Twitter Bird Gadget

Friday, December 21, 2018

ဇီးပင်ကြီး စစ်တမ်း ( အပိုင်း တစ်) .


-------------------------------------------
အခုရေးသားထားသော ရေးသားချက်များအားလုံးကို ကျွန်တော့ အနေနဲ့ အပြည့်အ၀တာ၀န်ယူကြောင်း

ဇီးပင်ကြီး တနည်းအားဖြင့် ဗဟို၀န်ထမ်းတက္ကသိုလ် အထက်မြန်မာပြည် နဲ့ ဖောင်ကြီး ဗဟို၀န်ထမ်းတက္ကသိုလ် အောက်မြန်မာပြည်မှာ ဘာတွေသင်နေသလဲဆိုတာ အစိုး၇၀န်ထမ်းမဟုတ်တဲ့လူတွေက အင်မတန်မှကို သိချင်ကြပါတယ်။ စကားကြုံတိုင်းလည်း မေးလေ့ရှိကြတယ် ။
ဇီးပင်ကြီးမှာ တြွေ့့ကုံခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ အဖြစ်အပျက်တွေကို ကိုယ်တိုင်လည်း ဖောက်သည်ချချင်တာကြာလှပြါ့ပီ
အလုပ်စ၀င်ကတည်းက မအားတာနဲ့ မရေးဖြစ်တာပါ ၊

ဒီနေရာမှာ ပထမဆုံး ပြောပြလိုတာက
ဗ၀တရဲ့ နေ့စဉ်လည်ပတ်ပုံ ဇယားပါ
မနက် ငါးနာရီခွဲကို အိပ်ယာကထ၇ပါတယ်။ မနက်ခြောက်နာရီကနေ ခုနစ်နာရီမတ်တင်းထိ ကျန်းမာရေးလေ့ကျင့်ခန်း ဆင်းရပါတယ် ။ပြီးရင် ရေမိုးချိုး မနက်စားစားပြီးတာနဲ့ ၅ ယောက်တတွဲတန်းစီပြီး မိမိတို့ သက်ဆိုင်ရာ အိပ်ဆောင်ကနေ စာသင်ခန်းမကို ချီတက်ကြရပါတယ်။
လက်ချာတွေက မနက် ၈ နာရီမှာ စပါတယ်။ နေ့လည် ၁၂ နာရီမှာ သင်တန်း ခဏနားပြီး မိမိတို့ သက်ဆိုင်ရာ အိပ်ဆောင်  အဆောင်၀င်း ထဲမှာ ရှိတဲ့ ထမင်းစားဆောင်မှာ ထမင်းပြန်စားရပါတယ် ။
ထမင်းစာြး့့ပီးတာနဲ့ တပြိုင်နက် နေ့လည်တစ်နာရီလက်ချာချိန်အမီကို မနက်ကလိုဘဲသင်တန်းခန်းမဆီ ငါးယောက်တတွဲ ချီတက်ကြရပြန်ပါတယ်။
ညနေခင်းလက်ချာတွေက ညနေလေးနာရီထိသင်ပါတယ်။
လက်ချာပြီးတာနဲ့ မိမ်တို့အိပ်ဆောင်တွေမှာ ညနေခင်း PT ဆင်းရပြန်ပါတယ်
ပြီး၇င်တော့ ညစာကို ည၇နာရီ မတိုင်ခင် စားရပါတယ်။ အိပ်ဆောင်ကကျွေးတဲ့ထမင်းကို စားချင်ရင်စား မစားချင်ရင်တော့ စျေးတန်းမှာ သွားစားလို့ရပါတယ် ။ ည ၇နာရီ လူစစ်အမီကိုတော့ ပြန်ကိုပြန်လာရပါတယ်။
( အမျိုးသမီး သင်တန်းသူတွေအနေနဲ့ကတော့ တပါတ်ကို နှစ်ရက်သာ စျေးတန်းထွက်ခွင့်ရပ့ါတယ်)

ဒီဇယားထဲမှာ ပထမဆုံး တွေ့ရတဲ့ ပြသနာကတော့ အိပ်ရာသိမ်း ကြိုးတိုင်း ဖိနပ်စီ ဆိုတဲ့ ကိစ္စပါဘဲ ။
ဒါကို မပြောခင် ကျတော်တို့ရဲ့ အိပ်ဆောင်အနေအထားကို အရင်ရှင်းပြပါရစေ
ချင်းတွင်း သံလွင် အစရှိသဖြင့်နာမည်ပေးထားတဲ့ အဆောင်၀င်းကြီးတွေထဲမှာ အနည်းဆုံး အိပ်ဆောင် တန်းလျား ရှစ်ဆောင်နဲ့ ထမင်းစားဆောင် တဆောင်ပါပါတယ် ။ အိပ်ဆောင်တဆောင်မှာ အနည်းဆုံး သင်တန်းသား ၂၅ ယောက်က အလယ်စင်္ကြန်ရဲ့ တဖက်တချက်စီမှာ ကုတင်တလုံးစီနဲ့ အိပ်ကြရပါတယ်
မနက်ခင်း ချိန်အပြီး မနက်စာမစားခင်မှာ ကုတင်တလုံးစီရဲ့  ခြေရင်းမှာ သေတ္တာတလုံးနဲ့ PT ဆငိးရင်စီးတဲ့ ကင်းဘတ်ဖိနပ် အဖြူတရံဘဲထားခွင့်ရှိပါသတဲ့လေ ။
ကုတင်ခြေရင်းတွေမှာ ရှိနေတဲ့ သေတ္တာတွေကို အိပ်ဆောင်ဟိုဘက်ထိပ် ဒီဘက်ထိပ် ကြိုးနဲ့တန်းပြိး ညီနေအောင်စီရပါသတဲ့
သေတ္တာနဲ့ကပ်ရပ်ထားထားတဲ့့ ကင်းဘတ်ဖိနပ် ကိုလည်း တ၇ံနဲ့တရံ ညီနေအောင်ထားရပါတယ်တဲ
ဒီတော့မေးစရာရှိလာတာက မိမိတို့နဲ့ ပါလာတဲ့ အခြားသောအသုံးဆောင်တွေကိုဘယ်လို ထားမလဲပေါ့နော် 🔕🔔

သေချာတာတခုကတော့ ဒ်သင်တန်းကို ရက်ရှည်လများ လာတက်နေရတဲ့ သင်တန်းသားတွေဟာ သူတို့ရဲ့စည်းကမ်းချက်အတိုငိး လူတကိုယ် သေတ္တာတလုံး ဖိနပ်တ၇ံနဲ့လာတဲ့လူ ဘယ်သူမှမရှိပါဘူး
ဒီတော့
မိမိတို့ပါလာသမျှ ပိုင်ဆိုင်မှုအားလုံးကို စုပြုံ့ပီး အိပ်ဆောင်ထဲမှာရှိတဲ့ နှာခေါင်းပေါက်လောက်သာသာ ဲ့ စတိုခန်းထဲ စုပြုံထည့်ရပါသတဲ့လေ ။
ကိုယ်သုံးနေတဲ့ ခေါင်းအုံး စောင် ခြင်ထောင်တွေက ကုတင်ပေါ်မှာ ထားခွင့်မရှိပါ ။
သင်တန်းစ၀င်တဲ့ နေ့ကစပြိး သူတို့အိပ်ဆောင်ကနေ ပိုက်ဆံပေးငှားထာရတဲ့ ှလှလှပပလေး ထုပ်ပိုးထားတဲ့ အိပ်ယာလိပ်ကလေးကိုဘဲ ကုတင်ပေါ်မှာ ကျောကျော့လေး ဟန်ပြအဖြစ် တင်ထားရပါတယ် ။ အဆောင်၀န်းကျင် မှာလည်း အ၀တ်လှန်းထားခဲ့ခွင့်မရှိတဲ့ အတွက် ေ၇လဲပုဆိုးတွေရော လျှော်ထားသမျှအ၀တ်စို ထဘီစို အားလုံး အားလုံးကို စုပြုံပြီး အဆိုပါ စတိုခန်းငယ်ထဲ ဖိသိပ်ထည့်ထားဘဲ။

ကိုယ်တွေအားလုံး သင်တန်းခန်းမမှာ လက်ချာတက်နေချိန်မှာ ကျွန်တော်တို့ရဲ့ အိပ်ဆောင်တာ၀န်ခံတွေက တဆောင်ချင်းစီအလိုက် သေတ္တာတွေ ညီမညီ သူတို့ဆီက ပိုက်ဆံပေးငှားထားရတ့ ဲ အ်ိပ်ရာလိပ်ကလေးတွေ ညီမညီ အလှပျက်မပျက် ကို လိုက်စစ်ပြီး သင်တန်းသား တဦးချင်းစီအလိုက်အမှတိလေးတွေပေးပါသတဲ့လေ 💯💯
စတိုခန်းထဲမှာ ရှိသမျှပစ္စည်းတွေ စုပြုံထည့်ထားသည်ကို အနှီဆရာများမှ သိရှိသော်လည်း အဆိုပါစတိုခန်းလေးသည် အိပ်ဆောင်ထဲတွင် မရှိသကဲ့သို့ပင် သဘောထားကာ ကုတင်လေးများ သေတ္တာလေးများ အိပ်ယာလိပ်ကလေးများ For Show လှမလှ ကိုဘဲ စစ်သွားလေ့ရှိပါသည်
အယ့် …..တခါတရံတော့ စတိုခန်းတံခါးသော့မပိတ်မိထားလျှင်တော့  ``စတိုခန်းတံခါးပိတ်မထား ´´ဆိုသော မှတ်ချက်အား မှင်နီကြီးနှင့် ရေးသွားကာ တဆောင်လုံးအား အမှတ်လျော့လေတော့ သည်။⚠⚠⚠
အင်းပေါ့လေ …..
အားလုံးကြေညက်အောင် တိုက်ထားတဲ့ ပြဇာတ်တပုဒ်မှာ တယောက်ယောက်က ဖောက်လိုက်ရင် ဒါရိုက်တြာ့ကီးတွေမှာ ရွှေစိတ်တော်ကောက်သလိုနေမှာပေါ့……
ညနေခင်း သင်တန်းကပြန်လာတဲ့ အချိန် စတိုခန်းတံခါးဖွင့်လိုက်လို့ကတော့ ရေစို၀တ်တွေရဲ့ အောက်သိုးသိူး မှိုနံ့တွေ တဦးချင်းစီရဲ့ကိုယ်ပိုင် ကိုယ်သင်းရနံ့တွေ စုပေါင်းကာ လျှံထွက်လာသော ငြီးစ၊ီစီ အနံ့လေးတွေနဲ့ အလွန်တရာမှ စိတ်ချမ်းမြေ့့၇တာပါဘဲ😍😙😘😚
ဒီလို အပြုံ့ကီးထဲကနေ မြွေပွေး မြွေဟောက်အစရှိသော မြွေပေါင်းစုံ ကင်းခြေများ ကင်းမြီးကောက် အစရှိသော သတ္တဝါတွေတွေ့ရရင်တော့ ပိုလို့တောင်ပျော်စရာ စိတ်ချမ်းမြေ့စရာကောင်းတာပါဘဲ

ဆက်ပါဦးမည်
အရေးကြီးဆုံး ဖြစ်တဲ့ လက်ချာချိန်မှာ ဘာတွေသင်သလဲ ဆိုတာနဲ့ နေ့စဉ် စားသောက်မှု ပုံစံမျာကို ဆက်လက်တင်ပြပါအံုးးမည်

No comments:

Post a Comment