ပြည်ထောင်စုသားတို၏ ထိုးကွင်းမင်ကြောင်
မြန်မာနိုင်ငံတွင် ထိုးကွင်းမင်ကြောင် (မင်သေ့) ထိုးနှံ
ခြင်း ဓလေ့ကို ပုဂံခေတ်က စတင်ခဲ့သည်ဟူသော အယူအဆကို လက်ခံငြားအံ့။ ထိုဓလေ့သည် နှစ်ပေါင်းထောင်ချီပြီး မြန်မာနိုင်ငံတွင် တည်ရှိနေပြီ ဆိုရပေမည်။ ထိုမျှကြာညောင်းသော ကာလအတွင်း၌ မည်သည့်မင်းဆက်တွင် ထိုဓလေ့ကို ပိတ်ပင်တားမြစ်မှု မပြုရုံသာမက နိုင်ငံအကြီးအကဲ ပြည့်ရှင်မင်းများကပါ လေ့လာလိုက်ကာ အားပေးမှု ပြုခဲ့ကြသည်။ ပြည်သူပြည်သား တိုင်းရင်းသားများလည်း ထိုးကွင်း မင်ကြောင်ကို မြတ်မြတ်နိုးနိုး ထိုးနှံခဲ့ကြသည်ကို တွေ့ရ၏။

အင်းဝခေတ် ဆင်ဖြူရှင်သီဟသူ (၇၈၃-၇၀၇) သည်လည်း မင်ထိုးခြင်းကို မြတ်နိုးပုံကို မဏိရတနာပုံကျမ်း၌
“ဆင်ဖြူရှင်ကား အလွန်တင့်တယ်လှပစွာ၏။ လယခွင်ရေးလွှား ကာလည်း တတ်၏။ ဆင်ဖြူရှင် မျက်သုတ်နီ စွန်တော်ဝယ် ပေါက်စံကာ ကတော်မူသည်ကို ထိုအခါဝယ် လူအများတို့သည် တင့်လှနိုး၍ မိမိတို့၏လက်တွင် ကာကဟန် မင်သေ့ထိုးကြကုန်သောဟူ၏”ဟု ဖော်ပြထားသည်ကို တွေ့ရပေ၏။
ထိုမှတဖန် ဟံသာဝတီ ရှင်ဖြူရှင်မင်းတရား (၉၁၂-၉၄၃)လက်ထက်တွင် သံကြီး၊ တမန်ကြီးများပင် မင်သေ့ကို အဘယ်မျှ မြတ်နိုးဂုဏ်ယူကြောင်းကို
“မြန်မာ ရာဇဝင်များအရ ဟံ သာ ဝ တီ ဆင်ဖြူရှင်
လက်ထပ် အက္ကပတ်သို့ သံစေ သည့်အခန်းတွင် ခွေးလင်းစားလည်း ကောင်းမွန်စွာ အဝတ်တန်ဆာတို့ကို ဝတ်၍ ပန်းဆိုးခေါင်းထုပ်နှင့် ပန်းမန်ထူထပ်စွာ ပန်၍ အကျီမဝတ်ပဲ“မင်သေ့”ခါးပြက်ပြက်နှင့် အမွှေးအထုံ လိမ်း၍ တက်၏” ဟု ဆိုသည်
ဟူသော အမှတ်အသားကို တွေရပေသည် ။

သံလျင် ရောက် မင်းတရား (၉၇၁-၉၇၄)မှာမူ မင်သေ့ကိုကိုယ်တိုင် ထိုးနှံရုံသာမက သူ တ ပါး ကို လည်း သူနည်းတူ အပြည့်ထိုးနှံစေရန် သူ၏ “တမျှသက်ကြည် စုနင်းမည်ကို”ချီရတုတွင်
“ဖြိုးမောက်မသင့်၊ ပတ်မမြင့်တည့်၊ ရှေ့နှင့်နောက် သာ၊ နံမှာဖြူရောင်၊ သလင်း တောင်ကို၊ မည်း
အောင်ဖြည့်လေ၊ ပြည့်မှစေလော့၊ မြင်ချေသည်မှု၊
ခြောက်ပြည်သခင်၊ နေလုလင်လည်း၊ သို့ပလွန်ကဲ၊ တင့်ခဲမည်စွ။ မင်းရဲကျော်စွာ၊ မည်သာလွှပေါ်၊ မင်သေ့သော်မူ ၊နံတော်နှစ်ဘက်၊ စွန်းမစက်သည်၊
မယှက်ပတ်လည် ဝေးသေးသည်။
အောင်ဖြည့်လေ၊ ပြည့်မှစေလော့၊ မြင်ချေသည်မှု၊
ခြောက်ပြည်သခင်၊ နေလုလင်လည်း၊ သို့ပလွန်ကဲ၊ တင့်ခဲမည်စွ။ မင်းရဲကျော်စွာ၊ မည်သာလွှပေါ်၊ မင်သေ့သော်မူ ၊နံတော်နှစ်ဘက်၊ စွန်းမစက်သည်၊
မယှက်ပတ်လည် ဝေးသေးသည်။
စသည်ဖြင့် ညီတော် မင်းရဲကျော်တွင် မင်သေ့ အပြည့်မရှိသဖြင့် မင်သေ့အပြည့်ရှိသော အခါကျမှသာ ကျေးစေသဝန်ကို လက်ခံရန် တိုက်တွန်းဟန် ရေးဖွဲ့ခဲ့၏။
ဟံသဝတီရောက်မင်းတရားမဟာဓမ္မရာဇ ဓိပတိ (၁၀၉၅-၁၁၀၃) လက်ထက်တွင် ဘုရင်မင်းမြတ် အလွန် မြတ်နိုးသဖြင့် မြှောက်စားခံရသော စာဆိုဝန်ကြီး ပဒေသရာဇာကလည်း
“ခါးဝန်းပေါ်စ၊ မင်သေ့မြနှင့်၊ သူမျာ့ထက်ထူး၊
အကြူးပင်ကို၊ ဗောင်းနောက်မိုနှင့်၊ ရွှန်းပျိုဖတ် ရွှင်၊ သည်ထိပ်တင်ကို၊ သိချင်ကျွန်မ၊ မေးသည်တည့်လေး”
အကြူးပင်ကို၊ ဗောင်းနောက်မိုနှင့်၊ ရွှန်းပျိုဖတ် ရွှင်၊ သည်ထိပ်တင်ကို၊ သိချင်ကျွန်မ၊ မေးသည်တည့်လေး”
စသည်ဖြင့် ရေလားလူးတပုဒ်တွင် မင်ရှိသူ၏ အလှကို ဖွဲ့စပ်ဆိုခဲ့၏။
ကုန်းဘောင်ခေတ်တွင်ကား အခေါ်အဝေါ် များလည်းရှုပ်ထွေးလာသည်။ အမှတ်အသား အထောက်အထားလည်းများပြားလာသည်။ နောင်တွင် လယ်ကိုင်းဝန် သေနတ်ဝန်ဖြစ်လာမည့် ကင်းဝန်မင်းကြီး အလောင်းအလျာ စာရေး
တော်ကြီး ဦးကောင်းသည် ၁၂၂၃ ခုနှစ်တွင် ရွှေမြို့တော်ဝန် ဦးကိုးအား “ပါးပြင်မှာ မင်ဆေးနှင့် ယဉ်ကျ တဲ့ပုံမူ။ ဓားပြရန်ပယ်ကို နံလွယ်ကာ ကြိုးကြိမ်ပိုက်” အစချီသော လေးချိုးသဖြန်ဖြင့် သရုပ်ဖော်လိုက်ပေသည်။
တော်ကြီး ဦးကောင်းသည် ၁၂၂၃ ခုနှစ်တွင် ရွှေမြို့တော်ဝန် ဦးကိုးအား “ပါးပြင်မှာ မင်ဆေးနှင့် ယဉ်ကျ တဲ့ပုံမူ။ ဓားပြရန်ပယ်ကို နံလွယ်ကာ ကြိုးကြိမ်ပိုက်” အစချီသော လေးချိုးသဖြန်ဖြင့် သရုပ်ဖော်လိုက်ပေသည်။
တဖန် စလေဦးပုညကလည်း“မုတ်ဆိတ်ဖြူစင်ကြင်ငယ်ငုတ်နှင့်” အစချီသော ဇီဝက ဒုံးချင်းတွင် “သုံးရာ့နှစ်ဆယ် ကျွဲအူစင်းနှင့် ဘဲတောင်နှိမ့်နှင့် ခါးပုံဖွဲ့လို့ မင်း တဲ့ ကော်ရစ်ကျော် နှစ်ပေါင်၊ လူပုံအယ် အောင်ကောင်းတဲ့သက်ကြား”ဟု လည်းကောင်း၊ စာဆိုတော် ဦးအင်း ကလည်း အဘိုးအိုရုပ် ဒုံးချင်းတွင် “ရွှေဘိုကုန်းဘောင် တည်ထောင်စက
ဖေးလောင်းဖုရာ့ငယ် ကျွန်ယုံ၊ ဂုဏ်ပြိုင် ရပ်ပြိုင် မဝါကြနှင့်မျို့ ဦးသားစွ ရပ်များနောင်၊ ကော်ရစ်ခါးကြောင် ဆောင်ပုတီးနဲ့ တံတိုကြီးနှင့် ကာလပေါ်” ဟူ၍ လည်းကောင်း စပ်ဆိုခဲ့ကြ၏။
ဖေးလောင်းဖုရာ့ငယ် ကျွန်ယုံ၊ ဂုဏ်ပြိုင် ရပ်ပြိုင် မဝါကြနှင့်မျို့ ဦးသားစွ ရပ်များနောင်၊ ကော်ရစ်ခါးကြောင် ဆောင်ပုတီးနဲ့ တံတိုကြီးနှင့် ကာလပေါ်” ဟူ၍ လည်းကောင်း စပ်ဆိုခဲ့ကြ၏။
ထိုး ကွင်းမင်ကြောင် သည် မင်း ပိုင်း စိုး ပိုင်း တွင် သာ တာစားသည် မဟုတ်ပေ။ ပြည်သူ ပြည်အတွင်း ကျေးလက်အထိ ပျံ့နှံ့လာခဲ့လေသည်။
တောသူ တောင်သား ဆင်း ရဲ သား တို့၏ နယ်မြေသို့ မင်ကြောင်ရောက်ရှိနေပုံကို “ဇာတိချက်ကြွေ တည်နေရင်းက ချင်းတွင်းမြစ်စ ညာအခေါင်” အစချီသော ဒုံးချင်းတွင်
“လွှတ်ရုံးလုလင် အမှန်သိ၊ ဇာတိမင်းနေပျော်ပိုက်ချင်။ မှင်စစစ်ပြင် မှင်ကြောင်ထိုး၊ မိရိုးဖလာ သည်ဓားမကို မချရက်လို့ ခုထက်တိုင်” ဟူ၍ အမည်မသိ စာဆိုတဦးက ရေးဖွဲ့သည့်နည်းတူ သာဝတ္ထိရွာ သိမ့်တကာ “ဦးကြီး” ကလည်းသူ၏ ကိုတောင်သူ လွမ်းချင်းတွင်
“မင်ကော်ရစ်ကယ်နှင့်၊ ကြင်သစ်ကဲ့ပျို့လူ။ ထွန်ရေးငယ်ပူ ကိုတောင်သူ မနက်စာ ကြက်ရောပြင်ဆင်လို့ ထွန်နှင့်မောင်းတဲ့ ဘေကိုလေး”ဟု ဖော်ပြထားပေသည်။
*****ဆက်ရန်*****
(ဆရာ ဆင်ဖြူကျွန်း အောင်သိန်း ၏ မြန်မာ့ထိုးကွင်း မင်ကြောင် ဓလေ့ကို ဗဟုသုတအလို့ငှာ အခန်းဆက် ပြန်လည် တင်ပြခြင်းဖြစ်ပါသည်။ တစ်ရက် တစ်ပိုင်းဖြတ် တင်ပေးပါမည်။ မူပိုင်မှာ မူလစာရေးသူသာ ဖြစ်ပါသည်။ )
No comments:
Post a Comment