Twitter Bird Gadget

Sunday, December 10, 2017

ကလေးပြုစုနည်း

ကလေးအပေါ် ပြုမှုဆက်ဆံတဲ့ မိဘ စတိုင် ၃မျိုး
၁) အာဏာရှင် ဆန်ဆန် ပြုမူ
၂) ညှိညှိနှိုင်းနှိုင်း ဆောင်ရွက် ပြုမူ
၃) အလိုလိုက် လွန်

နံပါတ်၁ အမျိုးအစားက စည်းကမ်း တင်းတင်းကျပ်ကျပ် လုပ်တယ် စားချိန် ကစားချိန် စသည်ဖြင့်။ နဲနဲမှားတာနဲ့ အပြစ် ကြီးကြီးပေးတယ်။
ရလဒ်အနေနဲ့ ကလေးက
၁. အမိန့်နာခံတတ်သူ
၂. ယုံကြည်မှုမရှိ
၃. မပျော်ရွင်
၄. ရန်လိုတတ်

နံပါတ်၂ အမျိုးအစားက ကလေး ကို ကောင်း၏ မကောင်း၏ သင့်၏ မသင့်၏ ကို အကျိုးအကြောင်း ပြပြီးမှလမ်းညွှန်တယ်။ သူလုပ်နိုင်မယ့်အလုပ်တွေကို တာဝန်ပေး လက်တွဲခေါ်ကြပ်မတ်ပေး။
ရလဒ်အနေနဲ့
၁.ကိုယ့်ကိုယ်ကို အားကိုးမှုအများဆုံး
၂. ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းရှိ
၃. ရင်းရင်းနှီးနှီးနေတတ်
၄. ပူးပေါင်းဆောင်ရွက်တတ်
၅. ထမြောက်အောင်မြင်မှုမြင့်

နံပါတ်၃ အမျိုးအစားက လိုချင်တာ အားလုံး လိုက်လျောတယ်။မိမိကိုယ်တိုင် စိတ်မရှည်တာကိုဖုံးကွယ်ထားတယ်။
မှားယွင်းတဲ့အပြုအမူကို အပြစ်မပေး။
မကောင်းသောအပြုအမူကို ပြုပြင်ဖို့မကျိုးစားဘူး။
ရလဒ်အနေနဲ့
၁. မှီခိုတတ်
၂. ရင့်ကျက်မှုမရှိ
၃. ရည်မှန်းချက်မရှိ
၄. ကိုယ့်ကိုယ်ကို အားကိုးမှု အနည်းဆုံး
၅. ထိန်ချုပ်မှု အနည်းဆုံး
၆. မပျော်ရွင်မှု အများဆုံး (လိုချင်တာများလို့စိတ်ကျေနပ်မှူမရှိ)

*မိဘတွေအနေနဲ့ ဖေါ်ပြသင့်သောအပြုအမူ*

၁. ကလေး၂နှစ်အထိ ပွေ့ဖက်တာ၊ နမ်းတာ၊ လက်တွဲတာ လုပ်သင့်ပါတယ်။
၂. လိမ္မာကြောင်း တန်းဖိုးထားကြောင်း ပြသရမယ်။
ကလေးရဲ့လုပ်ဆောင်ပေးမှုအတွက် ကျေးဇူးတင် ကြောင်း အသိအမှတ်ပြု ချီးမွမ်းသင့်ပါတယ်။
၃. ကလေးနှင်အတူ အချိန်ကိုအကျိုးရှိအောင် အသုံးချသင့်ပါတယ်။
အတူကစား အတူတူစား အတူတူစကားပြောရပါမယ်။
၄ မိဘစိတ်ထဲ သူတို့အမြဲရှိကြောင်း ပြသရပါမယ်။အပြင်ကပြန်လာရင် လက်ဆောင်များပေးတာမျိုးပါ။
၅. ကလေးအတွက်ဆောင်ရွက်ပေးခြင်း။ သူတို့ပျော်ရွင်စေမယ့် အရာကိုဆောင်ရွက် လုပ်ကိုင်ပေးရပါမယ်။

No comments:

Post a Comment