(ဤစာစုသည် Jenny Allan ရေးသော How to flatten your stomach and get a six pack စာအုပ်မှကောက်နှုတ်ပါသည်။မူရင်းဖတ်လိုသည့် iPhone user တွေအနေနဲ့ iBooks ထဲမှာ free ယူဖတ်လို့ရပါတယ်။)
ပိန်ချင်တဲ့စိတ်လည်းရှိတယ်။ငွေကြေးလည်းတတ်နိုင်တယ်ဆို ပိန်ဖို့တော သိပ်မဖြစ်နိုင်ပါ။ကျွန်တော်တို့ဝိတ်ချမည်ဆို ကြေငြာအားကောင်းတဲ့ အဆီမပါတဲ့ အစာတွေစားမည်။အဆီမပါတဲ့ ဘီစကွတ်တွေစားမည်။အိုကေ၊ပိန်သွားလား၊မဟုတ်ပါ။အဆီမပါဘူးဆိုတဲ့ အသင့်စား အစာတွေကိုကြေငြာအားကောင်းကောင်းနဲ့ထုတ်ပြီးလုပ်ငန်းရှင်တွေက စာသုံးသူတွေကို လှလှပပလှည့်စားနေတာပါ။အားလုံးတော့ မဆိုလိုပါ။
၁။ အချိုရည်ဗူးများ
အဆီမပါ၊ကယ်လိုရီနည်းတာကြောင့် ဝိတ်ချဖို့ အဆင်ပြေတယ်လို့ ပြောရောင်းကြပါတယ်။အဆီမပါပေမည့် သူမှာပါတဲ့ သကြားက အင်ဆူလင်ပိုထွက်စေပြီး အစာပိုစားစေပါသည်။
ထည့်ထားတဲ့ အချိုကလည်း လူလုပ်တဲ့ ဓာတုပစ္စည်းတွေမို့ သဘာဝကိုသိပ်ကြိုက်တဲ့ ကိုယ်ခန္ဓာအတွက် အဆင်မပြေပါ။ဒါကြောင့်မို့ ကျန်းမာရေးလိုက်စားသူတွေက အမှိုက်စာ(junk foods)လို့ခေါ်ပါတယ်။
သူသောက်မည့်အစား ရေဖြစ်ဖြစ်၊ရေနွေးကြမ်းဖြစ်ဖြစ်သောက်တာ ကျန်မားရေးအတွက်သာမက ဝိတ်ချဖို့ အတွက်ပါပိုကောင်းပါတယ်။
၂။အဆီထုတ် ခရစ်ကာ နှင့် အားလူးကြော်
အဆီမပါ၊ကယ်လိုရီလည်းနည်းပါတယ်။ပြီးတော့ အဟာရလည်းမရှိပါ။ဝိတ်ချဖို့ကြာကြာစားရင် အဟာရမပြည့်မစုံဖြစ်ပြီး ကျန်းမာရေးအတွက် မကောင်းပါ။အဟာရလည်း မပြည့်စုံလို့ လေ့ကျင့်ခန်းလုပ်ဖို့ မလွယ်ပါ။
သူအစား အစိမ်းရောင်ရှိတဲ့ အရွက်တွေနဲ့ ကြက်ဥအကာတွေစားရင်တောင် ကျန်းမာရေးကောင်းပြီး လေ့ကျင့်ခန်းလုပ်ဝိတ်ချဖို့ အဆင်ပြေပါလိမ့်မည်။
၃။ဒိန်ချဉ်
သဘာဝဒိန်ချဉ်ဖြစ်တဲ့ အိမ်လုပ်ဒိန်ချဉ်တွေက အကျိုးပြုပိုးတွေပါတဲ့ အပြင် ထပ်ဖြည့်ထားတဲ့ ဓာတုပစ္စည်းတွေ၊ အင်ဆူလင်မြန်မြန်တက်စေတဲ့ သကြားတွေမပါပါဘူး။အသင့် ရောင်းတဲ့ ဒိန်ချဉ်တွေက အကျိုးပြုပိုးတွေမပါတဲ့အပြင် ထပ်ဖြည့်ထားတဲ့ သကြားတွေက လူကို စားချင်စိတ်ပိုဖြစ်စေပါတယ်။
၄။အသီးဖျော်ရည်များ
အသီးတွေကို သဘာဝအတိုင်းစားလိုက်ရင် အမျှင်ဓာတ်တွေပါတဲ့အပြင် ကျန်းမာရေးအတွက်ပိုကောင်းပါတယ်။အသီးဖျော်ရည်လုပ်သောက်ရင် လူကိုစားချင်စိတ်ပိုဖြစ်စေပြီး ပိုစားမိလို့ ဝိတ်မကျနိုင်ပါ။ဒါပြင်သူထဲ fructose သကြားအများကြီးပါလို့ အသည်းမှာ အဆီစုမိပြီး ကျန်းမာရေးအတွက်မကောင်းပါ။
၅။မနက်စာ ပရိုတိန်းချောင်းများ
ပရိုတိန်းချောင်းတွေက ပရိုတိန်းအပြင် အခြား စားကောင်းအောင်လုပ်တဲ့ သကြားဓာတ်တွေပါလို့ အဆီချဖို့ ဝိတ်ချဖို့ သိပ်မလွယ်ပါ။
အသင့်စား အစားအသောက်တိုင်းက ဓာတုပစ္စည်းတွေနဲ့ပြည့်နေလို့ ကိုယ့်ကျန်းမာရေးအတွက် အဟာရပြည့်တဲ့ သဘာဝအစားအစာကို ရွေးချယ်စားနိုင်အောင် အသိပညာရှာမှီးရပါလိမ့်မည်။
No comments:
Post a Comment