Twitter Bird Gadget

Friday, October 5, 2018

"ပုလင်းကွဲရှချိန် တန်ပြီ"

လူတွေက
မျဉ်းကြားကလွဲ နေရာစုံက
ကြုံသလို လမ်းကူးနေကြပြီး...

ကားတွေက
မျဉ်းကြားက ကူးမိသူတွေကိုတောင်
တိုက်သတ်တော့မလို ရမ်းကားကြတယ်။

ဖြူနီကြား ရပ်ရင်း အရူးဇာတ်ခင်းတဲ့
အိမ်စီးကား ပိုင်ရှင်က
လမ်းလယ်မှာရပ် ဈေးညှိတတ်တဲ့
တက္ကစီသမားကို
စည်းကမ်းမဲ့ကြောင်း လက်ညှိုးထိုးတုန်း...

လက်ညှိုး တစ်ချောင်းထောင်
အိုတောင် တန်းမစီရဘူး ဆိုပြီး
ဘယ်ပြေး ညာပြေး ကြားဖြတ်ရေး
တစ်ဘို့တည်းတွေးတဲ့ တက္ကစီသမားက
လမ်းပြောင်းပြန် မောင်း ဝင်ငွေကောင်း
မြေကြောရှုံ့တတ် ဘတ်စ်ဆရာမြတ်ကို
မကြားဝံ့မနာသာ လှမ်းဆဲ
ရိုက်ပွဲတွေ ဖြစ်ကြတယ်။

အိမ်ရှင်က အိမ်ဖော်ကို
"ခိုကပ် ခိုးဆိုး ဒုက္ခပေးမလား
ကြိုတင်ငွေများ ယူပြေးမလား" လို့
အပူမအေး ဖြစ်နေရပြီး...

အိမ်ဖော်က အိမ်ရှင်ကို
"သေလောက်အောင် ရိုက်နှက် နှိပ်စက်မလား
တဏှာရူးပြီး ရာဂဘီလူးစီးမလား" လို့
တွေးကြောက်ပြီး နေရတယ်။

ခရီးသည်က အငှားယာဉ်မောင်းကို
"လုယက် သတ်ဖြတ်သူလား
မုဒိမ်း ကျင့်တတ်သူလား" လို့
စိုးရိမ်တကြီး ကားလိုက်စီးနေရပြီး...

အငှားယာဉ်မောင်းက ခရီးသည်ကို
"ဓားထောက် လုယက် ရိုက်နှက်မယ့်သူလား
မတရားအလှူ ကားယူပြေးမယ့်သူလား" လို့
နောက်ကျောမလုံစွာ မောင်းနေရရှာတယ်။

တိုက်အပေါ်ထပ်က အမှိုက်ပစ်ချသူက
ကွမ်းသွေး တွေ့ကရာ ထွေးသူကို
"မမေ့စရာ ခွေးလဒူ" လို့ ကဲ့ရဲ့ရှုတ်ချပြီး...

လူကြားထဲ ဆေးလိပ်သောက်
အစီခံကို ရောက်ချင်ရာ တောက်ထုတ်သူက
လမ်းဘေး သေးပန်း မူးအန်ရမ်းသူကို
အရူးဆန်အကန်းလို ရွံရှာစက်ဆုပ်တယ် ဆိုပဲ။

လက်ဖက်ရည်ဖိုး မလာရင်
တစ်သက် သဝေထိုး ကြာအောင်
အချိန်ဆွဲတတ်တဲ့ ဝန်ထမ်းက
အထက်လူကြီးကို အပြတ်အသား
လာဘ်စားတယ်လို့ အတင်းတုတ်ပြီး...

ဆွေမျိုးကောင်းစားရေး ပဓာန
အထာကျ လုပ်စားနေတဲ့ အဘကတော့
ဝန်ထမ်းမယ်မောင် "င" လေးလုံးရှောင်ဖို့
ကြောင်သူတော်ယောင် ဆောင်တတ်ပါသတဲ့။

သုံးမကုန်အောင် ဘုံးထားပြီးတဲ့
ခိုးမဝ အသေမျို မိုးကျရွှေကိုယ်တွေက
ကျောမွဲ ဝန်ထမ်း ခပ်နွမ်းနွမ်းတွေကို
ပီတိကိုစား နိုင်ငံ့ဝန် ထမ်းကြဗျားလို့
အခွက်ပြောင်ပြောင် အာထွက်ချောင်ချိန်မှာ...

အမှတ်မရှိစတမ်း တို့ဝန်ထမ်းတွေကတော့
ကိုယ့်လောက်မှ အရည်အချင်း မရှိသူကို
အဘ အဘ ခေါ် မရအရ မော်ဖူးလို့
အုံးအွမ် အုံးအွမ် ဖားအော်သံ ထွက်ကြပြန်ရော။

အလုပ်ရှင်က အလုပ်သမားကို
ဘယ်သူသေသေ ငတေမာရေး
မသထာရေစာ လုပ်ခပေးလို့
ခေါင်းပုံဖြတ် ဘူဇွာ လုပ်နေပြီး...

တတ်လို့ မဟုတ် ငတ်လို့လုပ်တဲ့
စိတ်ဓာတ်နိမ့်ပါး အလုပ်သမားတွေက
အလုပ်ရှင်ကို ပညာပြ
ညစ်ချောင်ခိုကြ လစ်ဖြောင်တိုကြတာ
မမြင်ချင် မကြားချင်အဆုံး။

ဘုရားရင်ပြင်ပေါ်
ယိုသူမရှက် လိပ်ဥတူးဘက်တွေက
ဘုရား လူကြီးကို
မတရား အပူမီး မျိုသူလို့
တပ်အပ် စွပ်စွဲနေပြီး...

အခြေအနေအရ
စကတ်တို ဘောင်းဘီဝတ်
ဘုရားဖူးလာသူ အစစ်တွေကို
အဂါရဝ ဘာညာ စကားဖွာတဲ့
စည်းကမ်းကြီးလှ ဂေါပက အဘက
ဘုရားက အလှူငွေ
ဗိုက်ထဲထည့်ကာ ဌာပနာသလေ။

ဘယ်ပြည်သူသေသေ
မြွေခေါင်းပေါ်က ပုရွက်ဆိတ်လို ခရိုနီတွေ မွဲသွားတာကို မြင်ချင်တဲ့ ပစ္စည်းမဲ့ဒေါသတွေ လူတန်းစား ညှိချင်သူတွေ နေတာ ဒီနိုင်ငံ

အဲဒီလို...

တစ်နိုင်ငံလုံး ဟိရီဩတပ္ပကင်း
အကျင့်သိက္ခာ ဗလာကျင်းနေတဲ့
အဲဒီလို လူစားမျိုးတွေ...

အပေအတေ ရှိရာ
ကလေကချေ လာစုဝေးတဲ့...

အဲဒီလို လူစားမျိုးတွေ ပါးစပ်က
နတ်စကားတွေ ထွက်ကျ

အစိမ်းကို ကန်ချခဲ့ပေမဲ့
အနီလည်း မဟန်ပါကလား တဲ့။

ပြောလိုက်မယ်...

အစိမ်းတွေ အနီတွေ မကလို့
အပြာတွေ အဝါတွေ
အဖြူတွေ အမည်းတွေ
ခရမ်းတွေ မရမ်းတွေ
အဆန်းအထွေ ပေါ်လာခဲ့ရင်တောင်

နိုင်ငံသားတာဝန် မသိတဲ့
ကိုယ့်တစ်ကိုယ်စာတောင် မပြုပြင်နိုင်တဲ့
နိုင်ငံသားတွေ နေတဲ့ နိုင်ငံ

ယီးမှ မကြီးပွားဘူး
ယီးမှ မတိုးတက်ဘူး
ယီးမှ မပြောင်းလဲဘူး။

အေး တစ်ခုတော့ ရှိတယ်!

ကိုယ်က မပြောင်း
အစိုးရပဲ ကောင်းရမယ်ဆိုတဲ့...

မင်းတို့အတွက်...

မျှော်လင့်ချက် ရောင်ခြည်
ထွန်းပေါ်လာပြီ။

ဟော့သမှာ...

ရောင်စဉ် ခြောက်သွယ်
သက်တန့် ခြယ်တဲ့
အရောင်စုံပါတီ LGBT
မင်းလောင်း ပေါ်သလို ပေါ်လာပြီ။

ဝန်းရံကြ
မဲထည့်ကြ
ထောက်ခံကြ

ပါတီ ဆောင်ပုဒ်က...

"ပုလင်းကွဲရှချိန် တန်ပြီ"

No comments:

Post a Comment