Twitter Bird Gadget

Thursday, October 26, 2017

Responsible use of social media

၂၀ ရာစုတုန်းက အုပ်ချုပ်ရေး ဥပဒေပြုရေး တရားစီရင်ရေး ဆိုတဲ့ ဒီမိုကရေစီရဲ့ မူလ မဏ္ဍိုင် ကြီး ၃ ခု အပြင် မီဒီယာကို ပါ စတုတ္ထ မဏ္ဍိုင် အဖြစ် သတ်မှတ်ခဲ့ ကြပါတယ်။ ဒါကြောင့် တိုင်းကျိုးပြည်ပြု မဏ္ဍိုင် ၃ခု ရှိရာက ၄ ခုဖြစ်လာပါတယ်။

၂၁ ရာစုကို သတင်းနည်းပညာ ခေတ် အဖြစ် သတ်မှတ်ပြီး တော့ အင်တာနက်ကို Fifth Power ပဉ္စမ မဏ္ဍိုင် အနေနဲ့ သတ်မှတ်လာကြ ပြန်ပါတယ်။

ဒါပေမယ့် multimedia ဆိုတာဟာ သုံးတတ်ရင် ဆေး မသုံးတတ်ရင် ဘေးဖြစ်စေတဲ့ အရာတွေဆိုတာကို ၂၀ရာစုကတည်း က လူအများ သိရှိ လက်ခံ ထားပြီး ဖြစ်ပါတယ်။

ဒါကြောင့် အင်တာနက် ခေတ်မှာ မှ မဟုတ်ပါဘူး။ မီဒီယာခေတ် ၂၀ ရာစုကတည်းက multimedia ကို အများပြည်သူ အနှောက်အရှက် မဖြစ်ရအောင် လူမှုအဖွဲ့အစည်းကို အဆိပ်အတောက် မဖြစ်စေဘို့ ကန့်သတ်ထိန်းချုပ်တဲ့ ဥပဒေတွေ အဖွဲ့အစည်းတွေ ရှိပါတယ်။

ဥပမာ Motion Picture Association of America ကနေပြီး သူတို့ နိုင်ငံကနေ ထုတ်လုပ်ဖြန့်ချီတဲ့ ရုပ်ရှင်တွေကို film rating system သတ်မှတ်ပေး ထားပါတယ်။ မြန်မာပြည်မှာ လူသိများတာကတော့ NC17 လို့ခေါ်တဲ့ no child under 17 ရုပ်ရှင်တွေဖြစ်ပါတယ်။ လိင်အသားပေး ဒါမှမဟုတ် ကြောက်စရာကောင်းတဲ့ အခန်းတွေ သွေးထွက်သံယို ဖြစ်တဲ့ အခန်းတွေ များတဲ့ ရုပ်ရှင်မျိုးကို မရင့်ကျက်သေးတဲ့ ကလေးငယ်တွေ မကြည့်သင့်ဘူးလို့ ယူဆ ကြလို့ပါ။

ဒါ့အပြင် အဲဒီလို ရုပ်ရှင်ကားမျိုး ကို ရုပ်သံလိုင်းတွေ ကနေ ထုတ်လွှင့်မယ်ဆိုရင် ည၁၁ နာရီနောက်ပိုင်း မှ လွှင့်ရမယ် ဆိုတာမျိုးတွေ ကန့်သတ်ထားတာ ရှိပါတယ်။

နောက်တမျိုးကတော့ PG13 ဆိုတဲ့ သတ်မှတ်ချက်ပါ။ Parental Guidance under 13 ပါ။ သဘာဝလွန် ဖြစ်ရပ်တွေ အလွန်အကျွံ သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားတွေကို ကလေးတွေ တကယ် ဖြစ်နိုင်တယ် ထင်သွားမှာ စိုးလို့ မိဘ အုပ်ထိန်းမှုနဲ့ ကြည့်ခိုင်း တာပါ။

စင်္ကာပူ နိုင်ငံ မှာလည်း အလားတူ out of bounds marker စနစ်ကိုကျင့်သုံး ပါတယ်။ ဆင်ဆာအဖွဲ့ နဲ့ ကြီးကြပ်ထိန်းချုပ်ပါတယ်။

တခါ ဗီဒီယို ဂိမ်းတွေ ပေါ်လာတော့ Entertainment Software Rating Board ကနေ ပြီး အလားတူ စနစ်မျိုး သတ်မှတ်ပြီး ထိန်းချုပ်ပေး ပါတယ်။ ဥပမာ။ NC16 လို့ အဆင့်သတ်မှတ်ထားတဲ့ ဂိမ်းကို ဆိုင်မှာ သွားဝယ်ရင် မှတ်ပုံတင်ပြပြီး အသက်ပြည့်မှ ဝယ်လို့ရပါတယ်။

တခါ amusement park တွေ public Game Center တွေမှာ လူကြီးတွေ ဆော့တဲ့ ဂိမ်းတွေကို  ကလေးတွေ မဆော့နိုင်အောင် ထိန်းချုပ်ထားပါတယ်။

စင်္ကာပူမှာတော့ လူကြီးတွေ ဆော့တဲ့ NC16 ဂိမ်းကို ဝယ်ပြီး သားကို ပေးဆော့တဲ့  အဖေကို အစိုးရက အရေးယူပါတယ်။

၂၁ ရာစု သတင်းနည်းပညာ ခေတ်မှာ အစိုးရတွေက ခေတ်နဲ့ အညီ social media တွေ online media တွေ online game နဲ့ entertainment တွေကို ကြီးကြပ်ဘို့ cyber act တွေနဲ့ cyber law တွေ ပြဌာန်းထား ပါတယ်။

Online ပေါ်မှာ ကျူးလွန်တဲ့ ပြစ်မှုတွေကို cybercrime လို့ ခေါ်ပြီး cyber police က သီးသန့် ကွပ်ကဲပါတယ်။ လူမျိုးရေး ဘာသာရေး အမုန်းပွားအောင် online ပေါ်က နေ လှုံဆော် တာမျိုး social media ကို အသုံးပြုပြီး လူတဦးတယောက်ကို သိက္ခာချတာ online ပေါ်ကနေ လူတွေကို ငွေလိမ်လည်ယူတာ စတာတွေဟာ cybercrime တွေ ဖြစ်ပါတယ်။

ကလေးသူငယ်နဲ့ လူငယ်တွေ အတွက်ကတော့ social media ကို အသုံးပြုပြီး လူကုန်ကူးတာ ကာမလိမ်လည် ရယူတာ တွေ အများဆုံး ဖြစ်လေ့ရှိပါတယ်။ ဒါမှမဟုတ်ရင်လည်း social media ကို အသုံးပြုပြီး လူငယ်တွေကို မူးယစ်ဆေးဖြန့်ခိုင်းတာ တရားမဝင် ကုန်သွယ်ခိုင်းတာတွေ ရှိပါတယ်။

လူငယ်ချင်း ဖြစ်တဲ့ ပြဿနာကတော့ cyber bullying လို့ ခေါ်တဲ့ လူငယ်တစုက သူတို့ နဲ့ မတည့်တဲ့ မကျေနပ်တဲ့ အခြားလူငယ်တယောက်ကို အနိုင်ကျင့်တာပါ။

ဒီတော့ cybercrime နဲ့ cyber bullying တွေကို ထိန်းချုပ်ရမှာ ဖြစ်ပြီး social media ကို ထိန်းချုပ်တာ မဟုတ်ပါဘူး။ တဘက်ကလည်း community awareness အနေနဲ့ ဥပဒေနဲ့ မဟုတ်ဘဲ လူမှုအဖွဲ့အစည်းကနေ ထိန်းကွပ်တဲ့ responsible use of social media စိတ်ဓါတ်မျိုး ကို ပျိုးထောင်ရမှာ ဖြစ်ပါတယ်။

မဟုတ်ရင်တော့ ကားတိုက်မှာ စိုးရိမ်လို့ ကားပေးမမောင်း ကားပေးမသွင်း ဘဲ ခြေကျင်လျှောက်ခိုင်း သလို ဖြစ်နေ ပါလိမ့်မယ်။

No comments:

Post a Comment