သက်တန့်စားပါတဲ့။ တင်စားထားတာလေးက သိပ်လှတယ်။ အသီးအရွက်တွေရဲ့ အရောင်ကို သက်တန့်နဲ့ တင်စားတာပါ။ မတူတဲ့ အရောင်တွေရှိတဲ့ သစ်သီး၊ သစ်ရွက်တွေမှာ အမျိုးမျိုးသော အဟာရဓာတ်တွေပါပြီး လူကို အကျိုးပြုပါတယ်။
1. Red for phytochemicals
အနီရောင်ရှိတဲ့ အသီးအရွက်တွေမှာ phytochemicals လို့ခေါ်တဲ့ အပင်ထွက်ပစ္စည်းပါတယ်။ phytochemicals မှာ lycopene နဲ့ anthocyanins တွေပါဝင်ပါတယ်။ အနီရောင် အပင်ထွက်စားစရာတွေဖြစ်တဲ့ စတော်ဘယ်ရီ၊ ခရမ်းချဉ်သီး၊ ဖရဲသီး ငရုတ်သီးတွေကို စားလျှင်
၁။ တစ်ချို့ကင်ဆာတွေ ကာကွယ်တယ်။
၂။ ဆီးချိုကျစေတယ်။
၃၊။ မျက်လုံးကောင်းစေတယ်။
၄။ အရေပြားလှစေတယ်။
၅။ နှလုံးရောဂါ နှင့် လေဖြတ်တာကို ကာကွယ်တယ်။
2. Orange and yellow for carotenoids
လိမ္မော် နှင့် အဝါရောင် အသီးတွေမှာ carotenoids ပါပါတယ်။ မုန်လာဥနီ၊ ရှောက်သီး၊ သရက်သီး၊ လိမ္မော်သီး နှင် ကန်စွန်းဥတွေစားလျှင်
၁။ အရေပြားကို နေရောင် နှင့် လေထုညစ်ညမ်းခြင်းက ကာကွယ်တယ်။
၂။ ခုံခံစွမ်းအား မြင့်လာစေတယ်။
၃။ အမြင်အာရုံကောင်းစေတယ်။
၄။ ကင်ဆာ ကာကွယ်ပေးတယ်။
၅။နှလုံးရောဂါ သက်သာစေတယ်။
၆။ အရိုးအဆစ်တွေ အတွက်ကောင်းတယ်။
3. Green for antioxidants
စိမ်းရောင်ခြယ် Chlorophyll, ပါတဲ့ အပင်ထွက်စားစရာက သိပ်အဟာရရှိတယ်။ လူကို ပိုနေလို့ကောင်းစေတယ်။ ပန်းစိမ်း၊ ကီဝီသီး၊ ဆလတ်ရွက်၊ ဟင်းနုနွယ်၊ လို အစိမ်ရောင်များတာစားလျှင်
၁။ အနာကျက်မြန်စေတယ်။
၂။ ကိုယ်တွင်း သန့်စင်စေတယ်။
၃။ အစာချေစနစ်ကောင်းမွန်စေတယ်။
၄။ စွမ်းအင်ပိုရှိတယ်။
၅။ ကင်ဆာဖြစ်နှုန်း နည်းသွားတယ်။
၆။ ခုခံအားကောင်းစေတယ်။
4. Blue and purple for resveratrol
Anthocyanin နှင့် resveratrol, ရောင်ခြယ်တွေပါတဲ့ စားစရာတွေဖြစ်တဲ့ ဘလက်ဘယ်ရီ၊ ဘလူးဘယ်ရီ ၊ ခရမ်းသီး ၊ ခရမ်းရောင် ဂေါ်ဖီတွေစားလျှင်
၁။ အသက်ရှည်စေတယ်။
၂။ အေဇိုင်းမား သက်သာစေတယ်။
၃။ ဉာဏ်ကောင်းစေတယ်။
၄။ ကင်ဆာ ပြန့်တာ နည်းသွားတယ်။
၅။ ရောင်ရမ်းခြင်းကို သက်သာစေတယ်။
5. White for overall health
သက်သန့်တာ အဖြူရောင်မပါပေမယ့် အဖြူရောင်အစားအစာတွေဖြစ်တဲ့ ဌက်ပျောသီး၊ ပန်းဂေါ်ဖီ ၊ ကြက်သွန်ဖြူ ၊ ကြက်သွန်နီတွေစားလျှင်
၁။ ကင်ဆာ ကာကွယ်တယ်။
၂။ အရိုးသန်မာတယ်။
၃။နှလုံးရောဂါအတွက်ကောင်းတယ်။
၄။ ကိုလက်စထရော ကျစေတယ်။
၅။ ဟိုမုန်း ထိန်းညှိပေးတယ်။
သက်တန့်တွေကိုစားလို့ မြေပေါ်မှာ ကစားပြီး၊ နေရောင်အောက်မှာ ပျော်တတ်ကြပါစေ။
PHYO MAUNG
No comments:
Post a Comment