မြန်မာနှင့် ထိုးကွင်းမင်ကြောင်
မင်ကြောင်အစ မင်သေ့က
ထိုးကွင်းမင်ကြောင်ကို မင်သေ့၊ ကော်၊ ကော်ရစ်၊ မင်ကော်ရစ်ဟူ၍လည်း ခေါ်တွင်ကြပေသေးသည်။
“မင်သေ့” အခေါ် အဝေါ်ကို ဤသို့ တွေ့ရှိရပါသည်။
“ပုဂံခေတ်တွင် အဆောက်အအုံ နံရံတို့၌ မင်စာများကို ရေးလေ့ရှိသည်ကိုလည်း တွေ့ရပေသေးသည်။
ထိုသို့ မင်စာရေးသောအတတ်ကို ပုဂံခေတ်၌ ပန်သေ့ဟု ခေါ်ခဲ့ဟန်ရှိသည်။ ပန်သေ့ဆိုသောစကားကို
ကျောက်စာတို့တွင် မကြာခဏတွေ့ရသည်။ ထိုစကားမှာ နောင်ခေတ်တို့တွင် ဆေးမင်ကြောင်ထိုးသည့် အတတ်ကို ခေါ်သည့် “မှင်သေ့” ဟူသော စကားနှင့်ဆက်သွယ်လျက်ရှိပြီးလျှင်”
(ပုဂံခေတ်ယဉ်ကျေးမှု” ဦးဖိုးလတ်၊ စာမျက်နှာ ၅၈။ ယဉ်ကျေးမှုစာစောင်၊ အတွဲ ၃၊ အမှတ် ၆၊ဇန်နဝါရီလ ၁၉၆၀။)

များသောအားဖြင့် ဟထိုးမဖက်ပဲ မင်သေ့ဟူ၍သာအတွေ့များ၏။ မင်သည် ကျပ်ခိုး၊ မှိုင်း၊ မင်ဖြစ်၍ သေ့မှာ ထိုးသွင်းခြင်း၊ သွတ်သွင်းခြင်းကို ဆိုလိုပါသည်။ ထိုကြောင့် မှင်သေ့ သို့မဟုတ် မင်သေ့မှာ လူအရေပြားအတွင်းသို့ မင်ကို ထိုးသွင်းစွဲထင်စေခြင်း၊ တစုံတခုပေါ်တွင် မင်ဖြင့် ရေးထိုးခြင်းပင် ဖြစ်
ပေသည်။
ပေသည်။
မင်သေ့အစ ဝိဝါဒ
မင်သေ့ထိုးနှံသည့် ဓလေ့ဖြစ်ပေါ်ပုံတွင် အောက်ပါအတိုင်း အယူအဆသုံးမျိုး ကွဲပြားလျက် ဖော်ပြထားကြသည်ကို တွေ့ရပါသည်။ ယင်းတို့မှာ
(က) ပုဂံခေတ် အရည်းကြီးများက စတင်ခဲ့သည်။
(ခ) သရေခေတ္တရာ ဥတ္တမသီရိမထေရ်က စတင်သည်။
(ဂ) ထိုးကွင်းအစ မောင်ကံက
ဟူ၍ ဖြစ်ကြသည်။
(က) ပုဂံခေတ် အရည်းကြီးများက စတင်ခဲ့သည်။
(ခ) သရေခေတ္တရာ ဥတ္တမသီရိမထေရ်က စတင်သည်။
(ဂ) ထိုးကွင်းအစ မောင်ကံက
ဟူ၍ ဖြစ်ကြသည်။
(က) အရည်းကြီးများ စတင်ပုံ
အနော်ရထာမင်းလက်ထက် မတိုင်မီ ပုဂံပြည်ကြီးတွင် မင်းဆက်ပေါင်း သုံးဆယ် စိုးစံခဲ့ကြ၏။ ထိုမင်းများ၏ လက်ထက်တွင် အရည်းကြီး ရှင်ယောင်များသည် မင်းနှင့် ပြည်သူတို့အပေါ်တွင် လွှမ်းမိုးခဲ့သည်။ သြဇာညောင်းခဲ့သည်။ သူတို့၏ အကျင့်တရားမှာ သေသောက်ခြင်း၊ လက်ဝှေ့ လက်ပန် သတ်ခြင်း၊ ဓားခုတ်လှံထိုးအတတ်၊ လေးမြားပစ်ခတ်ခြင်းအတတ် တို့ကိုလေ့ကျင့်ခြင်း၊ ဆေးဝါးကုသခြင်း တို့ဖြစ်၏။ သူတို့ ဖြန့်ဖြူးသော တရားများမှာ အင်းအိုင်ခါးလှည့်၊ လက်ဖွဲ့ ဂါထာ မန္တန်များကို ကိုးကွယ် ရွတ်ဆိုခြင်းနှင့် စက်တွင်းအတတ် မှော်အတတ်တို့ကို ယုံကြည်ခြင်းတို့ဖြစ်ကြ၏။
ဆရာကြီးစလေဦးပုညက “ရှေးအတိတေ၊ ပုဂံပြည်တွင်၊ ဆံကေသာ လက်လေးသစ်၊ မုတ်ဆိတ်မွှေးဗရပျစ်၊ မည်းညစ်သည့် စီဝရံနှင့်၊ တာတေလံအကျင့်ဆိုးသော၊ ရှင်သိုးတကာ့ခေါင်ကြီး၊
ရှင်မထီး”ဟူ၍ နောင်အခါတွင် ရေးသားဖွဲ့ဆိုရလောက်အောင် ဆံရှည်ထားသည်။ ဒေါက်ချာဆောင်းသည်။ မည်းညစ်သော သင်္ကန်းကိုဝတ်ကာ မြင်းစီး၊ အရက်သောက်၍ နပန်းတတ်သည်။ သို့တစေ ထိုအရည်းသုံးဆယ်တွင် အခြံအရံ ခြောက်သောင်းရှိသည်။

ထိုးကွင်းမင်ကြောင်သည် ထိုအရည်းကြီးများမှ အစပြု၍ ပေါ်ပေါက်လာသည်ဟု လှေသင်းမင်းရေး “တဇ္ဇတ္ထဒီပနီ”တွင် တွေ့မြင်ရသည်ဟု အဆိုရှိပေသည်။
ထိုခေတ်ထိုအခါက လူများသည် ထိုအရည်းကြီးတို့အား သဒ္ဓာတရားထက်သန်စွာ ယုံကြည်ခဲ့ကြပုံမှာ မင်္ဂလာသတို့သမီးအား အရည်းကြီးတို့ထံ ပို့ဆက်ကာ ပန်းဦးလွှတ် ပူဇော်သည်အထိ ဖြစ်ခဲ့ပေသည်။
ထိုမျှယုံကြည်နေသည့်အတွက် အရည်းကြီးများက ရွတ်ဖတ်သော ဂါထာများ၊ မန္တန်များကိုလည်း
ယုံကြည် အားကိုးမည်မှာ သေချာလှပေ၏။ ထိုဂါထာများ၊ မန္တန်များ ရေးထွင်း ထားသော လက်ဖွဲ့၊ ခါးလှည့် စသော အဆောင်များကိုလည်းယုံကြည်အားထားကြမည်သာဖြစ်၏။

ထိုဂါထာ မန္တန်များကို နှုတ်မှ ရွတ်ဖတ် သရဇ္ဈာယ်ခြင်းမပြုမူ၍ ရွှေပြား၊ ငွေပြား၊ ပေရွက်နှင့် ထန်းရွက် စသည်တို့၏ မျက်နှာပြင်ပေါ်တွင် ရေးထိုးပြီး ကိုယ်နှင့်မကွာ ဆောင်ထားကာမျှဖြင့် အကျိုးရှိလျှင် ကိုယ်နှင့်အမြဲမကွာ ရှိစေရန် အရေပြားပေါ်တွင် ထိုးနှံထားပါမူ ပိုပြီးအစွမ်းထက်နိုင်သည် ဟူ၍
တစုံတယောက်က စတင်ကာ အကြံပေါက်လာဖွယ်ရှိပေသည်။ထိုအခါမှစ၍ လူ၏ အရေခွံပေါ်တွင် အင်းကွက်များ၊ ဂါထာ မန္တရားများ ထိုးနှံခြင်း အလေ့စတင်ခဲ့ခြင်း ဖြစ်ပေမည်။
တစုံတယောက်က စတင်ကာ အကြံပေါက်လာဖွယ်ရှိပေသည်။ထိုအခါမှစ၍ လူ၏ အရေခွံပေါ်တွင် အင်းကွက်များ၊ ဂါထာ မန္တရားများ ထိုးနှံခြင်း အလေ့စတင်ခဲ့ခြင်း ဖြစ်ပေမည်။
ဤသို့ အင်းကွက်များ၊ ဂါထာများကို ကိုယ်တွင် ထိုးနှံရာမှတဆင့် နတ်ရုပ်၊ သိကြားရုပ်၊ ဘီလူး၊ ဒေါင်းနှင့် ယုန်ရုပ်များပါဝင်လာခြင်းဖြစ်၏။ နတ်များမှာ သာသနာတော်စောင့်နတ်ကြီးများ၊ ကမ္ဘာစောင့် နတ်ကြီးများနှင့် သူရဿတီတို့ ဖြစ်ကြပေသည်။သိကြားမင်းကို အချို့က သောတပန်ဟု ဆိုကြ၏။ မြတ်ဘိုးတော် သိကြားမင်းဟုလည်း အမြတ်တနိုး ခေါ်တွင်ကြ၏။
ယုန်ရုပ်သည် လမင်းဟူသောသဘောဆောင်သည်။ ဒေါင်းရုပ်ကား နေမင်းဖြစ်၏။ ဘီလူးများကား ဟေမဝန္တ၊ သာတာဂီရိတို့ကဲ့သို့ ယဉ်ကျေးသောဘီလူးများနှင့် အာဠာဝက ပုဏ္ဏက တိုကဲ့သို့သော ရိုင်းစိုင်း ကြမ်းကြုတ်သည့် ဘီလူးများကို ရည်ရွယ်ပေသည်။
ထိုအရုပ်များကို အစီရင်ဆေးများတွင် မင်မှိုင်းရောနှောပြီး ကိုယ်တွင်ထိုးနှံကြ၏။ ထိုသို့ ထိုးနှံပုံကို ကျည်းကန်ရှင်ကြီး ရှင်နန္ဒက သူ၏ “ဦးသာသနက ညီမောင်ရွှေပိုင်းထံပေးသည့် မေတ္တာစာ”တွင် ဤသို့ ဖော်ပြထား၏။
“ဆင်လမ်း မြင်းလမ်း၊ ဗိုလ်လမ်း ရထားတိုက်၊
အလိုက်သင့်အနေ၊ ခရုဗွေ ခရုပတ်၊ အနောတတ်
ရေလည်ဟန်၊ သတ္တရဘန်တောင်ဆင့်၊ မြင့်မိုတက်
မြင့်မိုဆုတ်၊ ကုမုဒ္ဒရာ ကြာချပ်စက်သွား၊ အင်းနား
ကွက်နေ၊ ထောင့်ပြေခိုနန်း၊ အခန်းခန်း အဘွဲ့ဘွဲ့၊
မြည်ရည်များ မှဲ့ကြသည်။ တဆယ့်နှစ်ရပ် အင်မုတ်
ဘီလာဆုတ် ကိုးသွယ်၊ အကျယ်မှာ အနန္တ စမ္ပနဝ
ကွန်ခြာ၊ ကတ္တရာဆက် အကျိုးကူး၊ ဆီဘူးခက် ခြင်္သေ့ခုန်၊ ဇမ္ဗူတုန် ဇမ္ဗူကျော်၊ နေကျော် လကျော်၊
ကျောက်ပေါ် ရေသွား၊ တဆယ့်ရှစ်ပါးခရုပတ်၊ မဏိ
ဇောတိရသ် ရှစ်ဖြာ၊ ပဉ္စာသာခါမူလ၊ အဋ္ဌသာခါ
ကိုးသွယ် ၊ နေကွယ်လခံ၊ ဆိတ်တခံစာတခုန်၊ ဂဠုန်
တောင် ထောင့်ဖြတ်နဂါး ပတ်စက်သွား၊ သိကြား
တံဆိပ် သိကြား ကျောက်စာတိုင်၊ ဂြိုဟ်ပြိုင်အင်း
ဂြိုဟ်ဆိုင်အင်း၊ နဝင်းသက် တြင်းသက်၊ အာယု
ခက်တဝ၊ အာဠာဝက မျက်စောင်းထိုး၊ မိုးမခ
နေမခံ၊ ပါပနံ သောမနံ၊ စာရံနှင့် ဂဏန်းသွင်း၊
မိတ်ကွင်းနှင့် ရန်ကွင်း၊ ပေတကင်း သင်းတပုံ၊ မှော်
ရုံကြီး ကွန်ချာ၊ ကေသာနောက်လှန် နံပေါ်နှင့်
ဇာတ်ပေါ်၊ ဇော်ဂျီလာ၊ နဖူးစာမူလ၊ စာမနှင့်
ဘူတ၊ ဗောရိသာဒ အထွက်အဝင် ရှင်ထိလတ်
စက်ပုံ အင်းကွက်စုံ အသေအခွေတွင်၊ ဂဏန်းချေ
ဂဏန်းထား အက္ခရာသွား ဂါထာ သွားတိုင်းမသိ
အကိုးနှံထားလေ့လာ၍”
(ကျည်းကန်ရှင်ကြီး မေတ္တာစာ)

အထက်တွင် ဆိုခဲ့ပြီ အရည်းကြီးများသည် အနော်
ရထာမင်းစော၏ အာဏာစက်ကြောင့် မင်းနေပြည်တော်မှ လွင့်ပြေးရသော်ငြားလည်း အခြားနေရာများတွင် ဆက်လက် ဘုန်းကြီး နေကြကာ ကုန်းဘောင်ခေတ် အထိ ပွဲကျောင်းဘုန်းကြီးဟူ၍ တည်ရှိနေခဲ့ကြ၏။
ရထာမင်းစော၏ အာဏာစက်ကြောင့် မင်းနေပြည်တော်မှ လွင့်ပြေးရသော်ငြားလည်း အခြားနေရာများတွင် ဆက်လက် ဘုန်းကြီး နေကြကာ ကုန်းဘောင်ခေတ် အထိ ပွဲကျောင်းဘုန်းကြီးဟူ၍ တည်ရှိနေခဲ့ကြ၏။
မြန်မာနိုင်ငံ သမိုင်းကို ပြန်ကြည့်လျှင် သူတပါးက
ကျူးကျော်စစ်၊ မခန့်မညား ပြုသူအား ကျိုးနွံအောင် ဆုံးမသောစစ်နှင့် အချင်းချင်းတိုက်ခိုက်ရသော စစ်ပွဲများ ထပ်ထပ်ကြမ်းနေခဲ့၏။ သို့ကြောင့် စစ်မက်ထူပြောသော နိုင်ငံတွင် ဓားခုတ်၊ လှံထိုး၊ ဆင်စီးမြင်းစီးစသော အတိုက်အခိုက်ပညာကျွမ်းကျင်သော အရည်းကြီး များသည် ပွဲကျောင်း
ဘုန်းကြီးအမည်ခံကာ ဆက်လက်ရှင်သန်နေနိုင်ခြင်းဖြစ်၏။

အင်းဝဘုရင် မင်းခေါင်လက်ထက်၌ သီပေါ ကုန်းဘောင် စော်ဘွား ဘုရင်မင်းခေါင်၏ တူမတော်ခင်ပွန်း သိုကြောင်ဘွား ခေါ်ယူလာသော လက်ဝှေ့ကျော်နှင့် တောင်စည်းခုံသံဃရာဇာ ရှင်ဝရသီလတို့ စကားကျောင်းတော် မော်ကွန်းစိုက် မုခ်ဝင်တံခါး အရှေ့နှစ်တာခြားတွင် အများပရိသတ်ရှေ့၌
သတ်ကြရာ သံဃရာဇာ၏ ပြိုင်ဘက်လက်ဝှေ့ကျော်မှာ ကျောဘက်သို့ မျက်နှာရောက်သွား၏။
သတ်ကြရာ သံဃရာဇာ၏ ပြိုင်ဘက်လက်ဝှေ့ကျော်မှာ ကျောဘက်သို့ မျက်နှာရောက်သွား၏။
ကုန်းဘောင်စော်ဘွားက“သေသော်မြင်ဝံ့၏။ ယခု အမြင်မကောင်း ပါတကား အရှင်ဘုရား”ဟုဆိုလျှင် လက်ဝဲလက်ဖြင့်သပ်လိုက်ပြန်ရာ မျက်နှာသို့ ပြန်ရောက်လာ၏။
ထိုပွဲကျောင်း ဘုန်းကြီးတို့၏ အမူအကျင့်မှာ ထေရဝါဒသာသနာဝင် ရဟန်းတော်များ အမြင်တွင် မည်သို့မျှ မတင့်တယ်ပေ။ ထိုကြောင့်ပင်လျှင်...
“ထိုတွင်ပင်၊ ဂါမဝါသီ ဗဟုစာရဂိုဏ်း ပုဂ္ဂိုလ်တို့ တပည့်ပဉ္စင်းပျို ရှင်ပျိုတို့သည် ပွဲလမ်းသဘင် လက်ဝှေ့ လက်ပမ်း ဆေးမန္တရား လက်ဖွဲ့ထိုးကွင်းအနှံ့ကို ဆည်းပူးခြင်း လုံလလွန်ကဲ၍ ပရိယတ် ပဋိပတ် ဖြည့်စွမ်းခြင်းကို အားမထုတ်ပြီ...
“အဝတ်အစားမှာလည်း တမုတ်နုနယ် ပန်းဆိုး တိန်းညက်ဆိုး၊ ပေါက်ပွင့်ဆိုး နနွင်းဆိုးကိုသာ ပဉ္စင်းပျို၊ ရှင်ပျိုတို့ ဝတ်စားသုံးဆောင်လေ့ပြုသည်။ ပွဲကျောင်းသားတို့မှာ စာသင်စာအံနည်းသည်။အရက်ထန်းရည်သောက်စားသည်။ ပွဲသဘင်လိုလားသည်။ မီးဖောက်သည်။ စည်တီးသည်။ လက်ဝှေ့ပွဲဝင်သည်။ လက်ဝှေ့သတ်သည်။ ဒန်းကစားသည်။ ဘောင်ဒိန်းအောင် တီးသည်။ ကြေးနင်းခတ်သည်။ ခြေနင်းဦးလံစီးသည်။ ဖော့နားဋောင်း ဝတ်သည်။ နားပန်းဆံထားသည်။ ဥထုပ်ဖျား၊ မိုးကြိုးသွား၊ မြွေစိမ်းခေါင်း၊ ပတောင်းထိပ်ကြီး၊ စွန်မြီး၊ လင်းနို့တောင်၊ ဆွမ်းတော်ယောင်၊ ဥထုပ် ဒေါက်ချာ
များကို ဆောင်းကြသည်ဖြစ်၍ တောနေ အရညဝါသီ ဧကစာရနှင့် ဂါမဝါသီ ဗဟုစာရ ကွဲပြား၍ ဝိသဘာဂပီပီ ဖြစ်လေသည်.....
များကို ဆောင်းကြသည်ဖြစ်၍ တောနေ အရညဝါသီ ဧကစာရနှင့် ဂါမဝါသီ ဗဟုစာရ ကွဲပြား၍ ဝိသဘာဂပီပီ ဖြစ်လေသည်.....
“ထိုအခါ စည်းခုံ သံဃရာဇာ ရှင်ဝရသီလ အယူအကျင့်ကိုမကြိုက်၍ ညီတော်ရင်း ရှင်သာရဒဿီသည် အကြေပြည်မြို့သို့ စုသွားလေ၍ ရောက်လျှင် ပြည်မင်းစောရန်နောင်က အရညကင် တောရကျောင်း ဆောက်၍ ကိုးကွယ်လေသည်”ဟူ၍ သက္ကရာဇ် ၇ဝ၂ ခု၊ ပင်းယ ဥစ္စနာမင်းကြီး ဆောက်လှူသော စကားရကျောင်းသမိုင်း၊ နာနာဣဒ္ဓိ ဂါထာ ဦးတတ်သောတွင် သာသနာဝံသ စာတမ်း၊ သာသနာလင်္ကာရ စာတမ်း ၃ စောင်တွင် ဆိုသည်။
အရည်းကြီးတဖြစ်လဲ ပွဲကျောင်းပုဂ္ဂိုလ်များ၏ အခြေအနေကို ဟံသာဝတီရောက် မင်းတရားလက်ထက်တွင် ဤသို့ မြင်ရပေမည်။
“ထိုမှတပါး ဟံသာဝတီရောက် မင်းတရား လက်ထက် မြို့တွင်းရွှေစေတီ ဆေးရေးကျောင်းနေ ညာဏသာဂရ အမည်ရှိသော ပိဋကတ်တော်မသည် နန်းတော်သို့ မပြတ်ပင့်၍ အဝင်အထွက်များလျှင် မင်းဧကရာဇ် မှူးတော် မတ်တော်တို့နှင့် အကျွမ်းဝင်လေသည်ဖြစ်၍ သေကိုများစွာသောက်လေသည်။
သေယစ်လျှင် ဟစ်ကြွေးကြော်ငြာ ကခုန်၍ မှူးတော်မတ်တော်တို့ကဲ့သို့ နေ့ညဉ့်မပြတ် ဝင်ထွက်သည်။ ဘဝရှင် မင်းတကြီးသည် မိမိအားလျော်စွာ အာစာရ ဝိပ္ပတ္တိ ဖြစ်လေသည် ဟူ၍ လူ အမှူး အမတ်တို့ကဲ့သို့ စေပါး သုံးဆောင်လေသည်။ ရွှေဦးထုပ်၊ ရွှေသင်္ကန်း ပေးတော်မူသည်။ သေအရက် ယစ်မူးလှ၍ နန်းတော်က မထွက်နိုင်လျှင် ရွှေယာဉ်နှင့် ပိုသောအခါ ပိုရသည်။ ဆင်နှင့် ပို့သောအခါ ပို့ရသည်”ဟူ၍ အတွင်းဝန် လက်ဝဲ နော်ရထာ စီရင်သော အလောင်းမင်းတရားကြီး အ ရေး
တော်ပုံတွင် ဆိုသည်။

ထိုကဲ့သို့ အရည်းကြီး တဖြစ်လဲ ပွဲကျောင်း ပုဂ္ဂိုလ်များ တပြည်လုံးသို့ အနှံ့အပြား ရောက်ရှိသွားကာ ရောက်ရာနေရာတွင် သြဇာညောင်းအောင် ဆောင်ရွက်နိုင်ခြင်းကြောင့် သူတို့၏ အင်းအိုင် ခါးလှည့် လက်ဖွဲ့မန္တရားနှင့် မင်သေ့ ထိုးနှံခြင်းသည်လည်း တပြည်လုံးသို့ ပျံ့နှံ့သွားသည်ဟု ယူဆရ၏။
တဖန် ထိုပွဲကျောင်း ပုဂ္ဂိုလ်တို့ထံတွင် ပညာရင်နို့သောက်စို့သူ အများအပြားမှာ အသတ်အပုတ်အတိုက်အခိုက် ကျွမ်းကျင်သူများဖြစ်ကာ ကိုယ်တွင် အင်းတွေ အရုပ်တွေနှင့် ပြည့်နေပေသည်။ ထိုအခါ ထိုကဲ့သို့သော အင်းတွေ အရုပ်တွေရှိမှ
ယောက်ျားပီသသည် ဟူသော သဘောထားသည် လူအများတွင် ဖြစ်ပေါ်နေပေလိမ့်မည်။
ယောက်ျားပီသသည် ဟူသော သဘောထားသည် လူအများတွင် ဖြစ်ပေါ်နေပေလိမ့်မည်။
သို့ကြောင့် လိုက်လံတုပသောအားဖြင့် မင်သေ့များ ထိုးနှံကြပေလိမ့်မည်။ သို့သော် ထိုမင်သေ့များ ထိုးနှံရာတွင် ခက်ခဲသော ကြိတ်ပေါင်း၊ ဂမုန်းပေါင်း၊ ပန်းပေါင်း စသော အရာများ၊ ရှားပါးသော ဆေးဝါးများလည်း ပါဝင်ရာ ငွေကြေးမတတ်နိုင်သူတို့ မထိုးနှံနိုင်။ ထိုကြောင့် အစီအရင်များမပါဝင်သော်ငြားလည်း မသိသူတို့၏ မျက်မြင်တွင်မူ မင်သေ့ရှိသူဖြစ်သည်ဟူ၍သာ မြင်စေထင်စေသော အစီအရင် မပါသည့် “အလှထိုး”မင်သေ့များ တွင်ကျယ်ရာမှ ထိုးကွင်းမင်ကြောင် ထိုးခြင်းဓလေ့ ဖြစ်ပေါ်လာလေသလော။
*****ဆက်ရန်*****
(ဆရာ ဆင်ဖြူကျွန်း အောင်သိန်း ၏ မြန်မာ့ထိုးကွင်း မင်ကြောင် ဓလေ့ကို ဗဟုသုတအလို့ငှာ အခန်းဆက် ပြန်လည် တင်ပြခြင်းဖြစ်ပါသည်။ တစ်ရက် တစ်ပိုင်းဖြတ် တင်ပေးပါမည်။ မူပိုင်မှာ မူလစာရေးသူသာ ဖြစ်ပါသည်။ )
No comments:
Post a Comment