Twitter Bird Gadget

Friday, December 21, 2018

ဇီးပင်ကြီး စစ်တမ်း ( အပိုင်းနှစ်)

``ဝန်ထမ်းသတ်လို့ အစိုးရသေခြင်း ´´

မှတ်မှတ်ရရ အဲ့ဒီနေ့က Political Science နိုင်ငံရေးသိပ္ပံ ဘာသာရပ် အချိန်ပါ
ပထမဆုံးအနေနဲ့
နိုင်ငံ့၀န်ထမ်းအနေနဲ့ ပထမဆုံး တာ၀န်ထမ်းဆောင်မယ့်လူတွေကို ဇီးပင်ြ့ကီး တက္ကသိုလ်ပြည်ကနေသင်ပေးလိုက်တဲ့ အဌာရသ တဆယ့်ရှစ်ရပ် တွေအကြောင်း အရင်ရှင်းပြပါရစေ ။
လက်ချာတွေက မနက် ၈ နာရီကနေ ညနေ ၄ နာရီထိပါ
ဌာနာဆိုင်ရာငွေစာရင်းထားသိုနည်း
နိုင်ငံရေးသိပ္ပံ
အင်္ဂလိပ်စာ
ဘောဂဗေဒ
သတင်းအချက်အလတ်နဲ့ နည်းမညာ စတာတွေအပြင် ကျွန်တော်တို့ကတော့ ဆရာ၀န်တွေနဲ့ သွားဆရာ၀န်တွေချည်းသီးသန့် သင်တန်းဖြစ်တဲ့ အတွက် မိခင် ကမ၀ ရဲ့့လက်အောက်မှာရှိတဲ့ ဦးစီးဌာနတွေကလည်း မိတ်ဆက်အနေနဲ့့ လာရောက်သင်ကြားပါတယ် ။

မှတ်မှတ်ရရ အဲ့နေ့က နိုင်ငံရေးသိပ္ပံရဲ့ ပထမဆုံး လက်ချာနေ့ပါ
ဌာနမှူး ပါမောက္ခကိုယ်တိုင် ပထမဆုံးလက်ချာက်ိုသင်မယ်ဆိုလို့ ကျွန်တော့အနေနဲ့ အတော့ကို စိတ်၀င်စားနေခဲ့တာပါ ။
ရှေ့ရှေ့ဘာသာရပ်တွေကတော့ ကိုယ်နဲ့ မရင်းနှီးတဲ့ ဘာသာတွေဖြစ်တာကတြေ့ကာင်း လူပေါင်း ခြောက်ရာကျော်ကို ခန်းမကြီးထဲမှာ စုပြုံထည့်ထားပြီးသင်တာတစ်ကြောင်း ကိုယ်ကိုယ်တိုင်လည်း ပျင်းတာတကြောင်းး😂😂😂 စတဲ့ အကြောင်းကြောင်းတွေကြောင့် ပြီးခဲ့တဲ့ လက်ချာတွေက အတော့ကို စိတ်၀င်စားမှုမရှိခဲ့ပါ။

PS လက်ချာစသင်သင်ချင်း မကြာခင်မှာဘဲ လာသင်တဲ့ ဌာနမှူးပါးစပ်ကနေ
တပ်မတော်သာ အမိ တပ်မတော်သာ အဖ 🚩🚩
တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမည် 🔫
မျိုးချစ်တပ်မတော် အဖတပ်မတော်
ချောက်ထဲ ကျခံနီး မှ တခုတ်တရ ကယ်တင်ပေးခဲ့ပါသော တပ်မတော် ⚠⚠
ဆိုတဲ့ ဆိုတဲ့ ဆိုတဲ့ Slogan တွေကို ခုနစ်ဆယ်နဲ့ ငါးကြိမ်လောက်ကြားနေရတော့ ……………….😆😆
( စိတ်ထဲတော့ တွေးလိုက်ပါတယ် …..အင်း ဇီးပင်ကြီး ဆိုတာ မေမြို့နဲ့ နီးတော့ ဒီအသံတွေ ပဲ့တင်ရိုက်တာနေမှာပါလေလို့စ်😂😂 )
အဲ့ဒီနေ့က တနေ့လုံး PS လက်ချာဘဲယူပါတယ.် အဆိုပါ ဌာနမှူးကဘဲ နေ့လည်ခင်းမှာဆက်သင်ပါတယ်
နေ့လည်ခင်း လက်ချာမှာ သင်ရင်း သင်ရင်းကနေ ပြည်တွင်းငြိမ်းချမ်ရေးဘက်ရောက်သွားတော့ သူ့ဘက်က ဘာပြောလာသလဲ ဆိုတော့
မှန်တာပြောရရင် အခုပြည်တွင်းငြိမ်းချမ်းရေး မအောင်မြင်နိုင်တာ လက်ရှိ အစိုးရ (NLD )က စေတနာမရှိလို့ မအောင်မြင် ရတာပါတဲ့
ဘု၇ားစူးရစေ့ ……ကြားကြားချင်း မျက်လုံးကို ဇကောလောက် ကျယ်သွာြး့ပီး ပါးစပ်ကို တဆယ့်နှစ်ယူဇနာလောက် ဟ သွားတော့တာပါဘဲ

အစိုးရဟာ စတက်လာကတည်းက ပြည်တွင်းငြိမ်းချမ်းရေးဆိုတဲ့ ခေါင်းစဉ်ကိုကိုင်ဆြွဲ့ပီး ငြိမ်းချမ်းရေးရအောင် (ကန်တော့ပါ ရဲ့ )ချီးပြဲ့ အီးပြဲ လုပ်နေရတာကို သိနေမြင်နေပါရက်နဲ့ ဗဟို၀န်ထမ်းတက္ကသိုလ် အထက်မြန်မာပြည် နိုင်ငံရေးသိပ္ပံ ဌာနရဲ့ ဌာနမှူးတယောက် ပါးစပ်ကနေ ဒီလိုစကားမျိုးထွက်လာတာက အင်မတန်မှ စဥ်းစားစရာကောင်းပြီး မေးခွန်းထုတ်စရာပါ။

တကယ်လည်း မေးခွန်းဝိုင်းထုတ်ခဲ့ကြပါတယ်
သူ့ စကားဆုံးတာနဲ့တပြိုင်နက် လက်ချာမပြီးသေးခင်မှာ ဘဲ သင်တန်းသားအချို့က မိုက်တောင်းပြီး အတိအလင်း
Counter question တွေ ထုတ်ပါတော့တယ်
ဒီလိုမေးခွန်းတွေ ထုတ်လာတဲ့အခါမှာတော့ ခုနကပြောခဲ့တဲ့ စကားတွေက သူ့ပါးစပ်က မပြောခဲ့သလို လျောချပစ်ပြီး လက်ချာချိန်ကို တန်းဖြုတ်ပစ်လိုက်ပါတော့တယ်။
အင်မတန်မှ ရုပ်ပျက်တဲ့ လက်ချာဖြစ်ခဲ့ပါတယ် ၊

နောက်ရက်မှာတော့ နိုင်ငံရေးသိပ္ပံဘာသာရပ်အောက်က ပထဝီနိုင်ငံရေး ဘာသာရပ်ကို တခြားဆရာတယောက် လာသင်ပြန်ပါတယ်
ဒီလက်ချာမှာက ပိုဆိုးပါတယ် ..။

ဘာပြောသလဲဆိုတော့
မြန်မာနိုင်ငံဟာ လူမျိုးကြီး နိုင်ငံကြီး နှစ်ခုကြားမှာတည်ရှိတဲ့ အတွက် မိမိတို့ နိုင်ငံကို မပျောက်ပျက်အောင်ထိန်းသိမ်းစောင့်ရှောက်သင့်ကြောင်းပြောရာကနေ
မိမိတို့ အမျိုးမပျောက်ဖို့ အတွက် ဘာသာခြားတွေနဲ့ လက်ထပ်ထိမ်းမြားတာမလုပ်ကြဖို့
ဘာသာခြားတွေရဲ့ ဆိုင်တွေကို အားမပေးကြဖို့
786 ဆိုတဲ့ အဓိပ္ပါယ် ကိုသိကြသလားတို့
သာကီ၀င်မျိုး ဗုဒ္ဓဘာသာဘာသာ အ၇ိုးစည်းရိုးထို း blah blah blah အစရှိသော တရားတွေကို အဆိုပါဆရာမှ အာပေါင်အာရင်းသန်သန်နဲ့ ဟောပြောပါတော့တယ်.....💣💣
ငါတို့ဟာ နိုင်ငံရေးသိပ္ပံသင်နေရတာလား မဘသ တရားပွဲထဲရောက်နေသလားဆိုတာ ကိုယ့်ကိုကိုယ်မနည်းပြန်စဥ်းစားယူရတယ်💤💤💤💤
တနိင်ငံလုံးက လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံနဲ့ သင်တန်းသားပေါင်းး ခြောက်ရာကျော်ရှိနေတဲ့ သင်တန်းမှာ ဒီလို ထိလွယ်ရှလွယ်တဲ့ Isssue မျိုးကို ပြောဆိုတဲ့ အဲ့ဒီဆရာဟာ အတော့ကို ဦးနှောက်မရှိတာလျှင်သော်လည်းကောင်း ဖြစ်ရင်ဖြစ်ရမယ် ။ မဟုတ်ဘူးဆိုရင်တော့ ဒါဟာ တမင်ကို ရည်၇ွယ်ချက်ရှိရှိနဲ့ ပြောတာဘဲ။

အစိုးရရဲ့ ပေါ်လစီကို လက်တွေ့့အကောင်အထည်ဖော်တော့မယ့်သစ်လွင်၀န်ထမ်းတွေရဲ့ ဦးနှောက်တွေထဲကို ဒီလို Idealogy အမှားတွေကို ရိုက်သွင်းနေတာဟာ ဂျင်းအြ့ကီးစားဖြစ်သွားပါပြီ
တိုင်းပြည်ကို ငါးပါးမှောက်စေမယ့် ဒုက္ခလှလှ ရောက်စေမယ့် ဂျင်းတွေပါ။
ပြောတော့ သူတို့ တက္ကသိုလ်ရဲ့ ဆောင်ပုဒ်က ၀န်ထမ်းကောင်းမှ တိုင်းပြည်ကောင်းမည်တဲ့
တဖက်ကလှည့်တွေးကြည့်ပြန်ရင်တော့
အောက်ခြေက ၀န်ထမ်းတွေရဲ့ mindset ကို မှိုင်းတိုက်နိုင်ရင်
၀န်ထမ်းတွေကို ဂျင်းထည့်နိုင်ရင် အပေါ်ကအစိုးရမ၇ှုမလှ ကျဆုံးပါတယ် ။

သူငယ်ချင်း
K pop fan  တွေ သူတို့ ဖန်တွေအချင်းချင်းရန်ဖြစ်ရင် ပြောနေကျစကားရှိပါတယ်

Fan သတ်ရင် Idol သေတယ်တဲ့
အဲ့လိုပါဘဲ....ဝန်ထမ်းသတ်ရင် အစိုးရသေပါတယ်
တိုင်းပြည်လည်း မုချနစ်မွန်းပါတယ်

တကယ့်လက်တွေ့မှာတော့ ပြည်သူကို မျက်နှာမမူတဲ့ အတွေးအခေါ်တွေ
ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရသွားနေတဲ့လမ်းမှာ ဟပ်ထိုးလဲစေမယ့် ခြေထိုးနေတာတွေနဲ့ဘဲ ဒီတက္ကသိုလ်ဟာ တိုင်းပြည်ဘဏ္ဍာကို ဖြုန်းတီးနေသလားဆိုတာ နောက်အပိုင်းမှာ တင်ပြပါအုံးမယ်
(အခုရေးသားထားသော ရေးသားချက်များအားလုံးကို ကျွန်တော့ အနေနဲ့ အပြည့်အ၀တာ၀န်ယူကြောင်း အာမခံပါသည်)

No comments:

Post a Comment