ဥမမယ် စာမမြောက် လူလားမမြောက်ခင် မြင့်မိုရ်ကျေးဇူး ဖခင်ထူးကိုလည်း
ဒီနိူင်ငံအတွက် စွန့်လွတ်ရပြီးပြီ
နိူင်ငံအကျိုးတွက် ကိုယ့်မြေမဖက်ပဲ
ရောက်ရာအရပ် ဉာဏ်ရည်စွမ်းသလောက်
တာဝန်ထမ်းခဲ့တဲ့ မိခင်အိုကိုလည်း
ဒီနိူင်ငံအတွက် ပေးဆပ်ခဲ့ရပြီးပြီ
လူသားတယောက်ပေမယ့် လောကီကာမဂုဏ်စွန့်
မိသားစုဘဝ တွေစွန့် အနာဂတ်တွေအပျက်ခံ
လင်ယောက်ျားကိုလည်း အရှင်ကွဲခံပြီး
ဒီနိူင်ငံအတွက်စတေးခဲ့ပြီးပြ
ရင်နှင့်လွယ်ဖွား ကိုယ့်အသွေးသားတောင်
ဥကိုခွဲ အသိုက်မြုံပျက်ခံကာ
မပဋာ မြေလူး ရင်နင့်ကျူးလျက်လည်း
ဒီနိူင်ငံအတွက် ပေးစွန့်ခဲ့ပြီးပြီ
ရှိသမျှစည်းစိမ် ရာထူးဂုဏ်ဒြပ် ဘာတခုမှ မချန်ပဲ
တတ်သိပညာ ဉာဏ်အမြော်မြင် အလင်းတွေနဲ့
ပတ်ကုတ်ကြိုးရင်း အသက်ကိုလုပ်ကြံ
ယုတ်မာကောက်ကျစ်တာတွေခံရင်း
ဒီနိူင်ငံအတွေက် ပေးဆပ်ခဲ့ပြီးပြီ
ပါးရေ နားရေတွေတွန့် အသက်လည်းရလှပြီမို့
လောကုတ္တရာအရေး ပွားများရမယ့်အရွယ်
တရားဘာဝနာ မပွားအားရှာပဲ စက္ကန့်တွေမခြား
ဒီနိူင်ငံ အတွက် ရွက်သယ်ပိုးပြီးပြီ
တကမ္ဘာလုံးရဲ့ရန် အစွန်းရောက်တွေရဲ့အမုန်း
ဆဲသမျှခံ ပြောသမျှခံ တချက်မညီးညူပဲ
သန်း ၅၀ သောပြည်သူတွေ
လူမွေးပြောင်ကာ အများနဲ့တူတူတန်တန်ဖြစ်ဖို့
ဒီနိူင်ငံအတွက် ပေးဆပ်ခဲ့ပြီးပြီ
အမေ့တွက် ဆုတ်ယုတ်စရာသိက္ခာမရှိသလို
တိုးစရာ ဂုဏ်ပုဒ် မရှိတော့တာမို့
ကောက်ကျစ်ယုတ်မာ စက်ဆုတ်စရာကောင်းတဲ့
တိုက်ခိုက်ထိုးနှက်မှုတွေနဲ့အဝေး
အေးဆေး နေနိူင်လျက်နဲ့
ဒီနိူင်ငံအတွက်
ဒီလူမျိုးတွေအတွက်
ငါ့ဘာသာ .. သူ့ဘာသာ မခွဲ
အယုတ်လတ်မြတ်မရွေး
အသက်ကိုပင် စတေးလျက်
ပေးဆပ်နေရတာကတော့
မတန်ဘူး ထင်တယ် အမေ
ဒီလူမျိုး တွေနဲ့
မတန်ဘူး ထင်တယ် အမေ ။
ခွက်ဒစ်.မူရင်းရေးသားသူ
No comments:
Post a Comment