၁၉၅၄- မြန်မာဝန်ကြီးချုပ်ဦးနုက ထိုင်းနိုင်ငံကို ၁၈ ရာစု အယုဒ္ဓယဖျက်ဆီးခဲ့မှုအတွက် တောင်းပန်။
၁၉၅၇- ဂျပန်ဝန်ကြီးချုပ်က ဒုတိယကမ္ဘာစစ်က လွန်ကျူးမှုများအတွက် မြန်မာနိုင်ငံကိုတောင်းပန်။
၂၀၀၆- ဗြိတိန်ဝန်ကြီးချုပ်က ၁၉ ရာစုမတိုင်မီက ကျွန်ကုန်ကူးခဲ့မှုအတွက် လူမည်းများကိုတောင်းပန်။
၂၀၁၀- ဗြိတိန်ဝန်ကြီးချုပ်က ၁၉၇၂ မြောက်အိုင်ယာလန်ဆန္ဒပြသမားများကို ပစ်သတ်ခဲ့မှုအတွက် တောင်းပန်။
၂၀၁၃- ဗြိတိန်အစိုးရက ၁၉၅၂-၆၀ ကင်ညာသူပုန်များကို ရက်ရက်စက်စက်နှိမ်နင်းခဲ့မှုအတွက် တောင်းပန်။
၁၉၉၅- အမေရိကန်ကာကွယ်ရေးဝန်ကြီးဟောင်း မက္ကနာရားမားက ၁၉၆၃-၇၅ ဗီယက်နမ်စစ်ပွဲအတွက် တောင်းပန်။
၁၉၉၈- အမေရိကန်သမတ ကလင်တန်က မိုနီကာလူဝင်းစကီးနဲ့ ကဲခဲ့တဲ့အတွက် အမေရိကန်ပြည်သူများကို တောင်းပန်။
၂၀၀၈- အမေရိကန်လွှတ်တော်က လူမည်းများအပေါ် ကျွန်စနစ်ကျင့်သုံးခဲ့မှုအတွက် တောင်းပန်။
၂၀၁၀- အမေရိကန်လွှတ်တော်က ဌာနေတိုင်းရင်းသား red indian များကို ဖိနှိပ်လွန်ကျူးခဲ့မှုများအတွက် တောင်းပန်။
၂၀၀၈- သြစတြေးလျအစိုးရက ဌာနေတိုင်းရင်းသား aborigine များအပေါ် ဖိနှိပ်လွန်ကျူးခဲ့မှုများအတွက် တောင်းပန်။
၁၉၆၅-၉၀- ဂျပန်အစိုးရက တောင်ကိုးရီးယားကို ဒုတိယကမ္ဘာစစ်အတွင်း လွန်ကျူးမှုများအတွက် တောင်းပန်။
၁၉၉၅- ဂျပန်ဘုရင်နဲ့ ဝန်ကြီးချုပ်က ဒုတိယကမ္ဘာစစ်မှာ ဂျပန်အခန်းကဏ္ဍအတွက် တကမ္ဘာလုံးကို တောင်းပန်။
၁၉၉၅-၂၀၀၀- ဂျပန်အစိုးရက တရုတ်ပြည်အပေါ် ဒုတိယကမ္ဘာစစ်အတွင်း လွန်ကျူးမှုများအတွက် တောင်းပန်။
၂၀၁၃- ဂျပန်ဝန်ကြီးချုပ်က နန်ကင်းလူသတ်ပွဲအတွက် တရုတ်ပြည်ကိုတောင်းပန်။
၁၉၅၂- ဂျာမဏီအစိုးရက ဒုတိယကမ္ဘာစစ်အတွက် တကမ္ဘာလုံးကိုတောင်းပန်။
၁၉၇၀- ဂျာမဏီဝန်ကြီးချုပ်က ဒုတိယကမ္ဘာစစ်အတွင်း ဂျူးများကိုသတ်ခဲ့မှုအတွက် ဒူးထောက်တောင်းပန်။
၁၉၉၆- တောင်အာဖရိကသမ္မတဟောင်း ဒီကလပ်က အသားအရောင်ခွဲခြားရေးစနစ်အတွင်း မတရားမှုများ အတွက် တောင်းပန်။
၁၉၉၂- ပုပ်ရဟန်းမင်း ဒုတိယမြောက်ဂျွန်ပေါလ်က လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၅၀ ကျော်က သိပ္ပံပညာရှင် ဂါလီလီယိုကို နှိပ်ကွပ်ခဲ့မှုအတွက် တောင်းပန်။
No comments:
Post a Comment