(ခ) ဥတ္တမသီရိ မထေရ်က စတင်ခြင်း
သရေခေတ္တရာပြည် မုဉ္ဇမင်းလက်ထက် သက္ကရာဇ် ၅၉၆ခုနှစ်တွင် အရှေ့မဇ္ဈကုန်းရွာသား တောင်သူ ဦး ပေါ်စ-ဒေါ်ညှာတို့၏သားဖြစ်သော ငယ်မည် မောင်မှတ်ကြီး၊ ရဟန်းဘွဲ့ ဦးဥတ္တမသီရိသည်မိကျောင်း၏ ဝမ်းဗိုက်မှရသော ကြေးပိုက်တွင်ရေးမှတ်ထားသည့် အက္ခရာများကို တွေ့ရှိရာမှ စတင်၍ ထိုအက္ခရာများကို လူတို့၏ ကိုယ်တွင် ဆေးမင်ကြောင်ဖြင့် ထိုးနှံ
ပေးရာမှ အစပြု၍ ထိုအလေ့အထ ပေါ်ပေါက်လာခဲ့၏။
ပေးရာမှ အစပြု၍ ထိုအလေ့အထ ပေါ်ပေါက်လာခဲ့၏။
သို့သော် တရုတ်ပြည် ထန်မင်းဆက် ဧကရာဇ်တဲကျုန် ၏ နန်းတွင်းရေး အတွင်းဝန် ပေါ်ကျူယိ၏ ကဗျာတပုဒ်တွင် ခရစ်နှစ် ဂဝ၂ ခုနှစ်၌ ဆိုက်ရောက်လာခဲ့ဖူးသော ပျူအနုပညာသည် အဖွဲ့၏ ကခုန်ပုံကို မှတ်တမ်းတင်ရာ၌ ကြေးဖြင့်ပြီးသောစည်ကြီးကို အချက်ပေါင်း များစွာ တီးခတ်လိုက်လေသော်
ထိုးကွင်းထိုးထားသည့် ကိုယ်လက်အင်္ဂါက လှုပ်ရှားလာသည်ဟု ပါရှိ၏။
ထိုးကွင်းထိုးထားသည့် ကိုယ်လက်အင်္ဂါက လှုပ်ရှားလာသည်ဟု ပါရှိ၏။
ဤသို့ ဆိုလျှင် ထိုးကွင်းမင်ကြောင်သည် အလွန်
စောစီးစွာ ပေါ် ပေါက်နေပြီဟု ယူဆနိုင်ပေ၏။
စောစီးစွာ ပေါ် ပေါက်နေပြီဟု ယူဆနိုင်ပေ၏။
(ဂ) ထိုးကွင်းအစ မောင်ကံက
၁.၁၀.၄၀ နေ့ထုတ် ကျောင်းသားသတင်းစာ ဗဟုသုတခန်းတွင် ထိုကွင်းအစ မောင်ကံကဟု သဘောသက်ရောက်သော ဆောင်းပါးတပုဒ် ပါရှိခဲ့၏။ ဆောင်းပါး၏ သဘောမှာ ဤသို့ဖြစ်ပါသည်။
ထိုးကွင်းမင်ကြောင်ကို လက်ဦးပထမ စတင်ခဲ့သူမှာ
ဘိုးတော်ဘုရားလက်ထက် (၁၁၄၃-၁၁၈၁)ထောင်မင်းကြီး၏ သား မောင်ကံဖြစ်ပေ၏။
ဘိုးတော်ဘုရားလက်ထက် (၁၁၄၃-၁၁၈၁)ထောင်မင်းကြီး၏ သား မောင်ကံဖြစ်ပေ၏။
မင်ကြောင် ဟူသော ဝေါဟာရမှာ ပေါင်တွင် မင်ဖြင့်
ကြောင်ကြောင်ကျားကျားဖြစ်အောင် ထိုးထားသဖြင့် မင်ကြောင်ဟု ခေါ်ခြင်းဖြစ်သည်။ မင်ကြောင်မှာ မြို့သုံးစကား၊ ထိုးကွင်းမှာ ကျေးတော ကျေးလက်စကားဖြစ်၏။ ရှေးအခါ
က မြန်မာယောက်ျား များသည် ပေါင်လုံးပြည့်အောင် မင်ကြောင် မထိုးကြသေးပေ။ ပေါင်နှစ်ဘက်အနက် တဘက်ကကြောင်ရုပ်၊ တဘက်က ကော်ဟုခေါ်သော အမည်းကွက်ကိုသာ ထိုးလေ့ရှိကြ၏။

မောင်ကံကမူ ထိုကဲ့သို့ ကွက်တိကွက်ကျား ထိုးခြင်းသည် ကြည့်၍ မလှဟု အယူရှိပြီးလျှင် သူကိုယ်ကို ခါးကစပြီး ဒူးအထိ ပေါင်နှစ်ဘက်လုံးပြည့်အောင် မင်ကြောင် စ၍ ထိုး၏။ ဤသည်ကို အခြားသူများ လိုက်လံတူပရာမှ အစပြု၍ နောင်လာ နောက်သားများပါ ပေါင်ပြည့်ထိုးကြလေသည်။
“ပုတီးသာဆောင်၊ ကြောင်တကောင် ကော်တဘက်နှင့် ထိုးလက်စမသိမ်း”ဟူသော ရှေးစာဟောင်းတပုဒ်အရ မောင်ကံ အရင်က “ကော်”ကို ထိုးကြကြောင်း ထင်ရှားပေသည်။
ထို ကော် ဟူသော အမည်းကွက်ကိုပင် ရှေးက “ကော်ရစ်” ဟု ခေါ်လေသလောဟုလည်း တွေးစရာ ရှိလေသည်။ ၎င်းပြင် ကော်ရစ်၊ မင်သေ့ခေါ်သော ထိုးကွင်းမှာ ရှေးကျကျအခါက ယခုကဲ့သို့ ရုပ်စုံမျိုး ထိုးကြသေးပဲ ငါးကြင်းပါးဟက်၊ ဓနုကွက်
မန်ကျည်းရွက်ဖတ်၊ ကန်စွန်းနွယ် စသော အပြောက်အမျိုးမျိုးကိုသာ ထိုးလေ့ ထိုးထ ရှိသောကြောင့် ထိုးကွင်းကို ရှေးအခါက အပြောက်မျိုးတွင် ထည့်သွင်း ရေတွက်ခဲ့လေသည်။
မန်ကျည်းရွက်ဖတ်၊ ကန်စွန်းနွယ် စသော အပြောက်အမျိုးမျိုးကိုသာ ထိုးလေ့ ထိုးထ ရှိသောကြောင့် ထိုးကွင်းကို ရှေးအခါက အပြောက်မျိုးတွင် ထည့်သွင်း ရေတွက်ခဲ့လေသည်။
ဘကြီးတော်မင်းလက်ထက်ရေး ပန်းချီကားများ၌ ထိုးကွင်းပုံများသည် ယခုကဲ့သို့အရုပ်အမျိုးမျိုးမဟုတ်သေးပဲ မန်ကျည်းရွက်ဖတ်၊ ကန်စွန်းနွယ် သဏ္ဌာန်များသာ တွေ့ရပေသည်။
အထက်တွင် ဖော်ပြခဲ့ပြီးသော မင်သေ့အစ ဝိဝါဒ သုံးမျိုးအနက် ပထမ အယူအမှတ်မှာ စလယ်ဆုံး ပြည့်စုံ၍ ဒုတိယအယူအမှတ်မှာ အတွေ့ရနည်းပေသည်။ တတိယအယူအမှတ်မှာမူ စဉ်းစားဆင်ခြင်ဖွယ် သင့်ပေသည်။
မည်သို့ပင်ဖြစ်စေ “ဟထိုး”မပါသော မင်သေ့နှင့် ဟထိုးပါသော မင်သေ့ကို အင်းဝခေတ်လယ်နှင့် ခေတ်နှောင်းတွင်လည်း တွေ့နေရပေသေးသည်။
ရှင်အဂ္ဂသမာဓိ၏ နေမိဘုံခန်းပျို ပုဒ်ရေ ၈၂၊ ကဉ္စနဝိမာနခန်းအဆုံး၌-
“အမျိုးသားတို့၊ ရှည်လျားမပျက်၊ အဆက်ဆက်
လျှင်၊ ကွက်ကွက်ကွင်းကွင်း၊ ကျောက်ကိုထွင်းလည်း၊ မိုးနှင်မြူမြှေး၊ ပင့်ကူထွေးအံ့၊ ကြေးပရပိုက် သိုက်သိုက်ချုပ်ချုပ်၊ အုပ်အုပ်ဖုံးဖုံး စလုံးကြွေကြွေ မင်သေ့လှလှ ပီသအက္ခရာ မင်းစဉ်စာသို့ သာသနာ ငါးထောင် တည်စေအောင်ဟု စာစောင် နိဿရည်း ဆိုနှုတ်တည်းက ကမ္ဗည်းမကျေမတိမ်တည်း”
ဟု ဖွဲ့ဆိုထား သုံးနှုန်းထားပါသည်။

ရှင်ကုမာရကဿပ (၉၄၃-၉၉၈) ၏ “ဓမ္မရာသီပျို့”တွင်မူ ဤသို့ပါရှိပေ၏။
“ဆင်းရွယ်ပြုပြင် မိန်းမလွင်နှင့်
ဆံပင်မုဆိတ် အမြိတ်ပြင်လစ်
လက်သဉ်းမြစ်သား ကျစ်လစ်ထူးလဉ်
ဆတ္တာသည်က မဲနဉ်သွားဆိုး
မှင်သေ့ထိုးနှင့် ခေါက်ခြိုးကောင်းမွံ
စမ္ပခံကို တတ်ပွန်မွေ့ထွား
လုပ်သူများက"
ဆံပင်မုဆိတ် အမြိတ်ပြင်လစ်
လက်သဉ်းမြစ်သား ကျစ်လစ်ထူးလဉ်
ဆတ္တာသည်က မဲနဉ်သွားဆိုး
မှင်သေ့ထိုးနှင့် ခေါက်ခြိုးကောင်းမွံ
စမ္ပခံကို တတ်ပွန်မွေ့ထွား
လုပ်သူများက"
အသက်မွေးဝမ်းကျောင်းအတတ်ပညာ များစွာတို့အနက် မင်သေ့ထိုးခြင်းကိုလည်း အတတ်ပညာ တပါးအဖြစ် ဖော်ပြထားသည့်အတွက် မင်သေ့ထိုးသောအလေ့ များစွာတွင်ကျယ်နေပြီဟု မှတ်ယူနိုင်ပေသည်။
*****ဆက်ရန်*****
(ဆရာ ဆင်ဖြူကျွန်း အောင်သိန်း ၏ မြန်မာ့ထိုးကွင်း မင်ကြောင် ဓလေ့ကို ဗဟုသုတအလို့ငှာ အခန်းဆက် ပြန်လည် တင်ပြခြင်းဖြစ်ပါသည်။ တစ်ရက် တစ်ပိုင်းဖြတ် တင်ပေးပါမည်။ မူပိုင်မှာ မူလစာရေးသူသာ ဖြစ်ပါသည်။ )
No comments:
Post a Comment