• ၁၉၅၄- မြန်မာဝန်ကြီးချုပ်ဦးနုက ထိုင်းနိုင်ငံကို ၁၈ ရာစု အယုဒ္ဓယဖျက်ဆီးခဲ့မှုအတွက် တောင်းပန်။
• ၁၉၅၇- ဂျပန်ဝန်ကြီးချုပ်က ဒုတိယကမ္ဘာစစ်က လွန်ကျူးမှုများအတွက် မြန်မာနိုင်ငံကိုတောင်းပန်။
• ၂၀၀၆- ဗြိတိန်ဝန်ကြီးချုပ်က ၁၉ ရာစုမတိုင်မီက ကျွန်ကုန်ကူးခဲ့မှုအတွက် လူမည်းများကိုတောင်းပန်။
• ၂၀၁၀- ဗြိတိန်ဝန်ကြီးချုပ်က ၁၉၇၂ မြောက်အိုင်ယာလန်ဆန္ဒပြသမားများကို ပစ်သတ်ခဲ့မှုအတွက် တောင်းပန်။
• ၂၀၁၃- ဗြိတိန်အစိုးရက ၁၉၅၂-၆၀ ကင်ညာသူပုန်များကို ရက်ရက်စက်စက်နှိမ်နင်းခဲ့မှုအတွက် တောင်းပန်။
• ၁၉၉၅- အမေရိကန်ကာကွယ်ရေးဝန်ကြီးဟောင်း မက္ကနာရားမားက ၁၉၆၃-၇၅ ဗီယက်နမ်စစ်ပွဲအတွက် တောင်းပန်။
• ၁၉၉၈- အမေရိကန်သမ္မတ ကလင်တန်က မိုနီကာလူဝင်းစကီးနဲ့ ကဲခဲ့တဲ့အတွက် အမေရိကန်ပြည်သူများကို တောင်းပန်။
• ၂၀၀၈- အမေရိကန်လွှတ်တော်က လူမည်းများအပေါ် ကျွန်စနစ်ကျင့်သုံးခဲ့မှုအတွက် တောင်းပန်။
• ၂၀၁၀- အမေရိကန်လွှတ်တော်က ဌာနေတိုင်းရင်းသား red indian များကို ဖိနှိပ်လွန်ကျူးခဲ့မှုများအတွက် တောင်းပန်။
• ၂၀၀၈- သြစတြေးလျအစိုးရက ဌာနေတိုင်းရင်းသား aborigine များအပေါ် ဖိနှိပ်လွန်ကျူးခဲ့မှုများအတွက် တောင်းပန်။
• ၁၉၆၅-၉၀- ဂျပန်အစိုးရက တောင်ကိုးရီးယားကို ဒုတိယကမ္ဘာစစ်အတွင်း လွန်ကျူးမှုများအတွက် တောင်းပန်။
• ၁၉၉၅- ဂျပန်ဘုရင်နဲ့ ဝန်ကြီးချုပ်က ဒုတိယကမ္ဘာစစ်မှာ ဂျပန်အခန်းကဏ္ဍအတွက် တကမ္ဘာလုံးကို တောင်းပန်။
• ၁၉၉၅-၂၀၀၀- ဂျပန်အစိုးရက တရုတ်ပြည်အပေါ် ဒုတိယကမ္ဘာစစ်အတွင်း လွန်ကျူးမှုများအတွက် တောင်းပန်။
• ၂၀၁၃- ဂျပန်ဝန်ကြီးချုပ်က နန်ကင်းလူသတ်ပွဲအတွက် တရုတ်ပြည်ကိုတောင်းပန်။
• ၁၉၅၂- ဂျာမဏီအစိုးရက ဒုတိယကမ္ဘာစစ်အတွက် တကမ္ဘာလုံးကိုတောင်းပန်။
• ၁၉၇၀- ဂျာမဏီဝန်ကြီးချုပ်က ဒုတိယကမ္ဘာစစ်အတွင်း ဂျူးများကိုသတ်ခဲ့မှုအတွက် ဒူးထောက်တောင်းပန်။
• ၁၉၉၆- တောင်အာဖရိကသမတဟောင်း ဒီကလပ်က အသားအရောင်ခွဲခြားရေးစနစ်အတွင်း မတရားမှုများ အတွက် တောင်းပန်။
• ၁၉၉၂- ပုပ်ရဟန်းမင်း ဒုတိယမြောက်ဂျွန်ပေါလ်က လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၅၀ ကျော်က သိပ္ပံပညာရှင် ဂါလီလီယိုကို နှိပ်ကွပ်ခဲ့မှုအတွက် တောင်းပန်။
#################################
"ကမ္ဘာကျော် မတောင်းပန်မှုများ"
• ၁၉၆၂- ဂျူလိုင် ၇ ရက် တက္ကသိုလ်ကျောင်းသားများသတ်ပွဲ
• ၁၉၆၇- သြဂုတ် ၁၃ ရက် စစ်တွေမြို့ လူသတ်ပွဲ
• ၁၉၇၄- ဇွန်လ ရန်ကုန်မြို့ အလုပ်သမားသတ်ပွဲ
• ၁၉၇၄- ဒီဇင်ဘာ ရန်ကုန်မြို့ ဦးသန့်ဈာပန ချိုးနှိမ်ပွဲနှင့်လူသတ်ပွဲ
• ၁၉၈၅-၈၇- ငွေစက္ကူ ဓားပြတိုက်မှု
• ၁၉၈၈- မတ်၊ ဇွန်၊ သြဂုတ်၊ စက်တင်ဘာ လူသတ်ပွဲများ
• ၁၉၉၀- ရွေးကောက်ပွဲရလဒ်ဖျက်ဆီးမှု
• ၂၀၀၃- ဒီပဲယင်းလူသတ်ပွဲ
• ၂၀၀၇- စက်တင်ဘာ သံဃာတော်စော်ကား သတ်ဖြတ်ပွဲများ
• ၂၀၀၈- နာဂစ်မုန်တိုင်း ညံ့ဖျင်းမှုနဲ့ ဆန္ဒခံယူပွဲ မဲလိမ်မှု
• ၂၀၁၀- ရွေးကောက်ပွဲမဲခိုးမှုများ
• ၁၉၄၈-၂၀၁၆- ပြည်တွင်းစစ်အတွင်း လူမျိုးပေါင်းစုံပြည်သူလူထုများအား သတ်ဖြတ် မုဒိန်းကျင့်မှုများ
•၂၀၁၅- မတ်လ ကျောင်းသားသပိတ် အား အကြမ်းဖက် ဖြိုခွင်းမှု
Credit ဂါမဏိ
No comments:
Post a Comment