Twitter Bird Gadget

Saturday, August 4, 2018

လေ့ကျင့်ခန်း

လေ့ကျင့်ခန်း လုပ်ခြင်းဖြင့် နာကျင်ဝမ်းနည်းမှုတွေ ပျောက်သွားနိုင်လား။လေ့ကျင့်ခန်းသည် နာကျင်ဝမ်းနည်းမှုကို ပျောက်ကင်းသွားအောင်လုပ်မပေးနိုင်ပါ။အချစ်ဆုံးသူ ဆုံးရှုံးသွားလို့ ခံစားရသည့် နာကျင်ဝမ်းနည်းမှုကို လုံးဝပျောက်သွားအောင်လုပ်ပေးနိုင်သည့် နည်းလမ်းယခုထိမရှိသေးပါ။

လေ့ကျင့်ခန်းက နာကျင်ဝမ်းနည်မှုကို ပိုခံနိုင်ရှိအောင် သင့်ကို စွမ်းအားပေးပါလိမ့်မည်။လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် နာကျင်ဝမ်းနည်မှုကို ကောင်းမွန်စွာထိန်းချုပ်ပြီး နားလည်လက်ခံနိုင်အောင်ကူညီပါလိမ့်မည်။

ခန္ဓာကိုယ်သည် အံသြဖွယ်ကောင်းလောက်အောင် စွမ်းအားကြီးသော ပြသနာဖြေရှင်းပေးသည့်စနစ်ဖြစ်ပါသည်။ထိုစနစ်သည် ကျွန်တော်တို့ကို ရုပ်ပိုင်း နှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်စေခြင်းမှ ကာကွယ်ပေးပြီး ဆက်လက်အသက်ရှင်ဖို့ ပံပိုးကူညီပေးပါသည်။အတိတ်က နာကျင်စရာပုံရိပ်တွေ၊ဖြစ်ရပ်တွေကို ဝိုးဝါးသွားအောင်ဖန်းတီးပြီး နာကျင်ခံစားရမှုကို သက်သာအောင်လုပ်ပေးပါသည်။ထိုအခြေအနေကို ဆရာဝန်တွေက brain fog လို့ခေါ်ပါသည်။

လေ့ကျင့်ခန်း ကဲ့သို့ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်လိုက်သည့်အခါ နာကျင်မှုကို ပိုလက်ခံနိုင်ပါသည်။ပိုမိုစွမ်းအားရှိလာပါသည်။ဘဝဟာလည်း ပိုပြီးအသက်ဝင်တက်ကြွလာပါသည်။

The Brain and the Brain connection to the brain စာအုပ်ကိုရေးသည့် Dr.John Ratey ရေးတာက လေ့ကျင့်ခန်းသည် သွေးတွင်း insulin Like Growth Facror(IGF-1) နှင့် Vascular Endothelial Growth Factor(VEGF) အမည်ရသည့် ပရိုတိန်းအချို့ကို မြင့်တက်စေပါသည်။ထို ပရိုတိန်းများသည် သွေးကြောတစ်လျှောက်လှည့်ပတ်စီးဆင်းပြီး ဦးနှောက်တွင်းဝင်ရောက်၍ ကောင်းမွန်သော အတွေးခေါ်ဖြစ်ပေါ်အောင် အကူအညီပေးခြင်းဖြင့် လေ့ကျင့်ခန်း နှင့် ဦးနှောက်အဆက်အစပ်ဖြစ်ပေါ်စေပါသည်။

လေ့ကျင့်ခန်းကဲ့သို့လှုပ်ရှားမှုသည် အမှန်အားဖြင့် ရုပ်ကိုယ်ခန္ဓာအတွက် ဖိစီးမှု (stress)ဖြစ်ပါသည်။ကိုယ်ခန္ဓာက stress ကိုတွေ့သည့်အခါ မိမိကိုယ်ကိုပိုမို သန်မာစေပါသည်။

လေ့ကျင့်ခန်းလုပ်ခြင်းကို ကိုယ်ခန္ဓာက အရေးပေါ်အနေအခြေသတ်မှတ်ပြီး ကိုယ်ခန္ဓာကို ကာကွယ်ဖို့ Brain Derived Necrotid Factor (BDNF) နှင့် အမ်ဒိုဖင်း(Endorphine)နာမည့်ရသည့် ပရိုတိန်းအချို့ကို ထုတ်ပေးပါသည်။BDNF က စိတ်ဖိစီးမှု နှင့် စိတ်ကျရောဂါကို သက်သာအောင်ကူညီပေးပါသည်။အမ်ဒိုဖင်းက စိတ်ကျမှုနှင့် နာကျင်မှုကို သက်သာစေပါသည်။ထိုနှစ်ခု ပေါင်းစပ်ခြင်းဖြင့် ဘဝအပေါ်ပိုပျော်ရွှင်ခံစားနိုင်ပြီး လေ့ကျင့်ခန်းပေါ်ပို၍ နှစ်သက်မြတ်နိုးလာစေပါသည်။ထိုအချက်ကို Dr.Ratey က (Miracle -Gro For the brain)လို့ရေးပါသည်။

လေ့ကျင့်ခန်းသည် ဦးနှောက်၏တာဝန်များလုပ်ဆောင်ခြင်းကို ကောင်းမွန်စေသော တစ်ခုတည်းသော အကူအညီဖြစ်ပြီး နာကျင်ဝမ်းနည်းစေမှုကို ခံနိုင်ရည်ရှိသွားစေသည့် နည်းလမ်းတစ်ခုလည်းဖြစ်ပါသည်။

(အောက်ပါစာစုသည် Michelle ရေးသော Healthy Healing (Chapter -2)ကို ကိုးကားရေးသားထားခြင်းဖြစ်သည်။)

PHYO MAUNG

No comments:

Post a Comment