အမ်ဒိုဖင်း ( Endorphins ) ဆို အာရုံကြောတွေအကြား သတင်းအချက်အလက် သယ်ပို့ဆောင်ပေးတဲ့ ပစ္စည်းတွေပါ။ ဘိန်းကဲ့သို့ စွမ်းအားကြီးတဲ့ သဘာဝဓာတုပစ္စည်းတွေပါ။ ကိုယ်တွင်းက ထွက်လာတာဖြစ်တာကြောင့် မူးယစ်ဆေးလို ဆိုးကျိုးမရှိပါ။
Endorphin ဟိုမုန်းက စိတ်ပျော်ရွှင်မှု၊ စိတ်တက်ကြွမှု၊ အိမ်ထောင်ရေးသုခပြည့်ဝမှု၊ စွဲလမ်းမှု နှင့် နာကျင်ကိုက်ခဲမှု သက်သာစေခြင်း တို့ကို ဖြစ်စေပါသည်။ နာကျင်မှု၊ ဝမ်းနည်းခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အိပ်မပျော်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း တို့နှင် Endorphin ပမာဏ နည်းတာနှင့် ဆက်စပ်တယ် ဆိုပါတယ်။
လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ မျှတစွာ စားသောက်ခြင်း၊ ရယ်မောခြင်း၊ ဝါသနာပါတဲ့ အလုပ်ကိုပြုလုပ်ခြင်း၊ အသစ်သစ်သော အရာတွေကို ဆက်လက်သင်ယူခြင်း နှင့် မိတ်ဆွေအပေါင်းအသင်းများခြင်းက endorphins ကို သဘာဝအတိုင်း ထွက်ပေါ်လာစေပါတယ်။
Endorphins ၏ ကောင်းကျိုးများ
1. May Help You Overcome Addictions
မူးယစ်ဆေးစွဲတာ ၊ အရက်စွဲတာတွေက ကိုယ်တွင်း endorphins ပမာဏ နည်းသွားလို့ ဖြစ်တယ်လို့ဆိုပါတယ်။ အစားအစာကို အများကြီးစားတာ၊ Facebook ပေါ်စွဲလန်းတာတွေက endorphins ထွက်လာလျှင် သက်သာသွားတတ်တယ်ပြောပါတယ်။ လေ့ကျင့်ခန်းလုပ်တာပဲဖြစ်ဖြစ်၊ တရားထိုင်တာပဲဖြစ်ဖြစ် အလေ့အကျင့်ဖြစ်လာလို့ ကိုယ်တွင်းက endorphins ထွက်လာတဲ့အခါ ပိုစားမိတာတွေ၊ အရက်စွဲတာတွေ၊ ဆေးစွဲတာတွေ ပျောက်သွားတတ်ပါတယ်။
2. Offer Relief from Stress, Depression or Anxiety
Endorphins , serotonin, dopamine, oxytocin တွေက စိတ်တက်ကြွစေတဲ့ ဟိုမုန်းတွေပါ။ Prozac လို့ခေါ်တဲ့ စိတ်ဓာတ်ကျတဲ့အခါသောက်တဲ့ ဆေးက serotonin ကို မြင့်အောင်လုပ်ပေးပြီး စိတ်ကျရောဂါပျောက်အောင်လုပ်ပေးတာပါ။ အစားအသောက်၊ ဝါသနာ နှင့် အိပ်စက်ခြင်းက serotonin သာမက endorphins ပါမြင့်တက်လာစေပြီး စိတ်ဖိစီးမှု၊ စိတ်ကျရောဂါ နှင့် ပူပန်မှုသောကတွေကို သက်သာစေပါတယ်။
3. Protect Your Heart
နှလုံးရောဂါကို လည်းကာကွယ်ပါတယ်တဲ့။ ပူပန်မှု နည်းတဲ့သူကနှလုံးရောဂါမဖြစ်တာ အဆန်းမှ မဟုတ်တာ။
4. Make You Feel Sleepy, but Also Fight Fatigue
Endorphins, က ကိုယ်တွင်းဇီဝနာရီကို ပြန်ကောင်းလာစေပြီး circadian rhythm ကို ပြန်ကောင်းစေပါတယ်။ ဒါကြောင့် နိုးချိန်၊ အိပ်ချိန်မှန်လာစေပြီး ကျန်းမာပျော်ရွှင်လာစေပါတယ်။
5. Keep Your Brain Sharp
အချို့သော endorphins များက မှတ်ဉာဏ်နှင့် တီထွင်ဆန်းသစ်မှုတွေကို ကောင်းစေပါတယ် Very inspiration လည်းဖြစ်စေတယ်ပြောပါတယ်။ အနုပညာ၊ တေးဂီတ၊ စာရေးသားခြင်း နှင့် တရားအသိတွေအတွက် အတော်လေးအကျိုးပြုပါတယ်။ ကျွန်တော်ကို စာအုပ်ထုတ်ဖို့ အားပေးတဲ့ ဆရာလေးတစ်ပါးက ကျွန်တော်စာရေးတိုင်း တရားထိုင်ဖို့ပြောပါတယ်။ ဒါမှန်ကန်တဲ့ နည်းလမ်းပါ။ တရားထိုင်တာ endorphins ထွက်စေပါတယ်။ ဒါကြောင့် လေ့လာသင်ကြားမှု ကို ကောင်းမွန်စေပါတယ်။
6. Help You Deal with Pain
Hawaii Medical Journal က ဖော်ပြချက်မှာ endorphins က နာကျင်မှုကို ပျောက်စေပါတယ်တဲ့။
7. Help You Feel Connected to Others
ဆက်ဆံရေးလည်း ကောင်းလာစေပါတယ်။
Endorphins က အကျိုးရလဒ်က အတော်များပါတယ်။ Endorphins အမြောက်အများထွက်လာစေတဲ့ နည်းလမ်းတွေက လေ့ကျင့်ခန်း နှင့် တရားထိုင်ခြင်း တွေပါ။ တစ်ခြားနည်းတွေ ရှိအုန်းမလား ရှာကြည့်ပါအုန်းမည်။
PHYO MAUNG
No comments:
Post a Comment