဖြစ်ချေတော့သည်တကား......

၀န်ထမ်းလောကမှာအရိုးစွဲနေတဲ့ mindset ကို လက်ရှိသွားနေတဲ့ ဗ၀တမှာသင်ကြားနေတဲ့ ပုံစံနဲ့တော့ ဘယ်လိုမှ အစွဲချွတ်လို့ရမှာမဟုတ်ဘူးဆိုတာ မြေကြီးလက်ခတ်မလွဲပြောရဲတယ်။

ဘာလို့လဲ........ ရှင်းပြပါရစေ
သင်တန်းသားတွေကို သင့်တင့်လျောက်ပတ်တဲ့ အိပ်ဆောင်မစီစဉ်ပေးနိုင်တော့ ဘားတိုက်တခုထဲမှာ အယောက် အစိတ်လောက်ထည့်ထားရတယ် ။ ဒီအယောက် အစိတ်က တယောက်ချင်းစီရဲ့ ပစ္စည်းတွေနဲ့ဆိုရင် ဘားတိုက်က ကြွက်သိုက်သာသာဖြစ်သွားမှာဆိုတော့ နေ့လည်နေ့ခင်း လြူ့ကီးတွေလာစစ်တဲ့အခါ တခါတရံ သသည်တော်တွေကို လိုက်ြ့ပတဲ့အခါ အရာရာဟာ အစီစဉ်တကျနဲ့ သန့်ရှင်းသပ်ရပ်နေပါတယ်ိလို့ ယူဆသွားအောင် ၇ှိသမျှပစ္စည်း စတိုထဲသိမ်းကြုံးထည့်လို့ အိပ်ရာပေါ်မှာ Kit ခင်းခိုင်းတယ်
#ဒါဟာ For Show ဘဲ

လက်ခုပ်တီးရင် အခမ်းအနားအဖွင့် အပိတ်ဆိုရင် ဘယ်နှစ်ချက် မိန့်ခွန်းပြီးသွားရင် ဘယ်နှစ်ချက်ဘဲတီးရမယ်ဆိုပြီး ကြိုတင်မှာထားတယ်
#ဒါဟာ For Show ဘဲ

လူကြီးတွေနဲ့ သည်တွေလာရင် ဒံပေါက်တို့ ၀က်သားဟင်းတို့ချက်ပြီး ဒီလူကြီးတွေ ည်တွေကိုပါ
သင်တန်းသားတွေနဲ့ ထမင်းအတူစားခိုင်းတယ် ၊
#ဒါဟာလည်း For Show ဘဲ

သင်တန်းဆင်းစုပေါင်း ဓါတ်ပုံရိုက်ဖို့ဆြို့ပီး ရှိသမျှ သင်တန်းသားအကုန်လုံးကို အရပ်တိုင်းပြီး အနိမ့်အမြင့်စီတယ် ။ ၇ီဟာဇယ်လုပ်တယ်
#ဒါတွေဟာလည်း for Show ဘဲ

သင်ခနုးစားတွေပို့ချပြန်တော့ရော မူဝါဒနဲ့ မကိုက်ညီတာတွေကို သင်တဲ့ဆရာတွေက သူတို့ရဲ့ Emotion အရ ထည့်ပြောကြတယ်

သင်တန်းကာလတွေမှာ ဖော်ရှိုးတွေ သင်ရင် သင်တန်းသားတွေက ဖော်ရှိုးတွေဘဲ တတ်မှာဘဲ
ဖော်ရှိုးတွေတတ်ပြီး လုပ်ငန်းခွင်ထဲ ရောက်သွားတော့ဖော်၇ှိူုးအလုပ်တွေလုပ်ကြ့့ပီး ဖော်ရှိုးသမ္မတမြန်မာနိုင်ငံတော်ကြီးကိုတည်ဆောက်ကြပေရော့ဘဲ

ဒါကိုပြင်ချင်ရင် ရာထူး၀န်အဖွဲ့အနေနဲ့ အမြစ်ကစပြီးဖြတ်မှဘဲရမှာ
သားဖွားဆရာမ တိုက်နယ်ဆရာ၀န် လက်ထောက်ဆရာ၀န် အငယ်တန်းစာရေး ရုံးအုပ် အထက်တန်းစားရေး စတဲ့ တကယ့်အောက်ခြေက ၀န်ထမ်းတွေရဲ့ အသံကို များများနားထောင်ပေးပါ
တကယ့် On Ground မှာ ဘာတွေဖြစ်နေလဲ ၀န်ထမ်းတွေမှာ ဘာအခက်အခဲတွေကြုံနေကြလဲ
ဒါတွေကို အခြေခံပြီးမှ
၀န်ထမ်းတွေရဲ့ ှQuality ကိုတိုးတက်စေဖို တကယ်တမ်းလက်တွေ့ကျတဲ့ သင်တန်းတွေ မွမ်းမံတွေ ဖွင့်လှစ်ကြပါလို့ အလေးအနက်တိုက်တွန်းလိုက်ရပါတယ်

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ပြည်သူ့၀န်ထမ်းများ စကားဝိုင်း ဆိုတာမျိုးလည်း မြင်ပါရ ကြားပါရစေ

ခုနစ်ပြည်ထောင်မင်းသားတွေဟာ တက္ကသိုလ်ပြည်ကြီးမယ် အဌာရသ ဆယ့်ရှစ်ရပ်တွေ သင်ကြာြး့ပီး မိမိတို့ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေပြန်ရောက်တဲ့အခါ မှာ ယခုလို ဇီးပင်ကြီးစစ်တမ်းမျိုးတွေလည်း နောက်ထပ်နောက်ထပ်မရေးပါရစေနဲ့လို့ ဆုတောင်းရင်း

No comments:

Post a Comment