ကျောင်းသားတွေ က တဲ့ "စစ်ပွဲအလိုမရှိ"ပြဇာတ်တစ်ပုဒ်အတွက်နဲ့တောင် ဂုဏ်သိက္ခာ ထိခိုက်တယ်ဆိုတဲ့ တပ်မတော် the voiceဂျာနယ်ပါ"ကျည်ထောင်စုသစ္စာ" သရော်စာတစ်ပုဒ်ကြောင့်နဲ့တောင် ဂျာနယ်ပိုင်ရှင်နဲ့ စာရေးသူကို စွမ်းစွမ်းတမံ တရားစွဲဆိုခဲ့တဲ့တပ်မတော် ဦးဝင်းထိန်ရဲ့အင်တာဗျူးတစ်ခုကိုတောင် ဆတ်ဆတ်ထိမခံ တုံ့ပြန်ရန်လိုတဲ့တပ်မတော်
ရန်ကုန်ဝန်ကြီးချုပ်ပြောတဲ့ ပရိုတိုကောစကားကြောင့်နဲ့တောင် ချက်ချင်းတောင်းပန်စေခဲ့တဲ့တပ်မတော်
အဲဒီတပ်မတော်က သူ့ရဲ့ အထွဋ်အမြတ်ဖြစ်တဲ့ ကြည်းရေလေ တံဆိပ်ကို
လက်ထဲမှာ မြင်းဆေးရော
ice ရော လက်ပူးလက်ကြပ်မိနေတဲ့
ဆေးသမားတစ်ယောက်က လက်နက်လူသူစုတဲ့နေရာမှာ အလွဲသုံးစားလုပ်ပြီး
သုံးချင်သလို သုံးနေတာကို ဘာမှမတုံ့ပြန်ဘဲငြိမ်ချက်သားကောင်းနေတာကတော့ အလွန်နားလည်ရခက်တဲ့ကိစ္စပါပဲ
တပ်မတော်ဆိုတာ
အရပ်သားပြည်သူတွေအပေါ်
အရပ်သားပြည်သူတွေတင်မြှောက်ထားတဲ့အစိုးရအပေါ် သဘောထားတင်းမာခက်ထန်သလောက်
ကြံ့ဖွတ်ပါတီဝင်ရဲ့အမတ်လောင်းတစ်ယောက်ဖြစ်ခဲ့တဲ့ဆေးသမား သေနတ်သမားတစ်ယောက်အပေါ်မှာတော့
သိပ်ကို မေတ္တာဂရုဏာကြီးမားနေပြီလားဆိုတာ မေးခွန်းထုတ်ချင်စရာပါ
သေနတ်ဆိုတာ သေစေနိုင်တဲ့ပစ္စည်းမျိုးပဲ လူ့အသက်သတ်ဖို့ ထုတ်ထားတဲ့ပစ္စည်းပဲ အဲဒီပစ္စည်းမျိုးကို အတိုရောအရှည်ရော အများအပြား ဝယ်ယူသယ်ဆောင်လျှို့ဝှက် စုဆောင်းနေတဲ့ လူတစ်ယောက်မှာ ဘယ်နည်းနဲ့မှ
ကောင်းတဲ့ရည်ရွယ်ချက် ရှိနေနိုင်မှာ မဟုတ်တာတော့သေချာတယ်
အဲလိုလက်နက်အမျိုးအစား
အဲလောက်လက်နက်အရေအတွက်နဲ့ဆိုတာ စစ်ပွဲအငယ်စားတစ်ခုကိုတောင်
ကောင်းကောင်းကြီး ဆင်နွဲလို့ရနေတဲ့အနေအထားဆိုတာလည်းလူတိုင်းသိမှာပါပဲ
ဆိုတော့....
အဲဒီလက်နက်စုဆောင်းသူ
ဆေးသမားကြံ့ဖွတ်အမတ်လောင်းက ဘယ်သူ့အပေါ် စစ်ပွဲဆင်နွဲဖို့ အကြံရှိပါလိမ့်....?
စနိုက်ပါလို ချောင်းမြောင်းပစ်ခတ်လုပ်ကြံလို့ရတဲ့သေနတ်မျိုး
ကိုယ်ထည်မှာ သေနတ်တပ်ဆင် ပစ်ခတ်လို့ရနေတဲ့ဒရုန်းမျိုး
m16 m4 လိုသေနတ်မျိုး
glockလို ပေါ့ပါးတိကျပစ်ခတ်လို့ရနေတဲ့ပစ္စတိုမျိုးကို ဘယ်နေရာတွေမှာ သုံးမှာပါလိမ့်.....?
ဘယ်ပြည်သူတစ်ယောက်မှ သေနတ်
ကိုင်ဆောင်ခွင့်မရှိတဲ့တိုင်းပြည်မှာ
ရဲမှူးဇော်ခင်အောင် ပြောသလို
အဲဒါ ကိုယ့်ကိုကိုယ်ကာကွယ်ဖို့အတွက်
တော့ မဟုတ်လောက်ဘူး ထင်ပါတယ်
စစ်တပ်ကရော
ကိုယ့်အမှတ်တံဆိပ်ကို ဒီလောက် အလွဲသုံးစားလုပ်နေတဲ့ ဆေးကြောင်ဘဲတစ်ယောက်အပေါ်
ဘာလို့ ဒီလောက်တောင်
သဘောထား ပျော့ပျောင်းနေရတာပါလဲ..?
တရားစွဲဖို့ဆိုတာဝေးလို့ အပြစ်ကလေးတောင်မှမတင် ဘာတုံ့ပြန်ကြေညာချက်မှတောင် ထုတ်မနေဘဲငြိမ်ချက်သားကောင်းနေပုံထောက်ရင်....
စစ်တပ်ရယ် ဖြိုးကိုကိုတင့်ဆန်းရယ်ဆိုတာ တစ်ကျိတ်တည်း တစ်ဉာဏ်တည်းတွေ မဟုတ်လားလို့ပဲ မေးရပါတော့မယ် ထင်ပါတယ်…
#credit
No comments:
Post a Comment