Twitter Bird Gadget

Monday, October 22, 2018

Water Kefir ပြုလုပ်နည်း

ပထမဆုံး Water Kefir မပြုလုပ်ခင်၊ နိုင်ငံတကာတွင်သုံးသော အတိုကောက်စာလုံးလေးများမှတ်ထားသင့်ပါသည်။

WK     = Water Kefir
WKG  = Water Kefir Grains

1F = First Fermentation without fruits ( ပထမအဆင့်အချဉ်ဖောက်ခြင်း သစ်သီးမပါ)

2F  = Second Fermentation with fruits ( ဒုတိယအဆင့်သစ်သီးများဖြင့်အချဉ်ဖောက်ခြင်း)

စတင်ပြုလုပ်မည့်သူများအတွက်မပြုလုပ်ခင်ကြိုတင်စုဆောင်းရမည့်ပစ္စည်းများ

၁. အဖုံးပါသောဖန်ပုလင်း  ၂ လုံး
၂. အဝကျယ် ၁လီတာခန့်ဆန့်မည့်ဖန်ဘူး တစ်လုံး
၃. WKG များချိန်တွယ်ရန် ပလပ်စတစ် ဇွန်း ( ထမင်းစားဇွန်း အရွယ်အစား)
၄. ပလပ်စတစ်ဇကာ
၅. ပလပ်စတစ်ကတော့

စတီးဇွန်း သံဇွန်း ပလပ်စတစ်ပုလင်းများ အသုံးပြုခြင်းကိုရှောင်ရှားသင့်ပါသည်၊ ၎င်းပစ္စည်းများသည် kefir grains များရှင်သန်ပေါက်ပွားခြင်းကိုနှောင့်နှေး/သေကြေစေနိုင်ပါသည်။

Water Kefir  ပြုလုပ်ရာတွင်အဆင့် ၂ ဆင့်ဖြင့်အများဆုံးပြုလုပ်ကြပြီး အချို့မှာပထမအဆင့်တွင်ပင်သောက်သုံးကြပါသည်၊ အချို့မှာ ဒုတိယအဆင့်ထိပြုလုပ်ပြီးမှသောက်သုံးကြပါသည်။

ပထမအဆင့်အချဉ်ဖောက်ခြင်း 1F ( First Fermentation)

Water Kefir Grains ထမင်းစားဇွန်းတစ်ဇွန်း၊ သကြားထမင်းစားဇွန်းတစ်ဇွန်း၊ ရေ ၂၅၀မီလီလီတာသည်အခြေခံအချိုးအစားဖြစ်ပါသည်။ တကယ်လို့ Water Kefir Grains ၂ ဇွန်းဆိုလျင်သကြားနဲ့ရေကိုလည်း၂ ဆထပ်တိုးပါ၊ ၃ ဇွန်းဆိုလျင် ၃ ဆ ထပ်တိုးပါ။ Water Kefir Grains များလေ သကြားနဲ့ရေကိုဆတူထပ်တိုးလေလုပ်
ပါ။ ပထမဆုံး Grains လေးများကိုချိန်၍ စိမ့်မည့်ဖန်ဗူးထဲထည့်ထားပါ၊ပြီးနောက်သကြားကိုရေပူအနည်းငယ်နှင့် ပျော်အောင်ဖျော်ပြီး၊ သကြားရေပျော်ပြီးဆိုပါက ရေကိုအချိုးအစားတိုင်းချိန်၍သကြားပျော်ရည်နှင့်ရောပြီး၊ Grains လေးများထည့်ထားသောဖန်ဗူးထဲသို့ထည့်၍ ဖန်ဗူးအပေါက်ဝကိုအဝတ်စသန့်သန့်လေးဖြင့် သရေပင်စည်းပြီးပိတ်ပါ။

အချဉ်ဖောက်ကြာချိန်။      ။ ရာသီဥတုအပူချိန် 71ºF ( 22ºC) မူတည်၍အနည်းဆုံး ၂၄ နာရီမှ အများဆုံး ၄၈နာရီထိ ထားရပါမည်။ အလွန်အေး သော အချိန်များ၊ ဒေသများတွင်အထောက်အကူပစ္စည်းများမသုံးပါက အနည်းဆုံး ၇၂ နာရီ( ၃ရက်)
ခန့်မှ ၇ ရက်ခန့်ထိထားရနိုင်ပါသည်။

နောက်ဆုံးစစ်ရမည့်အချိန်။        ။ သတ်မှတ်ချိန်ည၂၄ နာရီ ၄၈ နာရီ စသည့်သတ်မှတ်ချိန်ပြည့်ပါကစစ်၍ရရှိလာသော Water Kefir ရည်ကိုဖန်ပုလင်းထဲသို့ပြောင်းထည့်၍ရေခဲသေတ္တာထဲ၌ ထည့်သိမ်းထားနိုင်ပါသည်။ ဤအဆင့်တွင် သောက်သုံးမည်ဆိုပါကစတင်သောက်သုံးနိုင်ပါသည်။

အနံအရသာ။        ။ ပြုလုပ်ပြီး Water Kefir 1F ၏အနံအရသာမှာ ပါဝင်သည့်သကြား၊ ပြုလုပ်ချိန်ကြာမြင့်မူတို့ပေါ်တွင်မူတည်ပြီးအမျိုးမျိုးရှိနိုင်ပါသည်။ ယေဘုယျအားဖြင့် အနည်းငယ်ချဉ်သော၊မူလသကြားအရသာထက်လျော့ပြီးချိုသော အရသာရှိပြီး၊ အနံမှာ ချဉ်စူးစူးအနံဖြစ်ပါသည်။ အများအားဖြင့် ဤအဆင့်တွင် မ
သောက်သုံးသေးပဲ အနံအရသာကောင်းမွန်အောင် 2F အထိပြုလုပ်ပြီးမှသောက်သုံးကြပါသည်။

ဒုတိယအဆင့်အချဉ်ဖောက်ခြင်း 2F (Second Fermentation)

ဒုတိယအဆင့် အချဉ်ဖောက်ခြင်း ( 2F) တွင် Folic acid နှင့် B vitamin များဖြစ်သော B1,B6, B9 နှင့် Probiitic ပါဝင်မူတို့ ပိိုုမိုတိုးပွားလာပြီး၊ သကြားဓာတ်ပါဝင်မူပိုမိုလျော့နည်းလာကာ Carbonation(ဗလုံစီနေသောအမြုပ်များတက်ခြင်း)နှင့် အရက်ဓာတ်ပါဝင်မူ ပိုမိုလာပါသည်။

အဓိကအားဖြင့် ဤအဆင့်သည် အနံအရသာကောင်းမွန်အောင်ပြုလုပ်ခြင်းဖြစ်ပြီး၊ (1F )ပထမအဆင့်တွင်ရရှိထားသော Water Kefir ရည်ကို မိမိတို့ကြိုက်နှစ်သက်သော သစ်သီး၊ပန်းပေါင်းစုံ နှင့် ဆေးဖက်ဝင်အရွက်တစ်ချို့( သို့မဟုတ်) သစ်သီးဖျော်ရည်တို့ကို Water Kefir ရည်၏လေးချိုးတစ်ချိုး ( သို့မဟုတ်)
မိမိတို့ကြိုက်နှစ်သက်နိုင်မည့် အနံ၊အရသာပမာဏကိုချိန်ထည့်၍ အခန်းတွင်းအပူချိန်၌ ၁၂ နာရီ မှ ၄၈ နာရီထိထားပါ။ သတ်မှတ်ချိန်ပြည့်ပါကစစ်၍ ဖန်ပုလင်းအသစ်သို့ ပြောင်းလဲထည့်ပြီးရေခဲသေတ္တာထဲသို့ထည့်သိမ်းနိုင်ပါပြီ။

အနံအရသာ။       ။ 2F အနံအရသာသည်၊ ထည့်ဝင်သည့် သစ်သီးမမျိုးအစားနှင့် အချဉ်ဖောက်ကြာချိန်တို့ပေါ်တွင်မူတည်ပါသည်။

သိမ်းဆည်းထားခြင်း။         ။ ပြုလုပ်ပြီး Water Kefir ရည် 1F နှင့် 2F များကို ရေခဲသေတ္တာထဲ၌ အနည်းဆုံး၂၁ ရက် ( ၃ပတ်) ထိ သိမ်းထားနိုင်ပါသည်။ ရေခဲသေတ္တာမရှိသောဒေသများ၌ ၃ ရက်ခန့်သာအကောင်းဆုံးဖြစ်ပါသည်။ သတိပြုရန်မှာ
အပြင်မှာထားသည့်အချိန် ကြာမြှင့်သည်နှင့်အမျှ အရက်ဓာတ်ပါဝင်မူနုန်းများလာနိုင်ပါသည်။

မှတ်ချက်။    ။ kefir grains များသည် သစ်သီးမှအချိုဓာက်နှင့်သကြားဓာက်တို့ကိုစားပြီး lactic acid, alcohol(ethanol) နှင့် carbon dioxide တို့ကိုထုတ်လုပ်ပေးသောကြောင့် kefir ရေသည် ဂတ်စ် အနည်းငယ်ပါဝင်သော ( carbonated drink ) ဖြစ်ပါသည်။ ထို့ကြောင့် ဒုတိယအဆင့်၌ တင်းကျပ်စွာပိတ်ထားသော ပုလင်းအဖုံးကို မကြာခဏဖွင့်ပေးပြီးပြန်ပိတ်သင့်ပါသည်။ သစ်သီးထည့်စိမ်သည့်အခါ Kefir ရေကိုပုလင်းအပြည့်မဖြစ်စေရပါ၊ လေဟာနယ်ချန်ထားပေးရပါမည်။

မူရင်းရေးသားသူ - Aung Zaw Tun

No comments:

Post a Comment