Twitter Bird Gadget

Wednesday, March 20, 2019

ညဏ်ပညာနှင့် ချစ်ခြင်းတရားကိုသာအားကိုးပါ

နည်းနည်းလေး ထပ်ပြောချင်တယ်။

ဒီလောက်ရိုအရေးရော၊ အဘတို့မွှေသွားတဲ့ ကျောက်ဖြူပရောဂျက်အပြင် တခြားနိုင်ငံအနှံ့က ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ခေါင်းခဲနေရတာနဲ့တင် စစ်တပ်နဲ့အေအေဖြစ်နေတာကို အန်တီစုနဲ့အရပ်သားအစိုးရက ပျော်ရွှင်နေမှာမဟုတ်သလို၊ သူတို့နဲ့တိုက်ရိုက် ပတ်သက်တယ်လို့ ပြောလို့မရပါဘူး။ အာဏာရပါတီအစိုးရမလို့ တာဝန်တော့မကင်းပါဘူး။

ဒေါက်တာအေးမောင်က ရခိုင်လူမျိုးဖြစ်တာနဲ့ ခုဖြစ်ရပ်တွေကိုဆွဲချိတ်တာကတော့ ညဏ်တိမ်တာလို့ပဲပြောချင်တယ်။ သူ့ကိုယ်စားပြုမှု၊ သူစစ်တပ်နဲ့ပလူးပလဲလုပ်မှု ဒါတွေကသူ့သမိုင်းပဲ။ ယုံကြည်ချင်စရာမရှိ။ ဒါကိုမှဘုရားထင်နေလည်း သဘောပဲ။ ဒေါ်စုကိုရခိုင်လူမျိုးပြည်သူတွေနဲ့ တိုက်ပေးတာက အေအေနဲ့အေးမောင်ပဲ။ စစ်တပ်ကမြေတောင်မြှောက်ပေးထားတယ်။  ဘုံရန်သူပျောက်ကုန်တယ်။ ဝေဝါးကုန်တယ်။

ရခိုင်လူမျိုးထဲ ဒေါ်စုကိုမုန်းတီးသူတွေကို ခွဲခြားကြည့်ရင် သာမန်ပြည်သူထက် အကျိုးအမြတ်ထုက်နေသူတွေ၊ စီအက်စ်အိုကယောင်နနတွေ၊ ပရောဂျက်လုပ်စားသူတွေက လူများစုပဲ။ ဗမာထဲက စာနာသယောင်ပုံဖမ်း၊ ရိုထောက်ခံတဲ့ လစ်ဗျယ်ကွန်မြူနစ်ဒီမိုကရက်တွေလည်း ပါတယ်။

တကယ့်ပြည်သူ အဲလောက်မဟုတ်ဘူးထင်တယ်။ ဒေါ်စုကစစ်တပ်ကို တိုက်ခိုင်းတယ်ဆိုတဲ့ လောဂျစ်ကိုအယုတ်တမာနည်းနဲ့သွင်း၊ အဲဒါကိုယုံတဲ့လူ့ငနွားတွေကိုတော့ အံ့သြရပါတယ်။ လူ့ငနွားဆိုတာတွေက သာမန်ပြည်သူထဲကမဟုတ်ဘူး။ ယောင်နနပါဝါပွိုင့်နဲ့ ဟန်းအောက်အားကိုး ပုဆိန်ရိုးတွေပဲ။

အခုတစ်လိုင်း အသစ်ဖော်နေတယ်..အယုတ်တမာလိုင်းပါပဲ။ တိုတိုပြောရရင် စစ်တပ်ကိုဒေါ်စုနဲ့သမ္မတကနေ အမိန့်ပေးသင့်တယ်...အေအေနဲ့တိုက်ပွဲတွေရပ်ဖို့။ ဆိုတော့ ကာချုပ်ဆိုတာက သမ္မတနဲ့ဒေါ်စုများ ဖင်ကြားတောင်မညှပ်တာရယ်၊ ခြေဥကြောင့်ရယ်ဆိုတာကို သိသိကြီးနဲ့စောက်ကျင့်တမင်ယုတ် ဂွင်တည့်တုန်းရန်တိုက် ယုတ်ပတ်တဲ့မှတ်ချက်လို့ပဲ ခပ်ရိုင်းရိုင်းပြောပါမယ်။

ဆိုတော့ ရခိုင်လူမျိုး ပြည်သူညီအစ်ကိုမောင်နှမတို့ရေ....အခွင့်အရေးသမား ပရောဂျက်စားတွေ၊ အမျိုးသားရေးဝါဒီတွေ၊ မြှောက်ထိုးပင့်ကော် ဇာတ်ပျက်ဗမာလို့ခေါ်သူတွေရဲ့ အကြင်နာစကားတွေကိုမယုံပါနဲ့။ အဓိကက ခင်ဗျားတို့ခေတ်အဆက်ဆက် လူမှုစီးပွားနိမ့်ကျခဲ့ရမှုပါ။ ဒါကိုဘယ်သူလုပ်ခဲ့တာလည်း မြင်အောင်ကြည့်ပါ။ ရန်သူမိတ်ဆွေ ခွဲမြင်ပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ခင်ဗျားတို့မုန်းရမယ့်သူမဟုတ်ဘူး။ သေချာစဉ်းစားပါ။ မြို့ပေါ်နေပြီး အဝေးကလှမ်းအာနေတဲ့ ရခိုင်တွေထက်၊ ကျကျနနသုံးသပ်တတ်ပြီး ဘယ်လိုအလုပ်လုပ်မလဲ သိတဲ့တတ်တဲ့ ပညာတတ်ရခိုင်တွေ၊ သူငယ်ချင်းဗမာတွေ၊ တခြားအမြင်ကျယ်တဲ့ တိုင်းရင်းသာပညာတတ်တွေကိုယုံပါ။ ကျောချင်းကပ်ပါ။

ကျနော်တို့ ခင်ဗျားတို့ကိုကြည့်ပြီးပျော်ရွှင်မနေပါ။ မချင့်မရဲဖြစ် စိတ်မကောင်းဖြစ် ပူပန်နေရပါတယ်။ နားလွယ်လွယ်မယောင်ပါနဲ့။ သွေးဆူသွေးကြွမလွယ်ပါနဲ့။ ကိုယ့်အတွက်မဟုတ်တောင် ကိုယ့်နောင်လာနောင်သားမျိုးဆက်အတွက် ခေါင်းကြီးကြီးထားပါ။ အစိုးရဟာ ထင်သလောက်အစိုးမရသေးတာနဲ့ စစ်တပ်ကိုထိန်းမရတာကို သိသိကြီးနဲ့လက်ခံပါ။

ရခိုင်ပြည်နယ်ကြီး အေးချမ်းပါစေ။ သာယာဝပြောပါစေ အမြန်ဆုံး။ ညဏ်ပညာနဲ့ ချစ်ခြင်းတရားကိုသာ အားကိုးကြပါ။

No comments:

Post a Comment