ဒီစာဟာ
ပြည်သူတစ်ယောက်က
နိုင်ငံတော်ကာကွယ်ရေးတာဝန်ရှိသူထံ
စိတ်ရှိသလိုရေးတဲ့စာမို့ ဖတ်မိစေချင်ပါတယ်။
ပထမဆုံးပြောချင်တာက
ကျွန်တော်တို့မြန်မာနိုင်ငံဟာ
ရွှေဉာဏ်တော်စူးရောက်သူများ
ကောင်းမယ်ထင်သလို
ပေါက်ပန်းသေးလုပ်ကြ/ခိုးကြရာကတဆင့်
နိုင်ငံတကာအလယ်မှာ
အဘက်ဘက်က နိမ့်ကျနေပါပြီ။
တစ်တိုင်းပြည်လုံးဆင်းရဲပြီး
☣အုပ်ချုပ်သူအာဏာရှင်တသိုက်နဲ့
☣လက်သင့်ရာခွေးဘီလူးတွေသာ
ချမ်းသာပြီးရင်း....ချမ်းသာခဲ့ကြပါတယ်။
ပြည်သူတွေကတော့
★စီးပွားရေး
★လူမှုရေး
★ကျန်းမာရေး
★ပညာရေး အဘက်ဘက်မှာ
အောက်တန်းနောက်တန်းကျလှပါတယ်။
ကမ္ဘာမှာမြန်မာမျက်နှာပွင့်တာ
အမေစုတစ်ယောက်ပဲ ရှိပါတယ်။
ဒါကိုခင်ဗျားအသိဆုံးပါ။
ခင်ဗျားတို့တွေ
♣မျက်လွှာချ
♣ခေါင်းငုံ့
♣ဖင်ခံနေရတဲ့ ဘယ်နိုင်ငံကိုမဆို
ဒီအမေအိုက
-မျက်နှာပင့်ချီ
-ခေါင်းမော့ပြီး ဆက်ဆံနေနိုင်ခဲ့တာ
လူမျက်စိရှိရင်......မြင်နိုင်ပါတယ်။
အမေအို အသက်ကြီးပါပြီ။
အချိန်လည်းမကျန်တော့ပါဘူး။
ဒီအချိန်သာ
မပြောင်းလဲနိုင်သေးရင်
မြန်မာပြည်ဟာ
မင်းအောင်လှိုင် ၁၀၀ ကျော်ထပ်ပေါ်လာလည်း
ငရဲတွင်းကမလွတ်ဘူးဆိုတာ.....ယုံပါ။
မြန်မာဆိုတာ
နိုင်ငံတကာမှာအင်မတန်သေးသိမ်လွန်းနေပါပြီ။
လူကောင်ညှက်သလောက်
ဉာဏ်ရည်လည်း......နိမ့်ပါးခဲ့ရပါပြီ။
ကြီးတာဆိုလို့
ခင်ဗျားနောင်တော်ကြီးများ
ဖွဲ့စည်းပုံကို
မဖြစ်ညစ်ကျယ်ချဲ့ကားပြီး
မတန်မရာယူခဲ့တဲ့မှူးကြီးရာထူးပဲ ရှိပါတယ်။
ဒီဖွဲ့စည်းပုံပြည့်ဖို့
☣အသက်မပြည့်တာတွေ
☣အဆင့်မမှီတာတွေ
ဇွတ်အတင်း
တပ်တွင်းသွတ်သွင်းခဲ့ကြတာအခုထိပါပဲ။
ဒါတောင်
ခင်ဗျား...ပြည်ပသွားတိုင်း
အိမ်ရှင်နိုင်ငံက
☣တစ်ဆင့်နိမ့်
☣နှစ်ဆင့်နှိမ့်ရာထူးတွေနဲ့ဧည့်ခံခဲ့တာ
ခင်ဗျား.....အသိဆုံးပါ။
#မေးချင်တာကမရှက်ဘူးလား ။
ခုဆို
တပ်မတော်ဂုဏ်သိက္ခာဟာ
အင်မတန်......ပါးလျလွန်းပါတယ်။
သရော်စာတစ်ပုဒ်ကြောင့့််
သိက္ခာကျတယ်.....ပြောလိုပြော။
ဝေဖန်မှုတစ်ခုကြောင့်
သိက္ခာကျတယ်.....ဆိုလိုဆို။
အင်မတန်ရှက်စရာကောင်းပါတယ်။
ကျွန်တော်တို့က
တပ်မတော်ကိုချစ်လို့ ပြောနေကြတာပါဗျာ။
တပ်မတော်သားတွေကိုလည်းချစ်တယ်။
ပြည်သူကို
လူ...........လို့မမြင်တဲ့
အာဏာရှင်စိတ်ဓာတ်
လက်ကျန်ကောင်တွေကိုသာ မုန်းတာ။
ဦးမင်းအောင်လှိုင်နေရာက
ရွေးချယ်ခွင့်ရှိတဲ့အခြေအနေပါ။
ပြည်သူအမုန်းခံဘဝနဲ့.........သေမလား။
ပြည်သူအချစ်တော်ဘဝနဲ့ဲ့.....သေမလား။
ရွေးချယ်ခွင့် ရှိနေပါတယ်။
ခင်ဗျားသမိုင်းကို
ခင်ဗျားကိုယ်တိုင်ရေးခွင့် ရှိနေပါတယ်။
တကယ်တော့
သိက္ခာ......ဆိုတာ
တောင်းယူလို့ မရဘူးဗျ။
ဟိုစကားလုံးကို.....မူပိုင်ယူ
ဒီနေရာ...........အပိုင်သိမ်း
ဒါမျိုးကတော့ ခင်ဗျားဖြစ်ချင်တဲ့
သိက္ခာရှိတဲ့တပ်မတော်အစား
သန်း၅၀ကျော်ပြည်သူရဲ့အဆဲအဆိုခံပဲ
ဖြစ်လာပါလိမ့်မယ်။
ကျွန်တော်တို့ကို
တပ်မတော်အားချစ်ခွင့်ပေးပါ။ချစ်ပါရစေ။
ဒါတွေက
ဦးမင်းအောင်လှိုင်အပေါ် မူတည်နေပါတယ်။
ကျွန်တော်တို့ကိုးကွယ်တဲ့ဘုရားက
ဟောခဲ့တယ်.....မဟုတ်လား။
ဘုရားသာသနာတော်ကို
ဘုရားသားတော်တွေကြောင့်သာ ပျက်စေမယ်တဲ့။
ခုလည်း....တူတူပဲဗျ။
ဒီနေ့အထိ
တပ်မတော်ကို
တကယ်သိက္ခာချခဲ့တာ တပ်ကလူတွေချည်းပါပဲ၊၊
မြန်မာ့သမိုင်းမှာမြန်မာပြည်ကို
နေဝင်းက
ချောက်ထဲ......ကန်ချခဲ့တယ်။
သန်းရွှေက
မြေဖို့............ပစ်လိုက်တယ်။
အောက်မှာ
အသက်ဆက်ရှူမှာစိုးလို့
ခင်ညွန့်က
အဆိပ်.......လောင်းထည့်တယ်။
ဂုဏ်သတင်းတက်လာမှာကြောက်တော့
အဲ့အပေါ် သိန်းစိန်က
ချီးပါချ........ထားလိုက်တယ်။
ကျွန်တော်တို့မုန်းတာမလွန်ဘူးဗျ။
သူတို့အားလုံးဟာ
-ယူနီဖောင်းဝတ်
-သေနတ်ပြပြီး
ကျွန်တော်တို့အနာဂတ်တွေကို
အကြိမ်ကြိမ်......မုဒိန်းကျင့်ခဲ့တာ။
သေနတ်ကိုင်ထားရလို့
လူတစ်ယောက်ကိုပစ်သတ်ရဲတာ
သတ္တိလို့.......လက်မခံဘူး။
အဲ့ဒာ.....အနိုင်ကျင့်တာ။
#အားကြီးသူနိုင်စတမ်း
#တိရစ္ဆာန်တို့ရဲ့တောရိုင်းဥပဒေပဲ။
ခုလည်း
လိုင်းပေါ်မှာ
တပ်မတော်Profileသုံးထားတဲ့
တပ်ကအရာရှိတစ်ချို့ရဲ့အင်မတန်မှားယွင်းမှုတွေက
တစ်ဘက်နဲ့တစ်ဘက်
ပိုပြီး........အမုန်းပွားစေခဲ့တယ်။
အထူးသဖြင့်
အသက်၇၀ကျော်အမေအို
တိုင်းပြည်အတွက်
အရာရာစွန့်လွှတ်ပြီးကြိုးစားနေတဲ့အမေအိုကို
မကြားဝံ့မနာသာ ဆဲကြ/ဆိုကြ။
တစ်ချိန်က
တပ်မတော်ရဲ့ကာကွယ်ယ်ရေးဦးစီးချုပ်ဖြစ်ခဲ့ဖူးတဲ့
ဘဘဦးတင်ဦးကို
ဆဲလိုက်/ဆိုလိုက်/သေခိုင်းလိုက်နဲ့
ရန်မီးမွှေးနေကြတယ်။
ဒါတွေကို
ဦးမင်းအောင်လှိုင် အရေးယူသင့်တယ်။
ခင်ဗျားသာ
တိုင်းပြည်တိုးတက်ရေးအတွက် ဆန္ဒရှိရင်ပေါ့။
မဟုတ်တဲ့
⏩ဟိုလိုခေါ်ပါ။
⏩ဒီလိုမသုံးပါနဲ့။
စသဖြင့် အပိုတွေကို
လူသောက်မြင်ကပ်ရုံပြောနေမယ့်အစား
တိုင်းပြည်အေးချမ်းရေး/တိုးတက်ရေးအတွက်
ပြည်သူ့အစိုးရကိုသာ
အင်ပြည့်အားပြည့် ကူညီရင်
ပြည်သူက ချစ်လိုက်မယ့်ဖြစ်ခြင်းဗျာ။
ခုတော့ဗျာ။
အော်တော့....
အမျိုး/ဘာသာ/သာသနာစောင့်ရှောက်မယ်။
ကိုယ်တိုင်က
ပညတ်နဲ့ပရမတ်တောင် မကွဲဘူး ။
အစိုးရဌာနတိုင်းမှာ
ဒုက္ခပေးနေတဲ့မိုးကျရွှေကိုယ်တွေဖယ်ရှားဖို့က
ခင်ဗျားမှာ
တာဝန်အပြည့်ရှိနေပါတယ်။
သူတို့ကို
ခင်ဗျားတို့.......ပို့ထားတာမို့ပါ။
လုပ်ပိုင်ခွင့်ကလည်း
ဦးမင်းအောင်လှိုင်ကိုင်ထားတာမို့
အစိုးရခမျာ
ဝန်နဲ့အား.......မမျှရှာဘူး။
တစ်ခုသိစေချင်တာက
အခုလိုအဆင်မပြေမှုတွေကြောင့်
ကျွန်တော်တို့ဟာ
NLDကိုစိတ်ပျက်သွားမှာမဟုတ်ဘူး။
တရားခံက
⏩ခင်ဗျားနဲ့
⏩ခင်ဗျားနောင်တော်ကြီးတွေ ဆိုတာ
ကျွန်တော်တို့ကသေသေချာချာသိထားပါတယ်။
ဒါကြောင့်
မြန်မာ့သမိုင်းမှာ
⏩ဘယ်သူတွေ
⏩ဘယ်လိုညစ်ညစ်
#ကြံ့ခိုင်ရေးအာဏာပြန်မရစေရဘူးလို့ရဲရဲပြောရဲတယ်။
တကယ်ဆို
ဦးမင်းအောင်လှိုင်ကရွေးချယ်ခွင့်ရှိနေတဲ့လူပါ ။
ကျွန်တော်တို့မြန်မာတွေဟာ
ဘယ်လောက်ဆိုးခဲ့.......ဆိုးခဲ့။
တစ်နေ့...ခုအချိန်
ခင်ဗျားသာ
တိုင်းပြည်အပေါ်
ပြည့်သူ့ဆန္ဒအရအကောင်းဆုံးလုပ်ပေးရင်
ခင်ဗျားဟာ
☣ဗိုလ်ချုပ်တို့
☣ဘဘဦးတင်ဦးတို့နောက်ပိုင်း
တပ်မတော်ကပေါ်ထွက်လာတဲ့
သူရဲကောင်းဖြစ်လာနိုင်ပါတယ်။
တိုင်းပြည်ဟာ
စိတ်ဓာတ်ပိုင်း အင်မတန်မှားယွင်းနေရပါတယ်။
☣မူးယစ်ဆေး
☣အရက်
☣ဘီယာ ပေါလွန်းလှတယ်။
ဒုစရိုက်မှု အရမ်းများပါတယ်။
ဒါတွေကို
တင်းတင်းကျပ်ကျပ်ကိုင်တွယ်ဖို့
ပြည်ထဲရေးဟာ
အစိုးရလက်အောက်ရောက်မှဖြစ်မယ်။
ပြောရမယ်ဆို.....အများကြီးပါပဲ။
ပြည်သူ့လိုအပ်ချက်ကို
လေ့လာပြီးဖြည့်ပေးစေချင်တယ်။
ကျွန်တော်တို့
ငြိမ်းချမ်းရေး လိုချင်တယ်။
ခင်ဗျားတို့က စစ်တိုက်ပြနေတယ်။
ကျွန်တော်တို့ ခြေဥပြင်ချင်တယ်။
ဒါကြီးဟာ
ဒုက္ခဆိုတာ ပြည်သူကသိတယ်။
ခင်ဗျားတို့က သေနတ်ထမ်းစောင့်တယ်။
ပြည်သူကိုကြည့်ပါဗျာ။
ခင်ဗျားလည်း
တသက်သုံးမကုန်အောင် ချမ်းသာနေပြီပဲ။
တပ်မတော်သားတွေကိုချစ်ချင်ပါတယ်။
ချစ်ခွင့်ပေးပါဗျာ။
DSAကဆင်းတာနဲ့
သိကြားမင်းလို
အရာရာသိတယ်.....ဆိုတဲ့စိတ်ကို
မြေမြှုပ်လိုက်ပါတော့။
အဲ့စိတ်နဲ့
ထင်တိုင်းကြဲလာလိုက်တာ
ဌာနပေါင်းစုံလည်း လူသံမထွက်တော့ဘူး။
စစ်သားဆိုတာလည်း ပြည်သူပါပဲ။
ပြည်သူထက်
တစ်ဝါကြီးတယ်ထင်နေကြတဲ့
အယူအစွဲတွေ....ချွတ်သင့်ပြီ။
တပ်မတော်ရဲ့သိက္ခာကို
တခြားသူတွေရဲ့
အပြုအမူအပြောအဆိုတွေအပေါ်လိုက်မထားပါနဲ့။
ခင်ဗျားတို့ကိုယ်တိုင်
တည်ဆောက်ရမယ်ဆိုတာ
သေသေချာချာလေးသိစေချင်ပါတယ်။
အပျို စင်ပြန်မဖြစ်နိုင်ပေမယ့်
တန်ဖိုးရှိတဲ့မိန်းမတစ်ယောက်ဖြစ်အောင်
အဲ့အမျိုးသမီးကိုယ်တိုင်
အချိန်တွေပေးပြီးတည်ဆောက်ရသလို
အာဏာသိမ်းပြီး
အထက်အမိန့်အရဆိုတဲ့စကားနဲ့
ပြည်သူကိုလုပ်ချင်တိုင်းလုပ်လာခဲ့တဲ့
တပ်မတော်အနေနဲ့လည်း
သာမန်ထက်
ပိုကောင်းပြဖို့လိုသလို
အချိန်လည်း.......ပိုပေးရပါ့မယ်။
ဒါမှသာ
ပြည်သူနဲ့တပ်မတော်
တစ်သားတည်း ကျနိုင်မှာပါ။
ရင်ကြားစေ့ကြဖို့
☣အစိုးရနဲ့
☣ုပြည်သူကပဲ ဆန္ဒရှိနေတဲ့အခြေအနေကို
တပ်မတော်ကလည်း
နည်းမှန်လမ်းမှန်လိုက်လျောသင့်ပါပြီ။
တည့်တည့်ပြောရရင်တော့
တိုင်းပြည်အခြေအနေမှန်ကိုသိပြီး
စိတ်ဓာတ်တွေ....ပြုပြင်သင့်ပါပြီဗျာ ။
ဒီစာကို
ဦးမင်းအောင်လှိုင်ဟာ
ရွေးချယ်ခွင့်ရှိတဲ့နေရာမှာ
ရောက်နေတယ်ဆိုတာ ပြောရင်း
နိဂုံးချုပ်ပါရစေ ။
မျှော်လင့်ခြင်းများစွာဖြင့်
Phyo Thura Naing
No comments:
Post a Comment