Twitter Bird Gadget

Friday, August 24, 2018

ကျန်းမာစေသော သဘာဝနည်းလမ်းများ - ၂

မနက်စာ စားခြင်း

၁။ ရေဓာတ်ပြည့်ဝသော အစားအစာစားပါ။ မနက်စောစော ရေဓာတ်ပြည့်ဝတာ စားတာကျန်းမာရေးအတွက် ကောင်းပါတယ်။ တစ်နေ့တာလုံး အားအင်ပြည့်ဝစေတယ်။ ( ဥပမာ - အုန်းရည်၊ အချိုမထည့်ထားသော အသီးဖျော်ရည်များ၊ သဘာဝ ပန်းသီးရှာလကာရည် ရေများများရောသောက်ဖို့လိုပါတယ်။ )

၂။ ပရိုဘိုင်အိုတစ်များတဲ့ အစားအစာတွေစားပါ။ တစ်နေ့တာလုံး အစာခြေရာမှာ အကူအညီပေးပြီး ရေရည်မှာ ခုံခံအားကောင်းလာစေပါတယ်။ ( ဥပမာ - ဒိန်ချဉ်၊ ကီဖာ)

၃။ အသီးအရွက်စားပါ။ တစ်နေ့တာလုံး ဇီဝလုပ်ငန်းလည်ပတ်ဖို့ ဗိုက်တာမင် B အုပ်စုကို ထောက်ပံ့ပါတယ်။

၄။ ပရိုတိန်း နှင့် အဆီစားပါ။ တစ်နေ့တာလုံး အတွက် အသုံးပြုမည့် စွမ်းအင်ရပါတယ်။

၅။ အများပြောကြတဲ့ မနက်စာကို ဘုရင်လိုစားပါဆိုတာ အများကြီးစားခိုင်းတာ မဟုတ်ပါ။ အကောင်းဆုံး အစားအစာ ၊ တစ်နေ့တာလုံး အားပြည့်စေမဲ့ အစာကို စားခိုင်းတာပါ။

၆။ ရေဓာတ်ခန်းခြောက်စေမဲ့ ကော်ဖီရှောင်ပါ။ အင်ဆူလင် ကမောက်ကမ ဖြစ်စေမဲ့ အသင့်စားအစာတွေ ရှောင်ပါ။

၈။ ချဉ်သော အသီး ၊ အဆီများသော အသီးတွေ သိပ်ကောင်းတယ်။

နေ့လည်စာစားခြင်း

၁။ မစားခင် ရေ ဝဝသောက်ပါ။ ရေဆာတာ နှင့် ဗိုက်ဆာတာ သိပ်တူတယ်။ ရေငတ်လို့ ဆာနေလျှင်အစားစားလည်း ဝသွားပြီလို့ မခံစားရဘူး။ ဒါကြောင့် ပိုစားမိပြီး ဝတုတ်ကြီး ဖြစ်လာမည်။

၂။ ရေသောက်ပြီး ဗိုက်ချောင်မှ စစားပါ။ နေ့လည်စာကို တစ်နေ့တစ်မျိုး မရိုးရအောင်စီမံပါ။ ချေးများတဲ့ သူကကျန်းမာရေး မကောင်းတတ်ပါ။ ရေးလူကြီးများက အပင်မျိုးစိတ်ပေါင်း ၂၅၀ လောက်စားကြပါတယ်။ အခု ကျွန်တော်တို့ စားတာ ၂၀ မကျော်ပါ။

၃။ သဘာဝဆန်လေ ကျန်းမာရေးကောင်းလေပါ။ ပြုပြင်ထားတဲ့အစားအစာကို ကျွန်တော်တို့ ခန္ဓာကိုယ်က ကောင်းကောင်းမသုံးတတ်ပါ။

၄။ အခါးစားပေးပါ။ ခါးတဲ့ အရာက lectin ပါပေမည့် ကျန်းမာရေးအကျိုးပြုတယ်။ ဒါကို Hormesis လို့ခေါ်ပါတယ်။

၅။ နေ့လည်စာစားပြီး သဘာဝကော်ဖီကြမ်းများ သောက်ခြင်းက caffein ပါလို့ ညနေပိုင်း လန်းဆန်းစေပါတယ်။ အဆီလည်းကျစေတယ်။

၆။ အခွံမာ သီးတွေကို သားရေစာအနေနဲ့ စားလို့ရတယ်။ လိုအပ်တဲ့ ဗိုက်တာမင်တွေ ရပါမည်။

၇။ စားပြီး ၃ နာရီ ကျော်မှ သစ်သီး စားပါ။

ညစာစားခြင်း

၁။ ညစာမစားပဲ fasting လုပ်တာ ပိုကောင်းပါတယ်။ ဒါကြောင့် သူတောင်းစားလို ဘာမှ မစားနဲ့ ရေးတာပါ။

၂။ စားမည်ဆို အရွက်တွေစားပါ။ အမျှင်ဓာတ်များလို့ အဆာခံပါတယ်။ magnesium ပါလို့ ကြွက်သားပြေလျော့စေတယ်။

၃။ ကြက်ဥ အနှစ်လို အဆီစားလို့ရပါတယ်။ နည်းနည်းစားပြီး ဗိုက်ဝလို့ ပိုမစားဖြစ်ပါ။

၄။ အူလမ်းကြောင်း ကောင်းလျှင် ရောင်းတန်း မဟုတ်တဲ့ သဘာဝ နွားနို့ ကျိုသောက်လို့ရပါတယ်။ သူက tryptophan ပါပြီး ပိုအိပ်ကောင်းစေတယ်။

PHYO MAUNG

No comments:

Post a Comment