ငါးအရိုးပြုတ်တဲ့။ မနေ့က Dr. Axe ရဲ့ Eat Dirt စာအုပ်ကို ပြန်ဖတ်ရင်း ထူးထူးခြားခြားတွေ့တာကြောင့် ငါးအရိုးပြုတ်ကြောင်း အတိုရေးပေးခဲ့ပါတယ်။ ဒီနေ့တော့ ငါးအရိုးပြုတ်အကြောင်းကို အခြားသော သုသေတနတွေ၊ ဆောင်းပါးတွေကို reference လုပ်ပြီး အရှည်ပြန်ရေးပေးပါမည်။
သူတို့ပြောတဲ့ ငါးအရိုးပြုတ်ဆိုတာ ငါးခေါင်းကို အဓိကပြောတာပါ။ မြန်မာလိုတော့ ငါးခေါင်းဟင်းချိုပေါ့။ ငါးခေါင်းက ဈေးပေါမည်ထင်ပါတယ်။ ဒါပေမယ့် ကျန်းမာရေးအတွက်အတော်ကောင်းပါတယ်။ ငါးအရိုးပြုတ်က အရွယ်အစားသေးတာကြောင်း ပြုတ်ရလွယ်ပြီး အချိန်ကုန်သက်သာတဲ့အပြင် အရိုးထဲက အဟာရလည်း အကုန်ထွက်လာစေတယ်လို့ ဆိုပါတယ်
ငါးအရိုးပြုတ်မှာ အိုင်အိုဒင်းဆား ပါပါတယ်။ အိုင်အိုဒင်းဆား က ကုန်းသတ္ထဝါတွေရဲ့ အရိုးမှာမပါပါ။ ဒါကြောင့် ငါးအရိုးပြုတ် က hypothyroid ကိုကာကွယ်ပေးနိုင်ပါတယ်။ သိုင်းရွိုက်ကျန်းမာရေးအတွက်လည်း ကောင်းပါတယ်။
သုသေတနတွေအရ အိုင်အိုဒင်း ကြွယ်ဝတဲ့ အစာတွေစားလျှင် သိုင်းရွိုက်ကင်ဆာ ကို ကာကွယ်တယ်လို့ လေ့လာထားတဲ့ သုသေတနရှိပါတယ်။ ဖတ်လို့ရအောင် reference လည်းထည့်ပေးထားပါတယ်။ ငါးအရိုးပြုတ်မှာ အိုင်အိုဒင်း ကြွယ်ဝစွာပါတာကြောင့် သိုင်းရွိုက်ကင်ဆာကို ကာကွယ်နိုင်တယ်လို့ဆိုရပါမည်။ အိုင်အိုဒင်း ကြွယ်ဝစွာပါတာကြောင့် Hyperthyroid သမားတွေတော့ မသောက်သင့်ပါ။
ငါးအရိုးမှာ ကယ်ဆီယမ်ပါတာကြောင့် အရိုးကို သန်မာစေတယ်။အရိုးပွရောဂါအတွက်ကောင်းပါတယ်။ နောက်တစ်ချက်က ငါးအရိုးပြုတ်မှာ collagen တွေပါတာကြောင့် အရိုးအဆစ်တွေ အားပြည့်စေတယ်။ အစာကြေလွယ်ပြီး အူလမ်းကြောင်းအတွက်လည်း ကောင်းပါတယ်။
အားကစားသမားတွေအတွက် အတော်ကောင်းတယ်လို့ရေးပါတယ်။ အားကစားလုပ်ပြီး အရိုးပြုတ်သောက်လျှင် ကုန်ဆုံးသွားတဲ့ သတ္ထုဓာတ်တွေ ပြန်ရပြီး ပရိုတိန်းပါတာကြောင့် ကြွက်သားကြီးထွားစေပါတယ်။ ကယ်ဆီယမ်လည်းပါလို့ workout အတွက် အဆင်ပြေပါတယ်။
ငါးအရိုးပြုတ်မှာ ပရိုတိန်း၊ ကောင်းမွန်သောအဆီ နှင့် ဗိုက်တာမင်တွေ များစွာပါဝင်တာကြောင့် ဦးနှောက်ကို အကျိုးပြုပါတယ်။ အရိုးအဆစ်သန်မာပြီး ဦးနှောက်လည်း အကျိုးပြုတာမို့ ဆယ်ကျော်သက်တွေ သောက်သင့်ပါတယ်။
အဟာရကြွယ်ဝပြီး ကိုယ်ခံအားကို မြင့်စေတာကြောင့် နေမကောင်းဖြစ်နေချိန်မှာ သောက်သင့်ပါတယ်။
သတိထားစေချင်တာက ငါးအမျိုးအစားပေါ်မူတည်ပြီး အကျိုးရလဒ်ကွဲပြားသွားနိုင်ပါတယ်။ အဆီများတဲ့ ငါးတွေမချက်သင့်ဘူးဆိုပါတယ်။ မွေးမြူရေးငါးထက် သဘာဝအတိုင်းဖမ်းတဲ့ငါးက ပိုကောင်းတယ်ပြောပါတယ်။ လတ်ဆတ်တဲ့ ရေငန်ငါးက ပိုကောင်းပါတယ်။ တစ်ချို့က ငါးတွေမှာ ပြဒါးပါဝင်မှာ သိပ်ကြောက်ကြတယ်။
Probiotics သောက်ထားလျှင် ပြဒါးအဆိပ်ကို ကာကွယ်ပေးနိုင်တယ်လို့ Egyptian Journal of Environmental Research ကဆိုပါတယ်။ Probiotics က ပြဒါးသာမက Heavy Metals အဆိပ်တော်တော်များများကို ကာကွယ်ရာမှာ အသုံးဝင်ပါတယ်။ မြန်မာပြည်မှာ ကီဖာ နှင့် probiotics ယဉ်ကျေးမှု ထွန်းကားနေပြီမို့ ပြဒါးဆိပ်သင့်မှာအတွက် စိတ်ပူစရာလိုမည်တော့မထင်ပါ။ ဒီအကြောင်းအရာနဲ့ ပတ်သတ်တဲ့ reference လည်းထည့်ပေးထားပါတယ်။
PHYO MAUNG
References
https://www.natren.com/blog/can-probiotic-bacteria-help-clear-heavy-metals-body/
https://www.ncbi.nlm.nih.gov/pubmed/28084611
https://www.drkellyann.com/recipe/fish-bone-broth/
https://www.wisechoicemarket.com/blog/10-hidden-health-benefits-of-fish-broth/
https://www.ncbi.nlm.nih.gov/pmc/articles/PMC5440127/
No comments:
Post a Comment