Twitter Bird Gadget

Friday, October 5, 2018

“ပြောင်းဖူးဆီထုတ်လုပ်နည်း"


Corn Oils

ပြောင်းဖူးဆီကို ပြောင်းဖူးတစ်ခုလုံးကနေ ထုတ်လုပ်တာမဟုတ်ပါဘူး။ ပြောင်းဖူးဆီကို အဓိကအားဖြင့် ပြောင်းဖူးစေ့ထဲမှာရှိတဲ့ အဖြူရောင် အဆံ (Germ) ကနေထုတ်လုပ်တာပါ။ အဖြူရောင် အဆံ (Germ) က မျိုးစေ့ဖြစ်ပြီး နောက်ထပ်ပြောင်းပင်တစ်ပင်ဖြစ်အောင်  စိုက်လို့ရပါတယ်။
အဲ့ဒီ Germ ဆိုတဲ့ အဖြူရောင် အဆံမှာ အာဟာရဓာတ်တွေနဲ့ အဆီဓာတ်တွေ ကြွယ်ဝစွာပါဝင်နေပါတယ်။ ပြောင်းဖူးကနေ ပြောင်းဖူးဆီကို “Wet Milling Process” နဲ့ ထုတ်လုပ်လေ့ရှိပါတယ်။

“Wet Milling Process”

ပြောင်ဖူးတွေကနေ ပြောင်းဖူး အစေ့ကို အရင်ဆုံးယူလိုက်ပြီး အစေ့တွေမှာပါဝင်တဲ့ အခွံတွေကို ခွာလိုက်ပါတယ်။အဲ့ဒီအစေ့တွေ ကောင်းမွန်မှုရှိမရှိ၊ ထုတ်လုပ်ဖို့သင့်တော်မှု ရှိမရှိကို စစ်ဆေးပါတယ်။ ပြီးမှ ဆေးကြော သန့်စင်ပါတယ်။ပြီးရင် ပြောင်းဖူးစေ့ထဲက ကစီဓာတ်တွေနဲ့ ပရိုတင်းတွေကို ခွဲထုတ်လိုက်ပါတယ်။

အဲ့ဒီနောက်မှာ ကြိတ်ချေတဲ့နည်လမ်းနဲ့ ပြောင်းဖူးရဲ့ အဖြူရောင် အဆံ (Corn Germ) ကို ပြောင်းဖူးအစေ့ (Kernel) ထဲကနေ ဖယ်ထုတ်လိုက်တာပါ။ကျန်းမာရေးအတွက် မသင့်တော်တဲ့ Fructose နဲ့ Syrup ဓာတ်တွေက ပြောင်းဖူးရဲ့  ပြောင်းဖူး အစေ့ (Kernel) ထဲမှာဘဲ ရှိတာပါ။ဒါ့ကြောင့် ပြောင်းဖူးဆီထုတ်လုပ်ရာမှာ အဖြူရောင်အဆံ (Germ) ကိုဘဲ သုံးပြီး ပြောင်းဖူးအစေ့ (Kernel) ကို မသုံးတာကြောင့် ပြောင်းဖူးဆီထဲမှာ Fructose နဲ့ Syrup တွေ မပါဝင်ပါဘူး။

“ပြောင်းဖူးဆီရဲ့ အကျိုးကျေးဇူးများ”

ပြောင်းဖူးဆီမှာ ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ကိုလက်စထရောဓာတ်ကို လျော့ချနိုင်စွမ်းရှိပါတယ်။အဲ့ဒီအပြင် အသားအရေကို စိုပြေစေပြီး ဆံကေသာကို နူးညံ့ပျော့ပြောင်းစေပါတယ်။Linoleic အက်ဆစ်လည်းပါဝင်တာကြောင့် ကျောက်ကပ်၊ အသည်း၊ နှလုံး၊ မျိုးဆက်ပွားကျန်းမာရေးနဲ့ အစာခြေစနစ်တို့အတွက်လည်း ကောင်းပါတယ်။သံလွင်ဆီလိုဘဲ သွေးဖိအားကို လျော့ကျစေပါတယ်။

ဗီတာမင် E က Antioxidant ဓာတ်တစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် ကျန်းမာတဲ့ဆဲလ်တွေကို သေဆုံးစေနိုင်ပြီး ကင်ဆာဖြစ်စေနိုင်တဲ့ Free Radicals တွေကိုလည်း ဖယ်ရှားပေးပါတယ်။

“SUNAR ပြောင်းဖူးဆီ ရဲ့ အကြောင်း”

SUNAR ပြောင်းဖူးဆီက ကိုလက်စထရော လုံးဝမပါဝင်တဲ့အပြင် ကင်ဆာရောဂါကိုဖြစ်စေတဲ့ (Aflatoxin) မှိုဆိပ်လည်း လုံးဝကင်းစင်ပါတယ်။အဲ့ဒီအပြင် မျိုးရိုးဗီဇ ပြောင်းလဲထား ခြင်းမရှိသောသီးနှံ (Non-GMO) တို့ကိုသာ အသုံးပြုထားသည့်အတွက်ကြောင့် (Non-GMO)ဆိုတဲ့ အမှတ်တံဆိပ်ကိုလည်း ဆီဗူးတွေမှာ ရိုက်နှိပ်သွားမှာဖြစ်ပါတယ်။

SUNAR အမှတ်တံဆိပ်ဆီတွေက မြန်မာနိုင်ငံမှာ ရောင်းချနေတဲ့ စားသုံးဆီတွေထဲမှ ပထမဆုံး မျိုးရိုးဗီဇ ပြောင်းလဲထား ခြင်းမရှိသောသီးနှံ (Non-GMO) ကိုသာ အသုံးပြုထားကြောင်း ကြေညာ ရောင်းချတဲ့ဆီဖြစ်ပါတယ်။

SUNAR အမှတ်တံဆိပ် ဆီများကို ထုတ်လုပ်မှုအတွက် ISO 9001 (Quality Management) နဲ့ ISO 22000 (Food Safety Management Systems) ထောက်ခံချက် ရရှိထားပါတယ်။

No comments:

Post a Comment