မနေ့ကရိုက်တာသတင်းတစ်ပုဒ်မှာ၊တက်ကြွလှုပ်ရှားသူအမည်ခံတဲ့၊မဖြစ်ညစ်ကျယ်မလောက်လေးမလောက်စားလေးတွေက၊DASSK ကို၊ကလော်ထားတဲ့စာတချို့ဖတ်ရတယ်။
DASSKဟာ၊လုံးဝပြောင်းလဲသွားပြီ။ဖောက်ပြန်သွားပြီ။ဒါကြောင့်သူမ
ဟာသူတို့ရဲ့စံပြပုဂ္ဂိုလ်စာရင်းမှာ၊မရှိတော့ပါဘူး တဲ့။ခန့်မှန်းရသလောက်
တော့၊ဒီကလေးတွေဟာ၊(၈၈)အရေးအခင်းမှာမီးတွင်းထဲကတောင်၊မ
ထွက်ကြသေးဘူးထင်ပါရဲ့။
တဆက်တည်းတွေးမိတာကတော့၊ဒီလိုမတန်တရာအလုံးကြီးတွေနဲ့၊နေ့
ချင်းညချင်းနာမည်ကြီး၊လူတွင်ကျယ်စာရင်းဝင်ချင်နေကြတာတွေဟာ၊
ဘယ်လိုမှသွေးရိုးသားရိုးမဖြစ်နိုင်ဘူး။
အရှင်းဆုံးပြောရရင်၊တက်ကြွလှုပ်ရှားသူမှန်သမျှ၊ပြည်တွင်းပြည်ပအ
ထောက်အပံ့မကင်းဘူး။ကိုယ်ရတဲ့ချွေးနည်းစာကိုထုတ်ပြီး၊တက်ကြွ
လှုပ်ရှားနေတဲ့ကောင်တစ်ကောင်မှမပါဘူး။
မီဒီယာအုပ်စုလည်းထို့နည်းလည်းကောင်းပဲ။ဝါရင့်မီဒီယာသမားကြီး တစ်ဦးရဲ့ထောက်ပြချက်အရ၊မီဒီယာလောကရဲ့ ၇၀%ဟာ၊စစ်တပ်သြ
ဇာခံတွေကထူထောင်ထားတာတဲ့။နိုင်ငံတကာအထောက်အပံ့နဲ့ ရပ်
တည်နေတာက၂၅%ဖြစ်ပြီး၊မီဒီယာသမားစစ်စစ်ဟာ ၅%သာရှိပါသတဲ့။ဆိုလိုတာကမီဒီယာရဲ့၉၅%ဟာ ငွေဝယ်ကျွန်တွေပဲ။
ဒါလေးရေးလိုက်၊ဒါလေးအော်လိုက်ဆိုပြီး၊ငွေထုတ်ပေးသူခိုင်းသမျှကို တက်ကြွလှုပ်ရှားသူအမည်ခံပြီး၊ငွေရှင်အလိုကျ၊ထားရာနေ၊စေရာသွား နေကြတဲ့သူတွေချည်းပဲ။
အဲဒီစာရင်းထဲမှာ၊အခုအုပ်စုတင်မကဘူး။ဟားဗတ်၊ကင်းဗရစ်တို့ကနေ၊
ဘွဲ့ရလာပါတယ်(တကယ်တော့သင်ရိုးကုန်အောင်တက်လာခဲ့ကြတာမဟုတ်)ဆိုပြီး၊တစ်ပိုင်းကြောင်၊ဖြတ်စာရရုံနဲ့၊ကိုယ့်ကိုယ်ကိုယ်အဂ္ဂမဟာပဏ္ဍိတ စာရင်းသွင်းနေကြတဲ့၊ယောမင်းကြီးဇရပ်ပေါ်က၊သီလကြောင်တွေလည်း၊ပါတယ်။
ဒီလူတွေဟာနိုင်ငံရေးသုတေသီလို့သာအမည်ခံထားပေမဲ့၊တကယ်တော့
အချီကောက်ပွဲလိုက်၊က စားတဲ့ဇာတ်သမားအဆင့်ပဲရှိတယ်။အခုလတ်
တလောတောင်၊ခါးပတ်တစ်ကွင်း၊မြစ်တစ်စင်းဆိုပြီး၊တရုပ်စီးပွားရေးခါး
ပတ်စီမံကိန်းအောင်မြင်ရေးအတွက်၊တရုတ်ပေးစာကမ်းစာနဲ့မန္တလေးမှာ၊
ဇာတ်ကနေကြလေရဲ့။
စစ်တပ်ကပြည်သူ့ဘဏ္ဍာငွေတွေကိုစိတ်ထင်တိုင်း၊ဘတ်ဂျက်တင်
တောင်းတယ်။အဲဒီငွေတွေနဲ့၊ရက်ရက်ရောရောပေးကမ်းပြီး၊တပ်
ထောက်ခံပွဲတွေလုပ်ခိုင်းတယ်။ကြံ့ခိုင်ရေးဆိုတဲ့သူခိုးဓားပြအုပ်စုက
လည်း၊ခိုးရာပါ၊တိုက်ရာပါပစ္စည်းတွေနဲ့၊ဆန်၊ဆီ၊ငါးနီတူရောင်းတယ်။
အမှန်ကလူထုကိုစေတနာထားလွန်းလို့မဟုတ်ဘူး။လက်ရှိအစိုးရကို
သိက္ခာချဖို့သာအဓိကဦးတည်တာ။
ဒါတင်မကသေးဘူး။စစ်တပ်ကဝန်းရံပေးပြီး၊ကြံ့ခိုင်ရေးက၊ငွေကြေးထောက်ပံ့နေတဲ့၊သင်္ဃန်းခြုံသာသနာဖျက်အုပ်စုလည်းရှိသေးတယ်။ အမျိုးဘာသာသာသနာ ကာကွယ်ဖို့မဆိုထားနဲ့။ရတဲ့ထောက်ပံ့ငွေ၊
အလှူငွေတွေနဲ့၊လမ်းသရီးတဲ့ကိစ္စတောင်၊ရှင်းလို့မနိုင်တော့ဘူး။
ကဲ။ငွေကိစ္စကိုအသာထားပါဦး။အခုသူတို့ တိုက်ခိုက်အပုပ်ချနေတဲ့၊ဒေါ်
အောင်ဆန်းစုကြည်လိုအရည်အချင်းမျိုးသူတို့တစ်ဦးချင်းစီမှာရှိသလား။
သူမနည်းတူစွန့်လွှတ်အနစ်နာခံနိုင်ကြသလား။သူမလောက်ရော၊သိက္ခာ
ရှိကြသလား။သူမနေရာမှာ၊အစားထိုးတာဝန်ယူနိုင်တဲ့သူရှိသလား။
သေချာတယ်။တစ်ယောက်မှမရှိဘူး။
ကဲ၊တစ်ဦးစီမရှိတာလည်းထားလိုက်ပါဦး။အဲဒီအဖွဲ့တွေအားလုံးပေါင်း
လိုက်ရင်ကော၊DASSKလောက်၊စွမ်းဆောင်နိုင်ရည်ရှိသလား။သူတောင်း
စား၊သူခိုး၊ဓားပြတွေ၊အယောက်ပေါင်းသန်းချီရှိလည်း၊ခိုးဖို့၊တိုက်ဖို့၊လက်
ဖြန့်တောင်းဖို့က၊လွဲရင်၊ဘာသောက်ဖြစ်မှမရှိဘူး။
ဒါကြောင့်ကျုပ်ကတော့ ဒီလူတွေကိုတောကြောင်တွေလို့သာစာရင်းသွင်းချင်တယ်။ဆိုရိုးစကားထဲမှာရှိတာက၊တောမီးလောင်၊တော၊ကြောင်လက်ခမောင်းခတ်တဲ့။
အခုတောင်အော်မြောက်အော်လုပ်နေတဲ့ကောင်တွေဟာ၊တောမီးမလောင်လောင်အောင်၊လက်ခမောင်းခတ်နေကြတာလို့ပဲ၊မြင်တယ်။ဒီတော့၊ကိုယ့်လူတို့လည်း၊တောကြောင်းလက်ခမောင်းခတ်သံကို၊
အမှုမဲ့၊အမှတ်မဲ့၊မနေကြလေနဲ့။
သတိထား။ဝီရိယစိုက်။ဉာဏ်နဲ့မြင်အောင်ရှု။အာရုံတပါးမထွေပြားနဲ့။ ။
No comments:
Post a Comment