Hyperthyroid အများစုက အော်တိုအင်မြူးရောဂါတစ်ခုဖြစ်တဲ့ Graves disease ကြောင့်ဖြစ်တာပါ။ အဆိပ်ထုတ်တဲ့ သိုင်းရွိုက်အကျိတ်ကြောင့်လည်း ဖြစ်တတ်ပါတယ်။ သိုင်းရွိုက်ဂရင်းရောင်ရမ်းခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အိုင်အိုဒင်းပါတဲ့ ဖြည့်စွက်စာတွေ အများကြီးသောက်လို့လည်း ဖြစ်နိုင်ပါတယ်။
ပူပန်ကြောင့်ကြများခြင်း၊ အိပ်မပျော်ခြင်း၊ ဂနာမငြိမ်ခြင်း၊ အရင်အခြေအနေထက် အနံခံအာရုံပိုကောင်းလာခြင်း၊ IBS ဖြစ်လာခြင်း၊ ဆံပင်ပါးခြင်း၊ နှလုံးခုန်မမှန်ခြင်း နှင့် ကိုယ်အလေးချိန်ပြောင်းလဲခြင်း၊ အပူဒဏ်မခံနိုင်ခြင်း၊ ဝမ်းခဏခဏသွားခြင်း ၊ လက်တုန်ခြင်းတွေက hyperthyroid ရဲ့ လက္ခဏာတွေပါ။
Graves Disease ကို အဓိကဖြစ်စေတာက leaky gut syndrome, ဟိုမုန်းပြောင်းလဲခြင်း ၊ အဆိပ်သင့်ခြင်း နှင့် အစာနှင့် ဓာတ်မတည့်ခြင်းတွေကြောင့်လို့ Functional medicine ဆရာဝန် Dr. Axe ကပြောပါတယ်။ အခု စာစုကလည်း သူ့ ဆောင်းပါးကို အခြေခံပြီး ဖတ်ထားတဲ့ စာအုပ်နဲ့ ပေါင်းရေးတာပါ။
သိုင်းရွိုက်ဟိုမုန်းများတာက ဇီဝဖြစ်စဉ်တွေကို မြန်ဆန်လာစေတဲ့ အတွက် Hyperthyroid ရောဂါသည်တွေ စားသင့်တာက ကယ်လိုရီများများပါတဲ့အပြင် ဇီဝလုပ်ငန်းကိုကူညီပေးမဲ့ ဗိုက်တာမင် ဘီ နှင့် CO Q 10 များများပါတဲ့အစာတွေပါ။ ဒါမှ သိုင်းရွိုက်ဟိုမုန်းများခြင်းရဲ့ ဒဏ်ကိုခံနိုင်မှာပါ။
အရွက်စိမ်းတွေကို သေချာဆေးပြီး ကြိတ်သောက်တာက ဗိုက်တာမင်တွေ အဟာရတွေအပြည့်ပါလို့ သင့်တော်ပါတယ်။ သဘာဝဖြစ်တွေစားပါ။ အသင့်စားတွေ ရှောင်ပါ။ ရောင်ရမ်းတာကို ကုသတဲ့ ဂျင်းလို အစာတွေစားပါ။ အူနံရံကုသဖို့ အရိုးပြုတ် ခဏခဏသောက်ပါ။
ဂလူတန်ပါတဲ့ ဂျုံ နှင့် လုပ်တဲ့အစာတွေ၊ နို့ နှင့် နို့ထွက်ပစ္စည်းတွေ၊ ဆိုးဆေးပါတဲ့အစာတွေ၊ သကြားတွေ၊ GMO အစားအစာတွေရှောင်ပါ။
ပုံမှန်အားဖြင့် Hyperthyroid ကို သောက်ဆေး၊ ရေဒီယို သတ္ထုကြွ အိုင်အိုဒင်း၊ ခွဲစိတ်ခြင်းတို့နှင့် ကုသကြပါတယ်။ ကုသမှုတွေရဲ့ ရည်ရွယ်ချက်က thyroid ဟိုမုန်းကို ပုံမှန်ပမာဏ ပြန်ရောက်အောင် လုပ်လိုက်ပြီးရောဂါလက္ခဏာတွေ နှင့် နောက်ဆက်တွဲ ဆိုးဝါးတဲ့ ကျန်းမာရေးအခြေအနေတွေကို ကာကွယ်ဖို့ပါ။ ကုသမှု တစ်ခုတည်း နှင့် ကောင်းသွားတာတော့ရှားပါတယ်။
သောက်ဆေးတွေမှာ လက်တုန်တာတွေ၊ နှလုံးခုန်မြန်တာတွေ အတွက် beta blocker လို့ ကျွန်တော်တို့သိတဲ့ propanolol အုပ်စုတွေပေးပါတယ်။ ဆေးသောက်ပြီး နာရီပိုင်းလောက်အတွင်း နှလုံးခုန်တာ နှင့် ဂနာမငြိမ်တာ သက်သာသွားတတ်ပါတယ်။
သိုင်းရိုက်ဟိုမုန်း များတာအတွက် methimazole လို့ခေါ်တဲ့ antithyroid ဆေးတွေပေးပါတယ်။ ဒီဆေးသောက်လျှင်လည်း လုံးဝကောင်းသွားမှာတော့ မဟုတ်ပါ။ Hyperthyroid သမားတွေ ကိုယ်ဝန်ရှိလျှင် propylthiouracil လို့ခေါ်တဲ့ antithyroid ဆေးပြောင်းပေးပါတယ်။ အရင်ပေးနေကျ methimazole က သန္ဓေသားအတွက် မကောင်းလို့ပါ။ ဆေးသောက်ပြီး လအတော်ကြာမှ သိုင်းရွိုက်ဟိုမုန်းက ပုံမှန်ပြန်ဖြစ်တာပါ။ သိုက်းရွိုက်ရောင်ရမ်းတာကြောင့် ဖြစ်တဲ့ hyperthyroid ကို antithyroid သောက်ဆေးနှင့် မကုနိုင်ပါ။
Antithyroid ဆေးတွေက ယားယံခြင်း၊ အရေပြားအစက်အပျောက်ထွက်ခြင်း၊ သွေးဖြူဥနည်းသွားပြီး ရောဂါပိုးဝင်လာခြင်း၊ ဖြစ်ခဲပေမည့် အသည်းပျက်စီးခြင်း ထိ ဖြစ်နိုင်ပါတယ်။
မောပန်းနွမ်းနယ်နေတာ၊ ဗိုက်အောင့်တာ၊ အစားအသောက်ပျက်တာ၊ အရေပြားမှာ ယားယံပြီး အစက်တွေထွက်တာ၊ အသားဝါတာ၊ လည်ပင်းနာတာတွေဖြစ်လျှင် ဆရာဝန်နှင့်ပြသဖို့လိုပါတယ်။
Radioactive iodine က သိုင်းရွိုက်ဆဲလ်တွေကို ဖျက်စီးလိုက်ပြီး hyperthyroid ကို သက်သာစေပါတယ်။ မကောင်းတာက hypothyroid ဖြစ်သွားလို့ တစ်သက်လုံး ဟိုမုန်းဆေးသောက်ရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်တွေအတွက် အဆင်မပြေပါ။
သောက်ဆေး နှင့် အဆင်မပြေလျှင် သို့မဟုတ် radioactive iodine သုံးဖို့လည်း မဖြစ်နိုင်လျှင် ရောဂါလက္ခဏာတွေကို ငြိမ်အောင်လုပ်၊သိုင်းရွိုက်ဟိုမုန်းကိုပုံမှန်ဖြစ်အောင်လုပ်ပြီး ခွဲစိတ်ကုသလိုက်ပါတယ်။ သိုင်းရွိုက်အကုန်ထုတ်လိုက်လျှင် တစ်သက်လုံးဟိုမုန်းဆေး သောက်ရပါမည်။တစ်ချို့ကတော့ thyroid အကုန် မထုတ်ပဲ တစ်စိတ်တစ်ပိုင်းလောက် ချန်ထားပေးပါတယ်။
Functional medicine ဘက်က Dr. Axe အကြုံပြုတဲ့ ငါးမျိုးက
#1 Bugleweed (2 mL 3x daily) - မှာ ပါဝင်တဲ့ အက်ဆစ်က သိုင်းရွိုက်ပျက်စီးတာကို ကာကွယ်နိုင်ပါတယ်။
#2 L-carnitine (1000 mg 2-4x daily) - hyperthroid ရောဂါလက္ခဏာတွေ အတွက်ကောင်းပါတယ်။
#3 Lemon balm (2 mL 3x daily) - သိုင်းရွိုက်ဂရင်းကို antibodies တိုက်ခိုက်ခြင်းက ကာကွယ်တယ်။
#4 B-complex (50 mg 2x daily) - ရောဂါလက္ခဏာအတွက်ကောင်းတယ်။
�#5 Plant sterols - ခုခံအားအတွက် ကောင်းပါတယ်။
မူရင်း ဆောင်းပါး >> https://draxe.com/5-ways-treat-hyperthyroidism-naturally/
PHYO MAUNG
No comments:
Post a Comment