Twitter Bird Gadget

Thursday, December 14, 2017

ဂျက်ခ်မားက ပြောတယ်

“ကျေးဇူးပြုပြီး ခင်ဗျားတို့ရဲ့ ကလေးတွေကို ပြောလိုက်ပါ..။ ကမ္ဘာကြီးဟာ နေ့စဉ် ပြောင်းလဲ နေတာပါ။ ဘယ်သူကမှ ဘယ်သူ့ကိုမှ စောင့်နေမှာ မဟုတ်ဘူး ..။

ဓါတ်မီးခြစ် တီထွင်ခဲ့ အပြီးမှာ
ယမ်းမီးခြစ်ဟာ တဖြည်းဖြည်း
မှေးမှိန်သွားခဲ့တယ်..။
ဂဏန်းပေါင်းစက် တီထွင်ခဲ့ အပြီးမှာ ပေသီး တွက်နည်းဟာ တဖြည်းဖြည်း မှေးမှိန်သွား ခဲ့တယ် ..။

ဒစ်ဂျစ်တယ် ကင်မရာတွေ
ပေါ်လာခဲ့တဲ့နောက်
ဖလင်ကင်မရာတွေ  မှေးမှိန်သွား ခဲ့တယ်..။

တိုက်ရိုက်ရောင်းစနစ်..
အင်တာနက်က တဆင့်  ရောင်းတဲ့ စနစ် ပေါ်လာပြီးတဲ့နောက်  ရိုးရာ ဈေးကွက်ရှာဖွေနည်းတွေ မှေးမှိန်သွား ခဲ့တယ်..။

4G စမတ်ဖုန်း ကို မိတ်ဆက်ပြီးတဲ့ နောက်မှာ ကွန်ပြူတာကို ဖွင့်ဖို့တောင် မလိုတော့ဘူး..။

WeChat နဲ့ WhatsApp တွေ
ဖွံ့ဖြိုးလာတဲ့ အခါမှာတော့ အစဉ်အလာ နည်းနဲ့  Text Message ပို့တာတွေ
အရင်လောက် ခေတ် မစားတော့ဘူး..။

ဘယ်သူက ဘယ်သူ့စီးပွားကို သိမ်းပိုက်သွားလို့ ဆိုပြီး
အပြစ်တင် မနေကြပါစို့နဲ့တော့..။

ဒါဟာ အပြောင်းအလဲကြောင့်သာ ဖြစ်ပါတယ်..။

လူတွေဟာ အပြောင်းအလဲကို လက်ခံ လွယ်လာတယ်..။ ပိုပြီး လိုက်လျောညီထွေ ဖြစ်အောင် ပြောင်းလဲနိုင်လာတယ်..။ အတွေးသစ် အကြံသစ်တွေကို လက်ခံ လာကြတယ်..။”

တစ်စုံတစ်ယောက်က ဂျက်ခ်မားကို
“ခင်ဗျားရဲ့ အောင်မြင်မှု လျှို့ဝှက်ချက်က ဘာလဲ” လို့ မေးတဲ့အခါ
“သိပ်ကို ရိုးရှင်းပါတယ်..။ ခင်ဗျားတို့ စောင့်ကြည့်နေတဲ့ အချိန်မှာ ကျွန်တော်က လုပ်နေပါပြီ”…။

ဒါကြောင့်မို့ ပြောင်းပါ..။

အချိန်နဲ့အမျှပြောင်းနေတဲ့ ကမ္ဘာကြီးထဲမှာ မပြောင်းပဲ နေလိုက်ရင် ကျန်ရစ်ခဲ့ လိမ့်မယ်..။ ကိုယ့် အချိန်အတွင်းမှာ ကိုယ် စိုက်တာလေးပဲ ကိုယ် ရိတ်သိမ်းရ မှာပါ..။

အသောက်မက်နေရင် အရက်သမားပဲ ဖြစ်မှာပေါ့..။
အချိန်ရှိသမျှ အပြစ်ချည်းပဲ တင်နေရင်လဲ အပြစ်ဖွဲ့တတ်သူပဲ ဖြစ်လာမှာပေါ့..။
ကိုယ့် ကိုယ်ကို လှပဖို့အတွက် အချိန် သုံးစွဲခဲ့ရင်လဲ လှပတဲ့ လူငယ်
လုံမငယ်လေးတွေ ဖြစ်လာ မှာပေါ့..။
ကျန်းမာရေးအတွက် အချိန် သုံးခဲ့ရင် ကျန်းမာတဲ့ ဘဝကိုပိုင်ဆိုင်နိုင်မှာပေါ့.။
တစ်စုံတစ်ခုကို သေသေချာချာ ရွေးချယ်ခဲ့ရင်လဲ အဓိပ္ပါယ်ရှိသူ ဖြစ်လာမှာပါ..။
သင်ယူရာမှာ အချိန်သုံးစွဲခဲ့ရင်လဲ
ပညာရှိ ဖြစ်လာမှာပါ..။
မိသားစုအတွက် အချိန်ကို သုံးခဲ့မယ် ဆိုရင်လဲ သာယာစိုပြေတဲ့ မိသားစုဘဝကို ပိုင်ဆိုင်နိုင်မှာပါ..။

Credit to Dr. Pacapol Anuria

Credit ကောင်းလွန်း (Myanmar translation)

No comments:

Post a Comment