Twitter Bird Gadget

Thursday, August 23, 2018

NLDအလံရဲ့သမိုင်း


------------------------
အလံရဲ့သမိုင်းကို ကျမ နည်းနည်းပြန်ပြောပြချင်ပါတယ်။ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံက ပေါက်ဖွားလာတဲ့ နိုင်ငံရေးပါတီဖြစ်တဲ့ 'အမျိူ းသားဒီမိုကရေစီအဖွဲ့ချူ ပ်' ဟာ အလံကို ရေးဆွဲတဲ့နေရာမှာ သေသေချာချာ စဉ်းစားခဲ့ပါတယ်။ 'အဓိပ္ပါယ်ရှိတဲ့ အလံကိုရွေးဖို့ဟာ ကျမတို့စဉ်းစားခဲ့ရတာပါ။

၁၉၈၈ ခုနှစ် ပြည်သူအားလုံးပါဝင်တဲ့ ဒီမိုကရေစီအရေးတော်ပုံကြီးဟာ ကျမတို့ နိုင်ငံသူနိုင်ငံသားတွေရဲ့ သတိ္တကို ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့် ကျမတို့ရဲ့အလံနဲ့အရောင်ဟာ အနီဆိုတာက သတ္တိကို ကိုယ်စားပြုတဲ့ အရောင်ဖြစ်လို့ အနီကို ကျမတို့ နောက်ခံထားတာပါ။

ကြယ်ဖြူ ဆိုတာက တော်လှန်ရေးရဲ့သငေ်္ကတ - တော်လှန်ရေးရဲ့အထိမ်းအမှတ် ဖြစ်ပါတယ်။ 'လွတ်လပ်ရေးမရခင်ကာလ ကျမတို့ဖက်ဆစ်စနစ်ကို တော်လှန်တဲ့အခါတုန်းကလည်း ကြယ်ဖြူ ကို သငေ်္ကတအနေနဲ့ ထားပြီးတော့ တော်လှန်ရေးဆင်နွဲခဲ့တာပါ။ ဒီတော့ 'ဖြူ စင်တဲ့တော်လှန်ရေး - ဖြူ စင်တဲ့စိတ်ဓာတ်စေတနာပေါ်မှာ အခြေခံတဲ့တော်လှန်ရေးဖြစ်ပါတယ်။

'တော်လှန်ရေးဆိုတာ အကြမ်းဖက်တဲ့တော်လှန်ရေးမျိူ းပဲ နားလည်ကြတယ်။ တော်လှန်ရေးဆိုတာ အကြမ်းဖက်တဲ့နည်းတွေနဲ့စနစ်တစ်ခုကို တော်လှန်လိုက်တာလို့ထင်ကြပါတယ်။ ဒီလိုမဟုတ်ပါဘူး။

     "တော်လှန်ရေးဆိုတဲ့ အဓိပ္ပါယ်ကတော့ စနစ်တစ်ခုကို ပြတ်ပြတ်သားသား ပြောင်းလဲလိုက်တာဟာ တော်လှန်ရေးတစ်ခုပါပဲ" …

ဒါဟာ 'အကြမ်းဖက်တဲ့နည်းနဲ့ လုပ်လို့ရသလို - အကြမ်းမဖက်တဲ့နည်းနဲ့လည်း' လုပ်လို့ရပါတယ်။ ကျမတို့အမျိူ းသားဒီမိုကရေစီအဖွဲ့ချူ ပ်ဟာ အကြမ်းမဖက်တဲ့နည်းနဲ့ တော်လှန်ရေးကို ယုံကြည်တာကြောင့် ကျမတို့ရဲ့သငေ်္ကတဟာ အင်မတန်မှ ဖြူ စင်တဲ့ကြယ် - တော်လှန်ရေးရဲ့စိတ်ဓာတ်ကို ဖြူ စင်တယ်ဆိုတာ ပြနေတာ ဖြစ်ပါတယ်။

ခွပ်ဒေါင်းကတော့ ၁၉၈၈ အရေးတော်ပုံမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားများကို ကိုယ်စားပြုတာပါ။ အရင်တုန်းကဆိုရင် ဖေဖေတို့လွတ်လပ်ရေးမရခင်တုန်းက ကျောင်းသားများကစပြီး လွတ်လပ်ရေးအတွက် ကြိုးပမ်းစဉ်တုန်းက ခွပ်ဒေါင်းကို သငေ်္ကတအဖြစ် သုံးခဲ့ပါတယ်။ ခွပ်ဒေါင်းဆိုတာ ဒေါင်းဆိုတာ အင်မတန် ကျက်သရေရှိတဲ့ ငှက်တစ်ကောင် ဖြစ်ပါတယ်။ ဒေါင်းက လှပတယ် - သတိ္တရှိတယ် - တင့်တယ်တယ် - မြင့်မြတ်တယ်။ အဲဒီလို။

ဒါပေမဲ့ 'ဒေါင်းဆိုတာ တစ်ခါတစ်လေ တကယ်ပျော်ရွှင်တဲ့အခါ ကသလို - သတိ္တရှိရှိနဲ့ တိုက်သင့်တဲ့အခါမှာ တိုက်ရဲတဲ့သတိ္တရှိလို့ ခွပ်ဒေါင်းပုံစံဟာ ကျမတို့ လူငယ်ကျောင်းသားများရဲ့ သတိ္တ ဗျတိ္တကို ကိုယ်စားပြုတာပါ။

ဒါကြောင့် 'ကျမတို့ရဲ့အလံဟာ လူကြီးလူငယ်မရွေး ဖြူ စင်တဲ့တော်လှန်ရေးနဲ့ တိုက်သင့်သူတွေကို စိတ်ဓာတ်အင်အားနဲ့တိုက်နိုင်တယ်ဆိုတာကို ပြနေတဲ့အလံ' ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်
မိုးညှင်း (ကချင်) ခရီးစဉ်
၂၀၁၅ - ၁၀ - ၃

No comments:

Post a Comment