Twitter Bird Gadget

Monday, September 24, 2018

သခင်သန်းထွန်း ဝန်ခံခဲ့တဲ့ အမှား ၂ ခု

ပဲခူးရိုးမထဲမှာ ရန်သူအပေါ် အမြင်ပြတ်သားမှုရှိ၊ မရှိ ဆန်းစစ်ပွဲလုပ်တဲ့ညမှာ သခင်သန်းထွန်းက အပြီးသတ် မိန့်ခွန်းပြောခဲ့တယ်။
သူ့ဘဝမှာ ဆုံးဖြတ်ချက်မပြတ်သားခဲ့လို့ ပြည်သူတွေ ကနေ့ထိ ဒုက္ခရောက်နေရတာပဲတဲ့။
ပထမအမှားကတော့ ဗိုလ်ချုပ်အောင်ဆန်းကို သခင်သန်းထွန်းက ပြောတယ်။
ဦးနုအတွက် ဖဆပလအလုပ်အမှုဆောင်တနေရာ ပေးဖို့။
ဗိုလ်ချုပ်အောင်ဆန်းက အရေးအကြောင်းဆို ရှာမတွေ့တဲ့ ဒီလူကိုမပေးဘူးတဲ့။
အဲ့ဒီ့မှာ သခင်သန်းထွန်းက မဖြစ်မနေပေးဖို့ တိုက်တွန်းခဲ့တယ်။

ဒုတိယက အမှားတွေလွန်ကဲလာတဲ့ ဗိုလ်ရှုမောင်(ဗိုလ်နေဝင်း)ကို အရေးယူဖယ်ရှားဖို့ ဗိုလ်ချုပ်အောင်ဆန်းက သခင်သန်းထွန်းကို တိုင်ပင်တယ်။
သခင်သန်းထွန်းက ဒီလိုလုပ်လို့ ဘယ်ဖြစ်မလဲ။ သူက ခင်ဗျားတို့ ရဲဘော်သုံးကျိပ်ထဲကပဲ။ မလုပ်ဖို့ ကန့်ကွက်ခဲ့တယ်။

အဲ့ဒီ့ အမှား ၂ ခုကို သခင်သန်းထွန်း သေချာဝန်ခံသွားခဲ့တယ်။

အချိန်တွေလွန်ခဲ့တော့ တယောက်က ဖဆပလကို ထက်ခြမ်းခွဲခဲ့သလို တယောက်က ပြည်သူတွေအပေါ် ဆိုးဝါးလှတဲ့ အုပ်ချုပ်ရေးကိုထူထောင်သူဖြစ်လာတယ်။
ဒါတင်မကပါဘူး။ တချိန်က သူ့အသက်ကို ကယ်ပေးဖူးတဲ့ သခင်သန်းထွန်းကို ဒလန်လွှတ်ပြီး ပြန်သတ်လိုက်တာပဲ။

ခုဆို မြယာတောလည်း လွမ်းတတ်တဲ့ မိုးစက်တွေစိုလို့။
မြယာပင်တန်းတွေနဲ့ ပဲခူးရိုးမကို မြင်တိုင်း သခင်သန်းထွန်းကို သတိရနေမိတော့တယ်။

No comments:

Post a Comment