အခုရေးတဲ့စာက အမေရိကန် FDA ကတင်ထားတဲ့ဆောင်းပါးကိုဖတ်ပြီး ပြန်ရေးတာပါ။
ရင်ကျပ်ခြင်းသည် နာတာရှည်ရောဂါပါ။ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ ရင်ကျပ်တာသိပ်များပါတယ်။ဒီရောဂါနဲ့ ပတ်သတ်ပြီး ရှင်းပြတဲ့အကြောင်းများထဲမှာ Hygiene Hypothesis သီအိုရီက လူသိများပါတယ်။ကလေးတွေရဲ့ ပတ်ဝန်းကျင်သန့်ရှင်းလွန်းတာဟာ ကလေးများ၏ ကိုယ်ခံအားစနစ် ကောင်းစွာ မဖွံ့ဖြိုးစေတဲ့အကြောင်းတစ်ခုပါ။
ကိုယ်ဝန်ဆောင်နေစဉ်မှာ သန္ဓေသား နှင့် မိခင်နှစ်ဦးလုံး၏ ကိုယ်ခံအားသည် သဘာဝအားဖြင့်နိမ့်ပါးရပါတယ်။ ခုခံအားနိမ့်နေမှ မိခင်ရဲ့ ခုခံစနစ်က ကလေးကို မတိုက်ပဲ ကလေးတည်မြဲနေနိုင်တာပါ။ထို့အတူ ကလေးရဲ့ခုခံစနစ်ကလည်း မိခင်ကို မတိုက်ခိုက်မှာ ဖြစ်ပါတယ်။မွေးပြီးရင်တော့ ကလေးရဲ့ ကိုယ်ခံအားစနစ်ရင့်ကျက်ဖွံ့ဖြိုးဖို့လိုပါတယ်။ခုံအားစနစ်က ရောဂါပိုးကို ဘယ်လိုတိုက်မလဲဆိုတာ သင်ယူရပါတယ်။
အနီးဆုံး သင်ခန်းစာက သာမန်အိမ်တွေမှာတွေ့ရတဲ့ ဘက်တီးရီးယားတွေပါ။သူတို့နဲ့ ထိတွေလိုက်တဲ့အခါ သူတို့ကထုတ်တဲ့ အဆိပ်တစ်မျိုးဖြစ်တဲ့(bacterial lipopolysaccharide, or LPS) က ကလေးများရဲ့ ကိုယ်ခံအားကိုတိုးတက်ရင့်ကျက်စေပါတယ်။သူတို့သည် ကလေးများရဲ့ခုံခံအားစနစ်ရဲ့ ပါဝါခလုတ်နဲ့တူတဲ့TLR4 ကိုဖွင့်လိုက်ပါတယ်။
ဘက်တီးရီယား နဲ့ထိတွေ့ပြီး TLR4 နှိုးဆော်ခံလိုက်ရတဲ့ကလေးက ရင်ကျပ်ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်တစ်မျိုးဖြစ်တဲ့ respiratory syncytial virus (RSV) ဗိုင်းရပ်ကူးစက်တာကို ခံနိုင်ရည်ရှိသွားပါတယ်။ရင်ကျပ်ဖြစ်တဲ့ရာခိုင်နှုန်းလည်းကျသွားပါတယ်။
တစ်ခါတစ်ခါ အမေတွေက ပြောတတ်တယ် ကျွန်မကလေးကို ကျွန်မသိပ်ဂရုစိုက်တာ ဘယ်တော့မှ ညစ်ညစ်ပတ်ပတ်မဆော့ခိုင်းဘူး။သိပ်ဂရုစိုက်ခံရတဲ့ကလေးတွေက သိပ်ပြီးရောဂါထူပါတယ်။
အစမ်းစာမေးပွဲ လုံးဝ မဖြေဖူးတဲ့သူဟာ နောက်ဆုံးစာမေးပွဲဖြေလျှင် ကျဖို့များသလို ပတ်ဝန်းကျင်က သာမန်ရောဂါပိုးတွေကို ကောင်းကောင်းမတိုက်တတ်တဲ့ ကိုယ်ခံအားက ရောဂါပိုးကြီးကြီးမားမားကို တိုက်ခိုက်အောင်နိုင်လိမ့်မည် မဟုတ်ပါ။
ဒါကြောင့်လည်း ကျွန်တော့်သူငယ်ချင်းတွေကို ကျွန်တော်အမြဲပြောလေ့ရှိတယ်။သူတို့ကလေးတွေကို မြေကြီးနဲ့ ဆော့ခိုင်းပါလို့။တစ်ချို့တွေကိုလည်း ဒီသီအိုရီ နဲ့ပတ်သတ်ပြီး ပေးဖတ်တယ်။အခုရေးပေးတာက မသိတဲ့သူတွေသိသွားအောင်ပါ။လုပ်တာ မလုပ်တာကိုယ့်ဆန္ဒပါ။
https://www.fda.gov/BiologicsBloodVaccines/ResourcesforYou/Consumers/ucm167471.htm
PHYO MAUNG
No comments:
Post a Comment