Network ဆိုတဲ့အတိုင်း antioxidants တစ်ခုကို တစ်ခုချိတ်ထားတာပါ။ ကိုယ်ခံအားကောင်းဖို့အတွက် antioxidant network ကောင်းကောင်း အလုပ်လုပ်ရပါမည်။ Antioxidant Network ရဲ့ အင်ဂျင်က R lipolic acid ပါ။ R lipolic acid နဲ့ ချိတ်ထားတာက 1. vitamin E , 2.Vitamin C , 3.Glutathione , 4.CQ 10 , 5.Carotenoid , 6.selenium စသည်ဖြင့် စုစုပေါင်း 7 မျိုးပါပါတယ်။
Antioxidant Network အကျိုးကျေးဇူးတွေက
၁။အရွယ်တင်နုပျိုစေခြင်း
၂။ကင်ဆာကာကွယ်ခြင်း။
၃။ကိုယ်တွင်းကလီစာသန့်စင်ခြင်း၊
၄။နှလုံးရောဂါကာကွယ်ခြင်း။
၆။HIV အတွက် အထူးသင့်တော်ခြင်း
၇။မျက်လုံးတိမ်ဖြစ်ခြင်း နှင့် အသက်အရွယ်ကြောင့် အမြင်ချို့ယွင်းမှုကို ကောင်းမွန်စေခြင်း
၈။ကိုယ်ခံအားအမြင့်ဆုံးအခြေအနေရခြင်း
Antioxidant Network က Gluthatione လို့ခေါ်တဲ့ mother of antioxidant ထွက်ပေါ်လာအောင် ကောင်းမွန်လာအောင် များပြားလာအောင်လုပ်ပေးပြီး ဆဲလ်တွေကို ပျက်စီးစေတဲ့ free radical ကို ပျက်ပြယ်စေပါသည်။
Free radical ဆိုတာဘာလဲ။ ?
လူဟာ oxygen ကိုရယူပြီး oxidation လုပ်လိုက်တဲ့အခါ လျှပ်စစ် အနှုတ်သဘာဝရှိတဲ့ elecron လိုနေတဲ့ ဒြပ်ပေါင်းတွေ ထွက်လာပါသည်။ ထိုဒြပ်ပေါင်းတွေဟာ ဆဲလ်တွေကိုတိုက်ခိုက်ပြီးယောင်ရမ်းခြင်းဖြစ်စဉ်ကို စတင်စေပါသည်။
Antioxidant များဟာ လိုနေတဲ့ electron ကို ဖြည့်ပေးပြီး ရောင်ရမ်းခြင်း ဖြစ်စဉ်ကို အဆုံးသတ်လိုက်ပေမယ့် antioxidants ကိုယ်တိုင် free radical အပျော့စားဖြစ်သွားပါသည်။ဒါကြောင့် antioxidant ကို တစ်မျိုးတည်းသုံးတာထက် network ပုံစံဖန်တီး အသုံးပြုခြင်းပါ။ Antioxidant Network မှာ antioxidants ချင်း တစ်ခုနဲ့တစ်ခု ကူညီပေးလို့ free radical ကြောင့်ဖြစ်တဲ့ ရောင်ရမ်းခြင်း သက်သာတယ်ဆိုပါတယ်။
R lioplic acid - အားကြီးသော antioxiadant ဖြစ်တဲ့အပြင် အခြားသော antioxidant များကို recycle ပြန်သုံးလို့ရအာင်ပြုလုပ်ပေးလို့ antioxidant သက်တမ်းရှည်စေပါသည်။သူက အဓိက ဇာတ်ကောင်ပါ။
N acetyl L cystiene - Glutathione ကို ဖြည့်စွက်စာတွေရနိုင်ပေမည့် Glutathione ကို အူကစုပ်ယူမှု သိပ်မလုပ်နိုင်လို့ NAC ကိုပေးပါသည်။NAC က ဆဲလ်ထဲ gluthatione မြင့်တက်အောင်လုပ်ပေးပြီး ကိုယ်ခံအားကို အမြင့်ဆုံးတင်ပါသည်။
vitamin E - Alpha,beta,gamma Vitamin E အကုန်ပါရပါမည်။သူလည်း gluthatione နဲ့တွဲလုပ်ပါသည်။gamma vit E ဆို HIV သမားတွေ၊ဆေးလိပိသောက်သူတွေလိုပါသည်။
Selenium - Vitamin E ကို ပြန် modified လုပ်တာက selenium ပါ။သူက vitamin E သက်တမ်းကို ပိုရှည်စေပါသည်။
Vitamin C - သူလည်း Antioxidant ပါ။ကျန်တာတွေကူညီပေးပါတယ်
CQ10 ကလည်း တစ်ခြားသော antioxidants တွေနဲ့ ချိတ်ဆက်လုပ်သွားပြီး Antioxidant ရဲ့ action က အဆများစွာ တက်သွားစေပါသည်။ ကိုယ်ခံအားလည်းမြင့်တက်သွားပါသည်။
Antioxidant Network ကို အစာနှင့်လည်း ဖန်တီးကြသလို supplement အနေနဲ့လည်း သောက်ကြပါတယ်။ Supplement မှာတော့ fixed dose နဲ့ လုပ်ထားတဲ့ Antioxidant Network supplement သောက်ဖူးပါတယ်။ အတော်လေးကောင်းပါတယ် ဆိုးတာက လွယ်လွယ်ဝယ်မရတာပါ။ ခဏခဏဖျားတတ်သူတွေအတွက် တစ်ဗူးလောက်ကုန်အောင်သောက်ကြည့်ပါ။
No comments:
Post a Comment