Twitter Bird Gadget

Friday, September 28, 2018

Coconut Oil

အုန်းဆီက ဝိတ်ချချင်သူတွေအတွက် ကမ္ဘာပေါ်မှာ
အကောင်းဆုံးအဆီပါ။
ပါဝင်တဲ့အဆီပေါင်းစပ်မှုက ဇီဝလုပ်ငန်း (metabo
lism) ပေါ်မှာ အကျိုးသက်ရောက်မှု များပါတယ်။
များစွာသော သုတေသနတွေက အုန်းဆီစားလျှင်
ဝမ်းဗိုက်ကအဆီတွေ ကျစေတယ်ဆိုပါတယ်။
အုန်းဆီမှာ အများဆုံးပါတဲ့ အဆီအမျိုးအစားကို
Medium Chain Triglycerides, လို့ ခေါ်ပါတယ်။ သူက metabolism ကို မြှင့်ပေးပါတယ်။
အစားအစာ အများစုမှာပါတာက long-chain fatty
acids ပါ။
Medium Chain Triglycerides တွေက စွမ်းအင်ထုတ် ဖို့နဲ့ Ketone bodies (ကီတုန်းဘော်ဒီ)ဖြစ်ဖို့ အသည်းဆီ တိုက်ရိုက်သွားပါတယ်။ သည့်အပြင် အခြားအဆီတွေထက် ကိုယ်တွင်းသိုလှောင်မှု နည်းတယ်ဆိုပါတယ်။

ကြွက်တွေကို medium chain fats ကျွေးတဲ့အခါ ၂၀% လောက် ဝိတ်ကျသွားပြီး ၂၃% လောက် အဆီကျသွားတယ်ဆိုပါတယ်။
စားလိုက်တဲ့ ကယ်လိုရီတိုင်းက စွမ်းအင်ကယ်လိုရီအဖြစ်
မပြောင်းတတ်ပါ။
အစားအစာ အမျိုးစုံသလောက် စားပြီးတဲ့အခါ သူတို့
ဖြတ်သန်းရမယ့် ဇီဝဖြစ်စဉ်တွေလည်း မတူကြပါ။

တချို့ အစားအသောက်တွေက အစာခြေဖျက်ဖို့နဲ့ ဇီဝ
လုပ်ငန်း လည်ပတ်ဖို့ စွမ်းအင်အများကြီး ပေးပါတယ်။
အုန်းဆီကလည်း ဒီလိုစွမ်းအင်မျိုး ပိုင်ဆိုင်ပါတယ်။ ဒါကို
""thermogenic" လို့ခေါ်ပါတယ်။ အဆီလောင်ကျွမ်းမှု များသွားစေတယ်လို့ နားလည်နိုင်ပါတယ်။
တစ်နေ့ 15-30 grams (1 to 2 tablespoons) လောက် သောက်ပေးရုံနဲ့ တစ်ရက် 120 caloriesပိုလောင်ကျွမ်းစေပါတယ်။

အုန်းဆီက စားချင်စိတ် (Appetite) ကိုလျော့ပေးပြီး အစာနည်းသွားစေပါတယ်။
အုန်းဆီက ဇီဝလုပ်ငန်းကိုမြင့်စေပြီး စားချင်စိတ်ကို
လည်း လျော့ချပေးတာကြောင့် ရေရှည်စားသုံးလျှင် အဆီကျစေပါတယ်။

အစားလျှော့စားပြီး နေ့စဉ်လမ်းလျှောက်နေတဲ့ အမျိုးသမီး လေးဆယ်ကို နှစ်ဖွဲ့ခွဲပြီး တစ်ဖွဲ့ ကိုအုန်းဆီနှစ်ဇွန်း၊ တစ်ဖွဲ့ကို ပဲဆီနှစ်ဇွန်း နေ့စဉ်တိုက်ပေးပြီး ၂၈ ရက်စောင့်ကြည့်တဲ့အခါ နှစ်ဖွဲ့လုံး 2 lb ကျသွားပါတယ်။
အုန်းဆီစားတဲ့ဘက်က ခါးဆိုဒ်ပိုကျပါတယ်။ ပဲဆီစား
တဲ့ဘက်က ခါးပိုတုတ်လာပါတယ်။

အုန်းဆီစားတဲ့ဘက်က HDL မြင့်လာပြီး ပဲဆီစားတဲ့
က်က HDL ကျပြီး LDL တက်လာပါတယ်။
ကောက်ချက်ချမည်ဆိုလျှင် အုန်းဆီက ဝိတ်ကျစေတာ
ထက် အဆီပိုကျစေပါတယ်။
နောက်လေ့လာမှုတစ်ခုမှာ ယောက်ျား၀၀ကြီးတွေကို
အုန်းဆီ 30 grams တစ်လကျွေးကြည့်တဲ့အခါ ခါးဆိုဒ် 2.86cm , or 1.1 inches လောက် ကျသွားတယ်ဆိုပါတယ်။

အုန်းဆီက ဝိတ်ကျစေတယ်လို့ ပြောတာထက် ဝမ်း
ဗိုက်ဆီ ကျစေတယ်လို့ပြောမှ ပိုမှန်ပါလိမ့်မယ်။
အုန်းဆီဆိုတာ အဆီပါ။
အဆီ 1g စားတိုင်း 9 calories ရပါတယ်။ အုန်းဆီ
လည်း အတူတူပါပဲ။

ကယ်လိုရီ အတိအကျစားနေလျှင် အုန်းဆီစားလို့ရမယ့်
ကယ်လိုရီကို အရင်တွက်ထားဖို့ လိုပါလိမ့်မယ်။ ဒါမှမဟုတ်
လျှင် ပိုစားမိပြီး ဝလာပါလိမ့်မယ်။

Dr.Phyo Maung

No comments:

Post a Comment