Twitter Bird Gadget

Sunday, September 9, 2018

Stressed Gut

Stress ဆိုတာ ဖိစီးမှု၊ ကြောင့်ကြစိတ်၊ ပူပန်မှု ကို ပြောတာပါ။ Stress ကြောင့် ခန္ဓာကိုယ်ရဲ့ ကျောက်ကပ်၊ ကျောက်ကပ်အပေါ်မှာ ရှိတဲ့ adrenal gland နှင့် သိုင်းရွိုက်ဂရင်းများ ထိခိုက်နိုင်တဲ့အပြင် အူလမ်းကြောင်းမှာရှိတဲ့ probiotics တွေ လျော့နည်းသွားပြီး အူနံရံ ယိုစိမ့်မှု ( leaky gut ) လည်းဖြစ်နိုင်ပါတယ်။

Stressed gut ဖြစ်လာတဲ့အခါ အစာအဟာရ စုပ်ယူမှု နည်းသွားတတ်တယ်။ အူလမ်းကြောင်းကို အောက်ဆီဂျင် ပို့ဆောင်မှု လေးဆလောက် ကျဆင်းသွားတတ်တယ်။ အစာခြေ အင်ဇိုင်း အဆ နှစ်သောင်းလောက် နည်းသွားတတ်တယ်။

Stress ကို ခံစားရတဲ့အခါ adrenal glands က ဟိုမုန်းတွေထုတ်ပြီး ခန္ဓာကိုယ်ကို ကာကွယ်ဖို့ ကြိုးစားပါတယ်။ မဆုံးနိုင်သော stress တွေခံစားရတဲ့အခါ adrenal gland က သူလုပ်နေတဲ့ အလုပ်ကို ကောင်းကောင်းမလုပ်နိုင်တော့ပဲ adrenal fatigue ဝင်လာပါတယ်။ Adrenal fatigue ရဲ့ လက္ခဏာတွေက မနက်စောစော အိပ်ယာမထနိုင်ခြင်း၊ ညကောင်းကောင်းမအိပ်နိုင်ခြင်း၊ လိင်စိတ်လျော့နည်းခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အရိုးနှင့် ကြွက်သား အားနည်းခြင်း၊ မောပန်းခြင်း၊ အချိုကြိုက်လာခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ဆံပင်ပါးခြင်း၊ အဝလွန်ခြင်းတွေပါ။ Stressed gut ခံစားနေရသူတွေမှာ leaky gut ကြောင့် adrenal fatigue နှင့်အတူ အော်တိုအင်မြူး သိုင်းရွိုက်ရောဂါပါ တွဲဖြစ်တတ်ပါတယ်။

Stress လို့ ပြောတဲ့ နေရာမှာ တစ်ချို့က စိတ်ဖိစီးမှုကိုပဲမြင်တတ်တယ်။ စိတ်ဖိစီးမှုသာမက အရက် နှင့် ကော်ဖီတွေကလည်း stressed gut ဖြစ်နိုင်တဲ့ အကြောင်းတွေပါ။ ကော်ဖီမှာ ပါတဲ့ ကဖင်းက အိပ်ပျော်ဖို့ခက်စေပါတယ်။ အိပ်မပျော်တဲ့အခါ adrenal gland အားပြန်ပြည့်ဖို့ ခက်ပါတယ်။ အရက်သောက်ခြင်း နှင့် သကြားအလွန်အကျွံစားခြင်းကလည်း hyperglycemic stress ဖြစ်ပေါ်စေပြီး အူလမ်းကြောင်းက အစာခြေစနစ်ကို နှောက်ယှက်ပါတယ်။

Stressed gut ရဲ့ ကုသမှုမှာ အဓိကကတော့ စိတ်ငြိမ်ဖို့၊ ကြောင့်ကြစိတ်နည်းဖို့ပါ။ ဒါကြောင့် တရားထိုင်ပါ။ ယောဂကျင့်ပါ။ ပျော်ပျော်နေပါ။ အကောင်းမြင်စိတ်မွေးပါ။ ထို့ပြင် ကော်ဖီရှောင်ပြီး ကော်ဖီအစားထိုး နွယ်ချိုလက်ဖက်ရည်၊ ဂျင်းဆင်း လက်ဖက်ရည်တွေသောက်လို့ရပါတယ်။ အရက်သောက်တာလျော့ပါ။ တစ်ပတ် ၂ ခွက်ထက် မပိုပါစေနဲ့။ အချိုများတာတွေ ရှောင်ပါ။

ခရမ်းရောင် သို့မဟုတ် အနက်ရောင်ရှိတဲ့ ဘလူးဘယ်ရီ၊ ခရမ်းသီး၊ ခရမ်းရောင် ဂေါ်ဖီ စသည့် အသီးအရွက်တွေက stressed gut အတွက်ကောင်းပါတယ်။ သူ့မှာပါတဲ့ anthocyanin က အူလမ်းကြောင်းရောင်ရမ်းခြင်းကို ပျောက်ကင်းစေတယ်။

ဗိုက်တာမင် B က စိတ်ကို ငြိမ်သက်စေလို့ အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေစားပါ။ အရိုးပြုတ်ရည်က သိုင်းရွိုက် နှင့် leaky gut အတွက်ကောင်းပါတယ်။ ကယ်လစီယမ် နှင့် မက်ဂနီဆီယမ်ပါတဲ့ အစာတွေလည်း စားပေးပါ။ Omega 3 က ရောင်ရမ်းခြင်းကို သက်သာစေပြီး adrenal gland ကို အကျိုးပြုလို့  အဆီများတဲ့ ငါးစားပေးပါ။ Selenium ပါတဲ့ အစားအသောက်က သိုင်းရွိုက်ရောဂါအတွက်ကောင်းပါတယ်။ leaky gut အတွက် probiotics နှင့် L glutamine သောက်ပေးပါ။ ဒါဆို stress ကြောင့် ဖြစ်တဲ့ အူလမ်းကြောင်းရောဂါ သက်သာပါလိမ့်မည်။

Dr. Phyo Maung

No comments:

Post a Comment