Twitter Bird Gadget

Friday, September 15, 2017

အခွင့်အရေးအတွက်စစ်သားလုပ်သူများ

တိုင်းပြည်ကို အလုပ်အကျွေးပြုလိုသည်ထက် ကိုယ်အခွင့်အရေးရဖို့ စစ်ထဲ ဝင်သူတွေ များနေဟု ဆို

ရာစုနှစ်ဝက်မျှ စစ်အာဏာရှင် အုပ်ချုပ်ရေးအား ကြုံတွေ့ခဲ့ရသည့် မြန်မာပြည်သူ များသည် စစ်တပ်အပေါ် ကြောက်ရွံ့မယုံကြည်သည့်အမြင်များ ရှိလျက်ရှိသည်။ သို့သော် စစ်ဘက် အရာရှိတစ်ဦးဖြစ်လိုသူနှင့် မိမိတို့၏ မိသားစုဝင်များအား စစ်ဗိုလ်ဖြစ်စေ ချင်သူလည်း အများအပြားရှိနေသည်။ တိုင်းပြည်၏ နိုင်ငံရေးနှင့် စီးပွားရေး အာဏာများအား ချုပ်ကိုင်ထားဆဲ ဖြစ်သော စစ်တပ်သည် နှစ်စဉ် စစ်တက္ကသိုလ် DSA ၊ တပ်မတော်ဆေးတက္က သိုလ် DSMA နှင့် တပ်မတော် နည်းပညာတက္ကသိုလ် DSTA တို့သို့ တက်ရောက်လိုသူ ထောင်ပေါင်းများစွာ အား နှစ်စဉ်ဆွဲဆောင်လျက်ရှိသည်။

စစ်တက္ကသိုလ် ၃ ခုသို့ တက် ရောက်လိုသူများအား စစ်တပ်မှ တပ်ကြပ်ကြီး တစ်ဦးက ဝင်ခွင့်စာမေးပွဲများအတွက် သင်ကြားပေးလျက်ရှိသည်။ “ဒီ လူငယ်လေးတွေက အတွေ့ အကြုံမရှိတဲ့အတွက် စစ်ဆေးမှုတွေ က အရမ်း ခက်ခဲပါတယ်။ ဒါပေမဲ့ သူ တို့က စိတ်အားထက်သန်နေပါတယ်” ဟု အသက် ၄၈ နှစ်ရှိ တပ်ကြပ်ကြီး ကဆိုသည်။

စစ်တက္ကသိုလ်ဝင်ခွင့်ဖြေ ဆိုရာတွင် ရေးဖြေအပြင် ကိုယ်လက် ကြံ့ခိုင်မှု၊ အသင်း အဖွဲ့စိတ်ဓာတ်၊ ရဲ ဘော်ရဲဘက်စိတ်ဓာတ်နှင့် စိတ်အခြေ အနေ စစ်ဆေးမှုများ၊ အထွေထွေအင် တာဗျူးများပါဝင်သည်။ တပ်ကြပ် ကြီးက “သူတို့ အများစုက စစ်ဗိုလ် ဖြစ်ရတာ အနာဂတ်အတွက် စိတ်ချ ရတဲ့ လမ်းကြောင်း အဖြစ် ယုံကြည် ထားပါတယ်။ အရေအတွက် အတိ အကျမသိပေမဲ့ ဒီနှစ်ရွေးချယ်တာရဲ့ ၂ ဆမက လာလျှောက်ကြပါတယ်” ဟု ပြောကြားခဲ့သည်။

ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးမှုအနည်း ဆုံးနိုင်ငံတစ်ခုဖြစ်ပြီး ပြည်သူအများ အပြားမှာ ဆင်းရဲမှုသတ်မှတ်ချက် အောက်တွင် နေထိုင်နေရသော မြန် မာနိုင်ငံ၌ ဗိုလ်ချုပ်နေဝင်းနှင့် ၎င်းင်းကို ဆက်ခံသူများ၏ စစ်အာဏာရှင် အုပ်ချုပ်ရေး အတွင်း တိုင်းပြည်စီးပွားရေး ၏ ကဏ္ဍအားလုံးအား စစ်တပ်က ထိန်းချုပ်ခဲ့ သည်။ “စစ်အုပ်ချုပ်ရေး ကာလမှာ တိုင်းပြည်ကို အလုပ်အ ကျွေးပြုလိုတာထက် ကိုယ့်အတွက် အခွင့်အရေးရဖို့ စစ်ထဲဝင်သူတွေများ ပါတယ်။ စစ်တပ်က ဆုပေး ဒဏ်ပေး စနစ် ကျင့်သုံးပြီး သူတို့အပေါ်သစ္စာ ရှိရင် ချီးမြှောက်ခံရပါမယ်။ မဟုတ် ရင်တော့ ဒုက္ခတွေ့ရမှာပါ” ဟု ၁၉၇၄ -၇၆ တွင် တပ်မတော် ကာကွယ် ရေးဦးစီးချုပ်အဖြစ် တာဝန်ထမ်းရွက်ခဲ့သော NLD ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးတင်ဦးကပြောကြားသည်။

စစ်တပ်က ကိုယ်ကျိုးစီးပွားအတွက်သာကြည့်ပြီး တိုင်းပြည်ကောင်းကျိုး အတွက် မဟုတ်သည့် လူငယ်များက များနေကြောင်းဟု ၎င်းက ထပ်၍ ပြောကြားခဲ့သည်။

“စစ်တပ်ခေါင်း ဆောင်တွေက နိုင်ငံရဲ့အရင်းအမြစ် တွေကို ရယူရုံမကဘဲ အရာရှိတွေနဲ့ အခြားလူတွေကြားမှာ ခြစားမှုတွေ အမြစ်တွယ်စေခဲ့ပါတယ်” ဟု ဦးတင်ဦးက ထပ်လောင်းပြောကြားခဲ့သည်။

စစ်တပ်က အရပ်သားအစိုးရအား အာဏာလွှဲပေးခဲ့သော်လည်း လုံခြုံ ရေးနှင့် ဆိုင်သော ဝန်ကြီးဌာနများ အား ထိန်းချုပ်ထားခြင်း၊ အစိုးရအဖွဲ့ နှင့် လွှတ်တော် တွင် နေရာရယူထား ခြင်းတို့ ဆက်လက်တည်ရှိနေပြီး အ ခြေခံ ဥပဒေ ပြင်ဆင်ရေး တွင် ဗီတိုအာ ဏာသုံးခွင့်ရှိနေသည်။ စစ်တပ်မှာ အလိုရှိရာ လုပ်ပိုင်ခွင့်ရှိဆဲဖြစ်သည် ဟု ကချင်ဒုက္ခသည်စခန်းများသို့ မ ကြာမီက သွားရောက် ခဲ့သော တက် ကြလှုပ်ရှားသူ ဒေါ်ဖြူအိသိမ်းကဆို သည်။

စစ်တပ်သည် အမျိုးသမီးများအ ပါအဝင် ပြည်သူများအား ပိုမိုဆွဲ ဆောင်နိုင်ရန် လုပ်ဆောင်လျက်ရှိ သည်။ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် စစ်တက္ကသိုလ် တွင် အမျိုးသမီးဗိုလ်လောင်းများ လက်ခံခြင်းအား မနှစ် က အောက်တိုဘာလ တွင်ပြုလုပ်ခဲ့သည်။ ၁၉၅၀ ပြည့် လွန်နှစ်များက စစ်တက္ကသိုလ် တွင် အမျိုးသမီးဗိုလ်လောင်းများ လက်ခံ ခဲ့သော်လည်း ၁၉၆၂-၂၀၁၁ စစ်အုပ် ချုပ်ရေးကာလအတွင်း လက်ခံခြင်း မရှိခဲ့ပေ။ မနှစ်က ဝင်ခွင့်နေရာ ၁၀၀ ခန့်အတွက် အမျိုးသမီး ၁၀၀၀ ကျော် လျှောက်ထားခဲ့သည်။

ပထမအသုတ် အမျိုးသမီးဗိုလ်လောင်းများမှာ  မကြာသေးမီက သင်တန်းဆင်း ခဲ့သည်။ သင်တန်းဆင်းပွဲသို့ တက်ရောက်လာသော ဗိုလ်လောင်း မိခင်တစ်ဦး က “သမီးအတွက် စိတ်ပူစရာ မလိုတော့ပါဘူး။ အနည်းဆုံး တော့ သူ့အနာဂတ် က တည်တည် ငြိမ်ငြိမ်ဖြစ်သွားပါမယ်” ဟုဆိုသည်။

သို့သော် အလုပ်အကိုင် လုံခြုံ စိတ်ချရမှုကြောင့် စစ်ထဲဝင်ခြင်းအပေါ် သဘောမတူသူများရှိပြီး တက္က သိုလ် ပထမနှစ်ကျောင်းသားတစ်ဦး က “ကျွန်တော် ဘာလို့ စစ်ထဲဝင်ရမှာ လဲ။ ဒါ အလွယ်လမ်းဆိုတာ သိနေတာပဲ” ဟုပြောကြားခဲ့သည်။

စစ်တပ်မှာ အချို့ လူငယ်များအတွက် အကောင်းဆုံး နေရာ ဖြစ်သည်ဟု ယူဆ သူများလည်းရှိ သည်။ ရန်ကုန်မြို့မှ အသက် ၅၃ နှစ် အရွယ် ကျူရှင်ဆရာ တစ်ဦး က “အ ရမ်းဆိုးတဲ့သားက အခု ဗိုလ်ကြီးဖြစ် နေပါပြီ။ တကယ်လို့ စစ်ထဲမဝင်ခဲ့ ရင် လူဆိုးလူမိုက်ဖြစ်မလား၊ သူ တောင်းစားဖြစ်မလား မပြောနိုင်ပါ ဘူး” ဟု ပြောကြားခဲ့သည်။

KHTun
Ref - The Nation

The Ladies News Journal

No comments:

Post a Comment