Kidney stones ဆိုတာ ကျောက်ကပ်မှာရှိတဲ့ ကျောက်တွေကိုခေါ်တာပါ။ ကျောက်တွေရဲ့ ၈၀% လောက်က calcium ကြောင့်ဖြစ်တာပါ။ Calcium က ကိုယ်ခန္ဓာထဲမှာရှိနေပြီး အခြားသော ဒြပ်ပေါင်းတွေဖြစ်တဲ့ (oxalates, phosphate , carbonate) တို့နဲ့ပေါင်းစပ်ပြီး ကျောက်တုံးမာမာတွေဖြစ်လာတယ်။ အများစုမှာတော့ oxalates က calcium နဲ့ပေါင်းပြီး ကျောက်ကပ်မှာကျောက်ဖြစ်တာများပါတယ်။ အချို့အသီး နှင့် အရွက်တွေမှာ oxalates ပါပါတယ်။ calcium ကြောင့် ကျောက်တည်တာ အများစုပေမယ့် uric acid ကြောင့်ဖြစ်တဲ့ ဆီးကျောက်တည်တာလည်းရှိပါတယ်။ ကြားဖူးသလောက် ဆီကျောက်အမျိုးအစားတွေက calcium stones, struvite stones, uric acid stones နှင့် cystine stones တွေပါ။
အစားအစာ ( အထူးသဖြင့် oxalates များသောစားစရာများ)၊ synthetic calcium supplements သောက်နေခြင်း ( သိပ်မစုပ်ယူနိုင်လို့ပါ)၊ ရေဓာတ်ခမ်းခြောက်ခြင်း၊ မျိုးရိုး၊ ကိုယ်တွင်း pH မမှန်ခြင်း၊ အစာခြေမှုပြသနာရှိခြင်း (ဥပမာ- အစာအိမ်ခွဲစိတ်ထားတာ၊ နာတာရှည်ဝမ်းသွားတာ) ၊ ကိုယ်တွင်း သတ္ထုဓာတ်မမျှခြင်း၊ အဝလွန်ခြင်း၊ တစ်ချို့ဆေးများ၊ အဟာရချို့တဲ့ခြင်း၊ ရောဂါပိုးများ ၊ လှုပ်ရှားမှု မရှိခြင်း၊ thyroid ရောဂါတွေကြောင့် ဆီးကျောက်တည်တတ်ပါတယ်။
ဆီးလမ်းကြောင်းပိုးဝင်ခြင်းက ဆီးတွင်း အမိုးနီးယားများပြီး ကျောက်တည်စေနိုင်ပါတယ်။ ပရိုတိန်းအစားများတဲ့လူတွေ၊ ကင်ဆာကြောင့်ဆေးသွင်းနေရတဲ့သူတွေမှာလည်း ပရိုတိန်းကြောင့် ဆီးတွင်း Uric acid stones ဖြစ်ပြီး ကျောက်တည်နိုင်ပါတယ်။
ဆီးကျောက်တည်ပြီးတာနဲ့ ဆီလမ်းကြောင်းရဲ့ ဘယ်နေရာမှာ ကျောက်ပိတ်လည်းပေါ်မူတည်ပြီး နာကျင်မှုနေရာ ကွဲသွားနိုင်ပါတယ်။ struvite stones အမျိုးအစားဆို အချွန်အတက်တွေနဲ့ ဆီးလမ်းကြောင်းဒဏ်ရရပြီး နာတာရှည်ဆီးလမ်းကြောင်းပိုးဝင်နိုင်ပါတယ်။ struvite stones အမျိုးအစားက အမျိုးသမီးတွေမှာ ပိုဖြစ်ပါတယ်။ တစ်ခါတစ်ရံ နာကျင်မှုကခဏပဲဖြစ်ပြီး ကျောက်တွေ သူဟာသူ ကြေသွားတတ်ပါတယ်။ သူဘာသာ မကြေသွားလျှင်တော့ ပြသနာရှိပါတယ်။ တစ်ချို့ဖြစ်စဉ်တွေမှာ နာကျင်မှုသိပ်မရှိပေမည့် သေချာမကုလျှင် အချိန်တိုတိုတွင်း ကျောက်ကပ်ပျက်စီးသွားနိုင်ပါတယ်။ ဆီးကျောက်တည်တဲ့အခါ တတ်ကျွမ်းနာလည်တဲ့ ဆရာဝန်နဲ့ ပြတာဟာ မှန်ကန်တဲ့ ရွေးချယ်မှုပါ။ တစ်ခါတစ်ရံ ကျောက်တွေက ခွဲစိတ်ဖို့ မလိုတဲ့ အခြေအနေမှာရှိနေတတ်ပါတယ် ထိုအခါမျိုးဆို ဒီဆောင်းပါးက ဆေးမြီးတိုတွေထက် အသုံးဝင်ပါလိမ့်မည်။ တစ်ခါတစ်ခါ ကျောက်တွေပြန်ပြန်ဖြစ်တတ်လို့ ဒီအချက်လေးတွေ သိထားလျှင် အကျိုးရှိပါတယ်။
Natural Remedies for Controlling Kidney Stone Symptoms
1. ရေများများသောက်ပါ။
ရေသောက်နည်းလျှင် ဆီးကျောက်တည်တတ်ပါတယ်။ အထူးသဖြင့် လေ့ကျင့်ခန်းလုပ်နေသူ၊ အပူပိုင်းဒေသမှာနေထိုင်သူ၊ ဘီယာ အရက်သောက်တတ်သူ၊ ဆီးဆေးသောက်သူတွေက ရေများများသောက်ဖို့လိုပါတယ်။ အငန်စားတတ်လျှင် ရေများများသောက်ဖို့ပိုလိုပါတယ်။ တစ်ရက် ရေရှစ်ခွက်ထက်ပိုသောက်ပါ။
2. အဟာရပြည့်တဲ့ အစားအသောက်စားပါ။
အဟာရမပါသော၊ သတ္တုဓာတ်မပြည့်သော၊ antioxidant မပါသော အစားအသောက်များက ကျောက်ကပ်ကျောက်တည်စေပါတယ်။ ပရိုတိန်းများပြီး ငန်ငန်စားတတ်လျှင် ဆီးတွင်း အမိုးနီးယားများလာပြီး ကျောက်တည်စေပါတယ်။ Functional medicine က ဆရာဝန်တွေက “eating the rainbow,” လို့ဆိုပါတယ်။ သက်တန့်စားပါပြောတာ မဟုတ်ပါ။ သစ်သီးအရောင်စုံစားခိုင်းတာပါ။ ဒါမှ အဟာရပြည့်မှာပါ။
ဆီးကျောက်တည်တာကို သက်သာစေတဲ့ အစားအစာအချို့ပါ
၁။ လတ်ဆတ်သော အသီးအနှံများ — တစ်ချို့သုသေတနတွေမှာ တွေ့တာက အသီးအရွက်များများစား၊ နို့ထွက်ပစ္စည်းနည်းနည်းစား၊ အသားနည်းနည်းစားလျှင် ဆီးကျောက်တည်တာ နည်းသွားပါတယ်။ ဌက်ပျောသီး၊ အစိမ်းရောင်ရှိသော အရွက်များ ၊ မြက်စားနွားရဲ့ အသားများဟာ ကျောက်ကပ်လုပ်ငန်းတွေ ကောင်းမွန်လာစေပြီး ကျောက်တည်တာ သက်သာစေပါတယ်။
၂။ ဗိုက်တာမင် E ကြွယ်ဝသော အစားအစာများ — ဘယ်ရီသီး၊ သံလွင်သီး၊ almonds၊ ထောပတ်သီး တွေက antioxidant vitamin E, ပါပြီး oxalates ပမာဏလျော့နည်းစေလို့ ဆီးကျောက်တည်တာ သက်သာစေတယ်။
၃။ Magnesium and potassium-များသော အစားအစာများ — magnesium နဲ့ potassium က ကိုယ်တွင်း calcium ကိုမျှစေလို့ ဆီးကျောက်တည်တာ သက်သာစေပါတယ်။
ဆီးကျောက်တည်တာ ပိုဆိုးစေသော အစားအစာတစ်ချို့
၁။ သကြားများသော အစားအစာများ — ကျောက်တည်တာ ပိုဆိုးစေပါတယ်။ ဒါကြောင့် အသင့်စားတွေ ရှောင်ပါ။
၂။ Regular unsprouted grains or refined grains — ပြုပြင်ထားတဲ့ ကွေကာလို စားစရာတွေမှာ phytic acid လို အဟာရဆန့်ကျင်ပစ္စည်းပါလို့ မစားသင့်ပါ။
၃။ oxalic acid များသော အစားအသောက်များ — ဟင်းနုနွယ်၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်၊ ခရမ်းသီး၊ တရုတ်နံနံ၊ ဂရိတ်ဖရု၊ ကန်စွန်းဥ၊ မြေပဲ၊ စတော်ဘယ်ရီလို စားစရာတွေမှာ oxalic acid ပါပါတယ်။
၄။ Zinc များသော အစားအသောက်တွေကလည်း ကျောက်တည်စေတယ်လို့ လေ့လာမှုတွေရှိပါတယ်။
၅။ Vitamin C ကို 4000 mg အထက်နေ့စဉ်သောက်နေလျှင် ဆီးကျောက်တည်စေပါတယ်။
၆။ ကော်ဖီ နှင့် အရက်အလွန်အကျွံသောက်လည်း ဆီးကျောက်တည်စေပါတယ်။
3. ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။
ပုံမှန်လေ့ကျင့်ခန်းလုပ်တာက အရိုးစွမ်းအားတက်လာစေပြီး calcium ပမာဏကို ထိန်းညှိပေးလို့ ဆီးကျောက်တည်ခြင်းလျော့နည်းစေပါတယ်။
4. ဆီးကျောက်တည်ခြင်းကို သက်သာစေသော Supplements များ
၁။ Magnesium: magnesium က electrolyte imbalances ကို သက်သာစေပြီး ဆီးကျောက်တည်တာလျော့နည်းစေတယ်။
B vitamins: vitamin B6 က calcium နဲ့ oxalates စုဝေးတာကို တားပေးပါတယ်။ အနည်းဆုံး vitamin B6 50 mg လောက်သောက်ပါ။
၂။ ဗိုက်တာမင် E: 400 IU daily
၃။ Cranberry extract: က ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေပြီး calcium ပမဏကို ထိန်းပေးပါတယ်။ 400 mg တစ်နေ့ နှစ်ကြိမ်။
၄။ ရှားစောင်းလပတ် တွေပါ။
အထူးပြောချင်တာက Vitamin D က ကိုယ်တွင်း calcium များစေလို့ ဆီးကျောက်တည်မယ်လို့ ထင်တာကို “face validity,” လို့သုံးတယ်။ ဒါပေမယ့် တကယ်လက်တွေ့မှာ vitamin D နည်းတဲ့ သူက ဆီးကျောက်တည်တာ ပိုဖြစ်ပါတယ်။ အောက်က link မှာဖတ်ပါ။ https://www.vitamindcouncil.org/does-vitamin-d-cause-kidney-stones/
သတိထားရမှာက calcium များတဲ့ အစားအစာကို စားနိုင်ပေမည့် calcium supplements နဲ့ antacids, တွေကတော့ ရောဂါပိုးဆိုးစေပါတယ်။
PHYO MAUNG
No comments:
Post a Comment