Twitter Bird Gadget

Wednesday, September 13, 2017

မြန်မာနိုင်ငံမှ ရိုဟင်ဂျာအရေး နောက်ကွယ်မှ အမှန်တရား


"The Truth About Myanmar’s Rohingya Issue" ဟု ခေါင်းစဉ်တပ်ထားသည့် စကောလားဆောင်းပါးတစ်ပုဒ်ကို ကမ္ဘာကျော် The Diplomat မဂ္ဂဇင်းကြီးက ဖော်ပြခဲ့သည်။ အဆိုပါ ဆောင်းပါးကို ရေးသားသူမှာ Jasmine Chia ဖြစ်ပြီး သူမသည် Harvard တက္ကသိုလ်တွင် ပညာဆည်းပူးနေသည့် ထိုင်း-စင်ကာပူ ကပြား တစ်ဦးဖြစ်သည်။ သူမသည် အဆိုပါ ဆောင်းပါးကို ရေးသားနိုင်ရန် ရခိုင်ဒေသသို့ သွားရောက်ပြီး ဘင်္ဂါလီလူမျိုးစုများနှင့် ဒေသခံတိုင်းရင်းသားများ၏ လူမူရေး စီးပွားရေး ဘာသာရေး ကိစ္စများကို အချိန်ယူလေ့လာခဲ့သည်။ သူမ၏ လေ့လာတွေ့ရှိချက်များကို ASEAN ဒေသ လူမျိုးရေး ဘာသာရေး သုတေသန စာစောင်တွင် ဖော်ပြခဲ့သည်။
// The Diplomat //
နှစ် ၅၀ ကြာ စစ်အုပ်ချုပ်ရေး ကြုံတွေ့ခဲ့ပြီးနောက် မြန်မာနိုင်ငံသည် ရွေးကောက်ခံ အရပ်သားအုပ်ချုပ်ရေးသို့ နောက်ဆုံးတွင် ပြောင်းလဲနိုင်ခဲ့သည်။ ဒုတိယ လွတ်လပ်ရေးလှုပ်ရှားမှုဟု တင်စားနိုင်သည့် ထိုဖြစ်စဉ်အား ဗြိတိသျှတို့ထံမှ လွတ်လပ်ရေး ရယူရာတွင် ဦးဆောင်ခဲ့သူ ဗိုလ်ချုပ်အောင်ဆန်း၏သမီး ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ခဲ့ခြင်းဖြစ်သည်။
ယခုအချိန်တွင် နိုင်ငံတကာ မီဒီယာများက မြန်မာနိုင်ငံအကြောင်း ဖော်ပြရာ၌ အကြောင်းအရာ တစ်ခုတည်းကိုသာ မီးမောင်းထိုး ဖော်ပြလျက်ရှိပြီး ယင်းမှာ "ဘင်္ဂလီအရေး" ဖြစ်သည်။
နယူးယောက်တိုင်းသတင်းစာမှ နီကိုလက်ခရစ်တော့ဖ်က ဘင်္ဂလီအရေးနှင့် ပတ်သတ်သည့် ယင်း၏ဆောင်းပါးသစ်တွင် "ချစ်ခင်လေးစားခြင်းခံရသည့် နိုဘယ်လ်ဆုရှင်တစ်ဦးက ဒုက္ခသည်စခန်းများအား မည်သို့ စီမံကိုင်တွယ်သည်ကို ကမ္ဘာက မျက်မြင်တွေ့ရတော့မည်ဖြစ်သည်" ဟု အစပြုဖော်ပြခဲ့သည်။

ထောင်သောင်းချီသော ဘင်္ဂလီများသည် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ဒုက္ခသည်စခန်းများတွင် အလွန်နိမ့်ကျသော အခြေအနေဖြင့် နေထိုင်ရလျက်ရှိသည်။ နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာအစိုးရအား ရခိုင်ပြည်နယ်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပြုလုပ်နေသည်ဟု စွပ်စွဲကာ ဝေဖန်ပြစ်တင်လျက်ရှိပြီး ထိုချိုးဖောက်မှုများ အဆုံးသတ်ရန် တောင်းဆိုလျက်ရှိသည်။
သို့သော် ဘင်္ဂလီအရေးနှင့်ပတ်သတ်၍ အစိုးရအား တာဝန်ယူမှုရှိစေရန် နိုင်ငံတကာ အသိုင်းအဝိုင်း၏ တောင်းဆိုမှုများမှာ အမှန်တကယ်အားဖြင့် ဘင်္ဂလီများနှင့် ဗုဒ္ဓဘာသာ ရခိုင်များအကြား တင်းမာမှုများသာ ပိုမိုမြင့်တက်စေသည်။ လက်တွေ့ အခြေအနေအား မှားယွင်းစွာ ပုံဖော်ခံနေရသည်ဟု ယုံကြည်ထားသည့် ရခိုင်တိုင်းရင်းသားများအတွက် ထိုတောင်းဆိုမှုများက မလိုလားမှုများသာ တိုးပွားစေသည်။ ဘင်္ဂလီအရေး နိုင်ငံတကာ၏ ဖော်ပြမှုများမှာ အမှန်တကယ်လည်း မှားယွင်းပုံဖော်မှုများ အများအပြား ရှိနေသည်။
ရခိုင်သမိုင်းကျွမ်းကျင်သူ ဂျက်ပီလိုင်ဒါက "တရားဝင်မှုနဲ့ပတ်သတ်ရင် သမိုင်းကြောင်း၊ လူမျိုးနဲ့ ယဉ်ကျေးမှု အမှတ်သရုပ်တွေက အရေးပါပြီး အလွန်ရှုပ်ထွေးတဲ့ ဘင်္ဂလီအရေးကို ကမ္ဘာအနှံ့က မီဒီယာတွေဟာ လူသားချင်း စာနာထောက်ထားမှုနဲ့ ဥပဒေရေးရာ ရှုထောင့်တွေကပဲ အလွယ်တကူ ချဉ်းကပ်ဖော်ပြလေ့ ရှိပါတယ်" ဟု ပြောကြားခဲ့သည်။
ဘင်္ဂလီသမိုင်းကြောင်းကို လေ့လာကြည့်လျှင် နိုင်ငံတကာက အသုံးပြုလျက်ရှိသည့် "ရိုဟင်ဂျာ" အမည်မှာ လူမျိုးတစ်ခုကို အမှန်တကယ် ဖော်ပြခြင်း မဟုတ်ဘဲ နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် ဖန်တီးထားခြင်း ဖြစ်ကြောင်း တွေ့နိုင်သည်။
ရခိုင်ဒေသ၌ ရခိုင်ဘုရင်များလက်ထက် ၉ ရာစုခန့်ကတည်းက မွတ်ဆလင်များ နေထိုင်လျက်ရှိကြောင်း အထောက်အထားများ ရှိသော်လည်း လက်ရှိ ဘင်္ဂလီဦးရေအများစုမှာ ဗြိတိသျှကိုလိုနီခေတ် ၁၉ ရာစုနောက်ပိုင်း ဝင်ရောက်လာသူများမှ ဆင်းသက်လာသူများ ဖြစ်သည်။ စစ်အစိုးရခေတ် ဖိနှိပ်မှုများနှင့် ပတ်သတ်၍ ထင်ရှားသည့် ဝေဖန်သူတစ်ဦးဖြစ်သော ဘင်နီဒစ်ရော်ဂျာက ရခိုင်ပြည်နယ် မြောက်ပိုင်းမှ မွတ်ဆလင်များသည် ဘင်္ဂလီလူမျိုး အနွယ်ဝင်များ ဖြစ်သည်ဟု ဖော်ပြသည်။
လိုင်ဒါကလည်း ခေတ်ပြိုင် ဘင်္ဂလီသမိုင်းပညာရှင်များက "ရိုဟင်ဂျာ" ဟု သုံးနှုန်းရည်ညွှန်းသည့် အစုအဝေးတွင် အမှန်တကယ်အားဖြင့် ကွဲပြားခြားနားသော လူမျိုးနှင့် ယဉ်ကျေးမှု ဓလေ့ထုံးစံ နောက်ခံများစွာ ပါဝင်နေပြီး လူမျိုးတစ်ခုအဖြစ် တူညီသော အမှတ်သရုပ်ကို ဖော်ပြရန်ခက်ခဲသည်ဟု ဆိုသည်။
ထိုအချက်က ဘင်္ဂလီများ၏ နိုင်ငံသားဖြစ်ခွင့်ကို ငြင်းပယ်နေခြင်း မဟုတ်ပေ။ သို့သော် ယင်းတို့၏ တရားဝင်မှုမှာ လက်ရှိ နားလည်ထားသည်ထက် များစွာရှုပ်ထွေးကြောင်း ဖော်ပြနေသည်။ ဗြိတိသျှ သံတမန်တစ်ဦးက ဘင်္ဂလီအရေးနှင့် ပတ်သတ်၍ "အခြားကိစ္စတွေမှာ မြန်မာလူထုက ခင်ဗျားကို ထောက်ခံနိုင်ပေမယ့် ဒီကိစ္စမှာတော့ အမြင်တူမှာ မဟုတ်ဘူး" ဟု ပြောကြားခဲ့သည်။ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် မြန်မာလူထုအကြား အမြင်ခြားနားခြင်း၏ အကြောင်းရင်းကို ရှာဖွေကာ ဒုက္ခသည်စခန်းများရှိ အခြေအနေများ လက်တွေ့တိုးတက်ရေး အသုံးချလုပ်ဆော်နိုင်ခြင်း ရှိမရှိ မေးခွန်းထုတ်ရမည် ဖြစ်သည်။
ရခိုင်ပြည်နယ်အရေးတွင် တရားဝင်မှုမှာ အဓိက အရေးပါလျက်ရှိသည်။ နိုင်ငံတကာ အသိုင်းအဝိုင်းက "ရိုဟင်ဂျာ" ဟု သုံးနှုန်းခြင်းမှာ ရခိုင်ဒေသတွင် မွတ်ဆလင် အမှတ်သရုပ် တရားဝင်ရေး မရှိမဖြစ်အရေးပါသည်။ ထိုကိစ္စရပ်နှင့် ပတ်သတ်၍ ဘင်္ဂလီသမိုင်းပညာရှင်များ အပြည့်အဝ နားလည်ခြင်းမရှိဟု ဆိုနိုင်သည်။ အလွန်အရေးပါသည့် တရားဝင်မှုနှင့် ပတ်သတ်၍ နိုင်ငံတကာ အသိုင်းအဝိုင်း၏ ချဉ်းကပ်ပုံက ဗုဒ္ဓဘာသာ ရခိုင်များအတွက် အမြင်မှားမှုများ ဖြစ်ပေါ်စေသည်။
ရှစ္စလာ၊ ဝေါ်တန်နှင့် ဒေါ်ဖြူသီတို့ ပြုလုပ်ခဲ့သည့် စစ်တမ်းအရ ရခိုင်ဗုဒ္ဓဘာသာဝင်များသည် မွတ်ဆလင်လွှမ်းမိုးမှုကို အမှန်တကယ် စိုးရိမ်ထိတ်လန့်မှု ရှိကြောင်း တွေ့ရသည်။ မြန်မာလူ့အဖွဲ့အစည်းတွင် ကောလာဟလများက လွှမ်းမိုးနေဆဲ ဖြစ်သည်။
မွတ်ဆလင်များအပေါ် မြန်မာလူထု၏ အမြင်လွဲများမှုကို ဦးကျော်ရင်လှိုင်က မြို့ ၇ မြို့၌ လူ ၅၀၀ ခန့်ကို မေးမြန်း စစ်တမ်းကောက်ယူခဲ့ရာ အမျိုးသားရေး လှုံ့ဆော်မှုများတွင် မွတ်ဆလင်ဆန့်ကျင်ရေးက အဓိက ပါဝင်လျက်ရှိကြောင်း တွေ့ရသည်။ မွတ်ဆလင်များက နိုင်ငံကို အစ္စလာမ်နိုင်ငံအဖြစ် ပြောင်းလဲရန် ကြိုးစားနေသဖြင့် မလိုလားခြင်းဖြစ်သည်ဟု စစ်တမ်းဖြေဆိုသူ ၈၅ ရာခိုင်နှုန်းက ပြောကြားခဲ့သည်။
နယူးယောက်တိုင်းသတင်းဌာနက ဘင်္ဂလီအရေး သတင်းဖော်ပြရာတွင် ရခိုင်တိုင်းရင်းသားများ၏ အသံကို အနည်းငယ်သာ ကြားသိရသည်။ အကြောင်းရင်းကို မေးမြန်းရာတွင် ခရစ်တော့ဖ်က "ပြသ၁နာက သတင်းရှည်ကြီး ဖော်ပြလို့ မရတာဗျ။ ၁၀ မိနစ်ကျော် ဖော်ပြရတာမျိုးဆို သတင်းရှည်လွန်းပြီး ကြည့်သူနည်းသွားတာမျိုး မဖြစ်ချင်ကြဘူး" ဟု ဖြေကြားခဲ့သည်။ ဘင်္ဂလီတို့၏ တရားဝင်ကြောင်း ကြေညာမှုကို ထိုသို့ လက်လွတ်စပယ် ဖော်ပြခြင်းမှာ ပညာရှင် မဆန်သည့်အပြင် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရာတွင် အမှန်တကယ် အဟန့်အတား ဖြစ်စေသည်။
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သူ၏တရားဝင်မှုကို ထိန်းသိမ်းရန် အရေးအကြီးဆုံး ဖြစ်သည်။ ယခုကိစ္စရပ်တွင် ပဋိပက္ခများ တိုးမြင့်စေမည့် မှတ်ချက်မျိုး မပြောသည်ကို နားလည်နိုင်သည်။ ထိုပြသ၁နာမှာ စစ်အစိုးရ ချန်ထားခဲ့သည့် အမွေတစ်ခုသာ မကဘဲ NLD အစိုးရအနေဖြင့် ဘင်္ဂလီအသိုင်းအဝိုင်းအပြင် ရခိုင်ဗုဒ္ဓဘာသာဝင်များနှင့်ပါ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရန် လိုအပ်သည်။
ဗုဒ္ဓဘာသာဝင် အများစုရှိရာ မြန်မာနိုင်ငံတွင်  ဒေါ်အောင်ဆန်းစုကြည်သည် ကြားနေအဖြစ် ရပ်တည်ရန် ခက်ခဲသည်။ လူထုက ဒေါ်အောင်ဆန်းစုကြည်သည် ယင်းတို့၏ဒုက္ခများကို စာနာနားလည်သူဟု ရှုမြင်ထားခြင်းက အရေးပါပြီး ဒုက္ခသည်စခန်းများ၏ လူသားချင်းစာနာမှု အကူအညီများအတွက် ဆွေးနွေးညှိနှိုင်းနိုင်သူ တစ်ဦးဖြစ်လာစေသည်။
ဒေါ်အောင်ဆန်းစုကြည်က "ကာလရှည် တည်ရှိခဲ့တဲ့ ပဋိပက္ခကို အဆုံးသတ်စေချင်ရင် အပေးအယူလုပ်ဖို့ ပြင်ဆင်ထားရမယ်" ဟု ပြောကြားခဲ့ဖူးသည်။
ဒေါ်အောင်ဆန်းစုကြည်၏ လူထုခေါင်းဆောင်အဖြစ် တရားဝင်မှု ပျက်ယွင်းခဲ့ပါက ဘင်္ဂလီပြသ၁နာအတွက် ဆွေးနွေးညှိနှိုင်းမှုအပြင် မြန်မာ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုကိုပါ အဆုံးသတ်သွားစေနိုင်သည်။ ဘင်္ဂလီပြသ၁နာကို ကမ္ဘာက စောင့်ကြည့်နေသော်လည်း အမှန်တကယ် ခံစားရသူမှာ ဒေသခံလူထုဖြစ်သည်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ထိုပြသ၁နာကို ပိုမိုဂရုစိုက်၍ ချဉ်းကပ်ရန် အရေးကြီးသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဘင်္ဂလီများ နိမ့်ကျသည့် အခြေအနေဖြင့် နေထိုင်နေရသည်ကို သိရှိနားလည်ထားသည့် မြန်မာနိုင်ငံသား အများအပြားရှိသည်။ နိုင်ငံကို နေ့ချင်းညချင်း တည်ဆောက်နိုင်မည် မဟုတ်သလို ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ဒုက္ခသည်စခန်းများကိုလည်း နေ့ချင်းညချင်း ဖျက်သိမ်းနိုင်ဦးမည် မဟုတ်ပေ။ အရေးကြီးသည့် အချက်မှာ အသက်အိုးအိမ်များနှင့် ဆက်နွယ်နေသဖြင့် ဉာဏ်ပညာဖြင့် ဂရုပြုကိုင်တွယ်ရန် လိုအပ်ခြင်း ဖြစ်သည်။

No comments:

Post a Comment