ဆရာမကြီး ဒေါက်တာ Natasha ရဲ့ Put Your Heart in Your Mouth စာအုပ်မှာ ကိုလက်စထရော နှင့် ပတ်သတ်တဲ့ ဆန်းသစ်တဲ့ အတွေးအခေါ်ကိုချပြထားပါတယ်။ စာအုပ်က ဖတ်ရလွယ်ပြီး ခပ်ပါးပါးပေမည့် သူ့ညွှန်းတဲ့ research တွေဖတ်ဖို့ရာ အချိန်အတော်ယူရပြီး ဆေးပညာ စကားတွေမို့ ဖတ်ရခက်ပါတယ်။
စာအုပ်မှာ ဆရာမကြီးပြောတာက ကိုလက်စထရောကို အသည်းကထုတ်ပါတယ်။ ကိုလက်စထရောကို သည်းခြေရည်ထုတ်တဲ့နေရာမှာသုံးပြီး အဆီကိုခြေဖျက်ဖို့၊ အဆီ နှင့် အဆီပျော် ဗိုက်တာမင် A,D,E,K ကို စုပ်ယူဖို့ အသုံးပြုပါတယ်။ ဆဲလ်နံရံတွေဆောက်ဖို့လည်းသုံးတယ်။ ဟိုမုန်းတွေထုတ်ပေးဖို့လည်း သုံးတယ်။ ခုခံအား နှင့် အရိုးကျန်းမာရေးအတွက်အရေးကြီးတဲ့ ဗိုက်တာမင် ဒီ ကို ကိုလက်စထရော အခြေခံပြီးဆောက်ရတာပါ။
ကိုလက်စထရော က ရောင်ရမ်းခြင်းကို ကုသဖို့ အဓိက ပစ္စည်းဖြစ်နေပါတယ်လို့ ဆရာမကြီးက ထူးထူးခြားခြား ပြောပါတယ်။ ခန္ဓာကိုယ်မှာ ရောင်ရမ်းခြင်းစတင်တာနဲ့ ကိုလက်စထရော ကို အသည်းကထုတ်ပေးပြီး ရောင်ရမ်းတဲ့နေရာပို့လို့ သက်သာအောင်ကုသပါတယ်။
ရေမှာ မပျော်တဲ့ အဆီမို့ သွေးထဲမှာ သွားလာလို့ရအောင် ပရိုတိန်းနှင့် တွဲပို့ပေးပါတယ်။ အသည်းကနေ ရောင်ရမ်းတဲ့နေရာပို့ပေးတာ LDL လို့ခေါ်တဲ့ အရာပါ။ ဒါကြောင့် LDL မြင့်လာလျှင် ရောင်ရမ်းတာရှိနေလို့ ကိုယ်ခန္ဓာအတွက် မကောင်းပါ။
LDL များနေချိန်မှာ ကိုလက်စထရောလည်း တက်နေတတ်တယ်။ အမှန်တကယ်တော့ သူ့ကြောင့်ရောဂါရတာ မဟုတ်ပဲ။ သူက ရောဂါကုဖို့ မြင့်တက်လာတယ်ဆိုပါတယ်။
ရောင်ရမ်းတာကိုကုသပြီးချိန်မှာ ကုသပြီးတဲ့နေရာကနေ ပိုလျှံနေတဲ့ ကိုလက်စထရော က အသည်းကို HDL အနေနှင့် ပြန်လာတယ်ပြောပါတယ်။ ဒါကြောင့် HDL က ရောဂါကုသပြီးချိန်မှာ များလာတတ်ပါတယ်။ ဒါကြောင့် HDL များလာလျှင် ခန္ဓာကိုယ်အတွက် သိပ်ကောင်းတယ်လို့ နားလည်သူတွေ ပြောတာပါ။
ဆရာမကြီး ယူဆတာက ကိုလက်စထရော ကို ဓာတုဆေးနှင့် နည်းအောင်လုပ်လိုက်တာထက် ရောင်ရမ်းခြင်းကို လျော့ချလိုက်လျှင် ကိုလက်စထရော နှင့် LDL နည်းသွားပြီး HDL များလာမည်လို့ယူဆပါတယ်။ ဆရာမက အဆီကျဆေးကိုပါ ဆန့်ကျင်ပါတယ်။ ရောင်ရမ်းတာကို ကုသချိန်မှာ နှောက်ယှက်ပေးတဲ့ သွေးတွင်း သကြားများတာ နှင့် အင်ဆူလင်များတာကို ထိန်းချုပ်ဖို့ အကြံပေးပါတယ်။ ရောင်ရမ်းခြင်း ကုသဖို့ antioxidants တွေ သုံးနိုင်တယ်လို့ပြောပါတယ်။
PHYO MAUNG
No comments:
Post a Comment