Twitter Bird Gadget

Monday, September 3, 2018

Nutrition - 5

ပရိုတိန်းကို တိရစ္ဆာန် က သာမက အပင်ကပါရပါတယ်။ အပင်ကရတဲ့ ပရိုတိန်းက ပြည့်စုံမှုမရှိတာကြောင့် poor quality protein လို့ ခေါ်ကြတယ်။ တိရစ္ဆာန်ကရတဲ့ ပရိုတိန်းကို good quality protein လို့ခေါ်တဲ့ အကောင်းဆုံး good quality protein ကို ဥအမျိုးမျိုးမှ ရပါတယ်။

ပရိုတိန်းတွေကို ဖြိုခွဲလိုက်လျှင် အမိုင်နိုအက်ဆစ်ရပါတယ်။ ခန္ဓာကိုယ်က အမိုင်နိုအက်ဆစ်ကို ထုတ်ပေးနိုင်ပေမည့် အောက်မှာပါတဲ့ ကိုးမျိုးကိုတော့ ခန္ဓာကိုယ်က မထုတ်ပေးနိုင်တဲ့အတွက် essential လို့ ခေါ်ပါတယ်။ မရှိမဖြစ်၊မစားမဖြစ်ပါ။ သတ်သတ်လွတ်သမားတွေမှာ essential amino acid တွေ ချို့တဲ့နိုင်တာကြောင့် ပရိုတိန်းရနိုင်တဲ့ အပင်ထွက်ပစ္စည်းမျိုးစုံကို စားဖို့လိုပါတယ်။

Essential amino acid တွေက

1 Phenylalanine: အာရုံကြော နှစ်ခုကြား ဆက်သွယ်ပေးတဲ့ ကြားခံ neurotransmitters တွေဖြစ်တဲ့ tyrosine, dopamine, epinephrine, norepinephrine တွေ ထုတ်လုပ်ဖို့ phenylalanine အသုံးပြုရပါတယ်။

2 Valine: ကြွက်သားကြီးထွားခြင်း နှင့် စွမ်းအင်ထုတ်လုပ်ခြင်း အတွက်အသုံးပြုပါတယ်။

3 Threonine: Threonine ကို collagen နှင့် elastin, ထုတ်လုပ်ခြင်း၊ အဆီ၏ ဇီဝလုပ်ငန်း နှင့် ခုခံစွမ်းအားမြှင့်တင်ခြင်းတွေမှာ သုံးပါတယ်။

4 Tryptophan: စားချင်စိတ်၊ ပျော်ရွှင်မှု နှင့် အိပ်စက်ခြင်း နှင့် ဆိုင်တဲ့ အမိုင်နိုအက်ဆစ်ပါ။

5 Methionine: ခန္ဓာကိုယ် သန့်စင်ခြင်းကို ပြုလုပ်ပေးပါတယ်။ Zinc နှင့် selenium စုပ်ယူခြင်းကို ကူညီပေးတယ်။

6 Leucine: ကြွက်သားပြုပြင်ခြင်းကို ပြုလုပ်ပေးတယ်။ သွေးတွင်း သကြားဓာတ်ထိန်းပေးခြင်း နှင့် အနာကျက်ခြင်းတွေကို ကူညီတယ်။ ကြီးထွားစေတဲ့ ဟိုမုန်းထွက်လာစေတယ်။

7 Isoleucine: ကြွက်သားကြီးထွားခြင်းကို ပြုလုပ်ပေးပြီး သွေး နှင့် စွမ်းအင်ထုတ်လုပ်ခြင်းကို ကူညီပေးပါတယ်။

8 Lysine: collagen  နှင့် elastin အတွက်အရေးပါတယ်။ ကယ်လစီယမ်စုပ်ယူမှုကို အားပေးတယ်။

9 Histidine: အစာချေခြင်း၊ လိင်၊ အိပ်စက်ခြင်းတို့ နှင့်သက်ဆိုင်တယ်။ အာရုံကြောဆဲလ်တွေရဲ့ အကာအကွယ်ဖြစ်တဲ့ myelin sheath ကိုပြုလုပ်ပေးတယ်။

Valine , Leucine , Isoleucine တို့ကို အားကစားသမားတွေက BCAA လို့ သိကြတယ်။ ကြွက်သားကြီးထွားမှုအတွက် အကောင်းဆုံး supplement ပါ။

ပရိုတိန်းကို ကြွက်သားတည်ဆောက်ခြင်း၊ အင်ဇိုင်းပြုလုပ်ခြင်း နှင့် ဟိုမုန်းထုတ်လုပ်တဲ့နေရာမှာ အဓိက သုံးပါတယ်။ တစ်နေ့ လိုအပ်ချက်က ကိုယ်အလေးချိန် ပေါင်နှစ်ဆယ်ကို 8 g လိုတယ်ပြောပါတယ်။ တစ်ချို့ကလည်း ကိုယ်အလေးချိန် 1kg ကို ပရိုတိန်း 1g စားခိုင်းပါတယ်။

ပရိုတိန်းက carb မရှိတဲ့အခါ သူ့တာဝန်သာမက carb ရဲ့ တာဝန်ကို ဆောင်ရွက်နိုင်ပါတယ်။ ( Carb ကတော့ ဒီလို အစွမ်းမရှိပါ။ ) ။ ဒါကြောင့် ကိုယ်အလေးချိန်လျော့နေတဲ့ လူတွေ carbကို မစားပဲ ပရိုတိန်းတိုးစားတဲ့အခါ ဝိတ်မကျနိုင်ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်ချနေသူတွေ ဆက်မကျတော့လျှင် ပရိုတိန်းလျော့ပြီး ဟင်းရွက် နှင့် အဆီတွေတိုးစားကြည့်ပါ။ ထူးခြားတဲ့ ရလဒ်တွေထွက်လာနိုင်ပါတယ်။

နောက်တစ်ခုပြောချင်တာက အားကစားသမားတွေသောက်တဲ့ ပရိုတိန်းတွေက အူလမ်းကြောင်းကို ဒုက္ခပေးတတ်ပါတယ်။ ဒါကြောင့် ပရိုတိန်း supplement များများသောက်ပြီးလျှင် probiotics နှင့် အရွက်တွေ စားစေချင်ပါတယ်။

Phyo Maung

No comments:

Post a Comment